``မကွေးမြို့၊ တိုင်းဆေးရုံကြီးတွင် ဆေးကုသနေရသော သတင်းထောက် ပိုင်ဇေ(မကွေး) (ခ) ရေနံ့သာရဲထွန်း ကို ဟစ်တိုင်ဂျာနယ်CEO နှင့် သတင်းထောက်အဖွဲ့မှ ငွေ တစ်သိန်းခြောက်သောင်းလှူဒါန်း´´



မကွေး၊ နိုဝင်ဘာ ၁၅။
မကွေးတိုင်းဒေသကြီး ဆေးရုံကြီး၌ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်၍ ဘယ်ဘက်ပေါင်ကျိုးသွားသော သတင်းထောက် ပိုင်ဇေ(မကွေး)(ခ) ရေနံ့သာ ရဲထွန်း ကို ဟစ်တိုင်ဂျာနယ်CEO နှင့် သတင်းထောက်အဖွဲ့မှ ငွေ တစ်သိန်းခြောက်သောင်းလှူဒါန်းငွေများအား ၂၀၁၄၊ နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဟစ်တိုင် ဂျာနယ်သတင်းထောက် မကွေး လှမြင့် က လူနာရှင်၏ အိမ်သို့ သွားရောက်ပေးအပ် ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

`` ဟစ်တိုင်ဂျာနယ် နှစ်ပတ်လည်အခန်းအနားမှာ ပိုင်ဇေ(မကွေး) ကိစ္စပြောလိုက်တယ်၊ ဟစ်တိုဂျာနယ် CEO ဦးကိုလေးက တစ်သိန်း၊ ဦးမိုးမြင့် အယ်/ချုပ်က တစ်သောင်း၊ ဟင်္သာ(တောင်တွင်းကြီး)က တစ်သောင်း၊ ပေါက်ကလေး(သရက်) က ငါးထောင်၊ သီဟ ဟန်ငြိမ်း(ရန်ကုန်)၊ ဒီလှိုင်း(ချောက်)၊ ပုဂံသူရဲကောင်း- ဦးမြင့်အေး၊ ဖိုးဇော်(မြောင်းမြ)၊ ဘဦး (အဖြူရောင်လွင်ပြင်)၊  မကွေးလှမြင့် နဲ့ အမည်အသိ သတင်းထောက်တစ်ဦး တို့က ငါးထောင်ကျပ်စီ စုစုပေါင်း တစ်သိန်းခြောက်သောင်းကျပ် လှူဒါန်းငွေများကို ဟစ်တိုင်သတင်းထောက် ရေနံ့သာရဲထွန်း(ခ) ပိုင်ဇေ(မကွေး) ဆီကို အိမ်အရောက် လာပေးတာပါ´´။ ဟု မကွေးလှမြင့် က မြေလတ်မီဒီယာကိုပြောသည်။

          ပိုင်ဇေ(မကွေး)သည် ၂၀၁၄၊ နိုဝင်ဘာ ၄ ရက်၊ နေ့လည် ၁း၃၀ နာရီအချိန်ခန့်တွင် ပဒါန်းအုပ်ချုပ်ရေးမှူး မှ သတင်းယူလာရန် ဖိတ်ကြားချက်အရ ဆိုင်ကယ်ဖြင့် သတင်းထောက် မျိုးလှိုင်ဝင်း(မင်းဘူး)ကို ဆိုင်ကယ်၏ နောက်မှတင်၍ပဒါန်းရွာသို့သွားခဲ့ကြောင်း၊ မင်းဘူး- ငဖဲ လမ်း၊ ပျော်ဘွယ်ရွာအနီး တံတားရေကျော်အရောက်တွင် ၎င်း တို့ရှေ့မှ ကားကြီးက ဘရိတ်အုပ်လိုက်၍ ကားကြီးနောက်မှ ၀င်မတိုက်အောင် လမ်း၏ ဘေးသို့ဆွဲချလိုက် ကြောင်း၊ ထိုစဉ် ဆိုင်ကယ်နှစ် သတင်းထောက်နှစ်ယောက်မှာ လမ်းဘေးချောက် နှစ်ငါးပေခန့် အနက်ထဲသို့ ထိုးကျသွားကြောင်း၊ သတင်းထောက် မျိုးလှိုင်ဝင်း(မင်းဘူး)မှာ ပွန်းပဲ့သွားယုံသာ ဒဏ်ရာရကြောင်း၊ ပိုင်ဇေ (မကွေး) မှ ဘယ်ဘယ်ပေါင်ကျိုးသွား၍ ၎င်းနေရာမှ မကွေးတိုင်းဆေးရုံကြီးသို့ ပဒါန်းမှ နာရေးကူညီမှု အသင်း ကားကို သုံးသောင်းငါးထောင်ကျပ် ဖြင့်ငှား၍ သယ်ဆောင်လာရကြောင်း၊ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦး မကွေးတိုင်းဆေးရုံသို့ လာရောက်ပြီး လူနာ ပိုင်ဇေ ထံသို့ စစ်ချက်လာယူပြီး အမှုဖွင့်ထားကြောင်း၊ မည်သည့်ပြစ်မှု ပုဒ်မ ဖြင့် အမှုဖွင့်ထားကြောင်း  မသိရသေးကြောင်း သတင်းထောက် ပိုင်ဇေ(မကွေး) က သတင်းထောက် မကွေးလှမြင့် နှင့် မြေလတ်မီဒီယာ ကိုပြောပြသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: