``မကွေးမြို့၊ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံအား ပုဂ္ဂလိကလုပ်ငန်းရှင်မှ အကျိုးတူပူးပေါင်းကိစ္စ အကြိတ်အနယ်ဆွေးနွေးကြ၊ ဆက်လုပ်လျှင် ကန့်ကွက်သူများမှ ဆန္ဒပြမည်ဆို´´



မကွေး၊ နိုဝင်ဘာ ၇ ။
         
မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက ၁ လမ်း၊ မြို့တော်ခမ်းမ၌ ၂၀၁၄၊ နိုဝင်ဘာ ၇၊ နံနက် ၁၀ မှ နေ့၂ နာရီအချိန်ခန့်အထိ မကွေးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ နှင့် ကန့်ကွက်လွှာတင်သူ သုံးဦးနှင့် မကွေးတိုင်း/မြို့နယ်NLDပါတီ၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့် (မကွေး) တို့သည် မကွေးမြို့၊ စည်ပင်သာယာပိုင် ကျောက်တိုင်ပန်းခြံအား ပုဂ္ဂလိကလုပ်ငန်းရှင်မှ အကျိုးတူ ပူးပေါင်း၍ ရေပန်းကန်၊ ရေကူးကန်၊ ခေတ်မီကလေးအားကစားကွင်းနှင့် မြေယာရှုခင်းများဆောင်ရွက်ရန်အတွက် နှစ်ရှည်ငှါးရမ်းရန် စီမံချက်ကို အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးကြကြောင်း မြေလတ်မီဒီယာ က သတင်းရယူ ခဲ့သည်။


          ဖြစ်စဉ်မှာ ၎င်းကိစ္စအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်း ၁၄ ခုခေါင်းစဉ်ဖြင့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ခုနှစ်ရာကျော်ခန့် ကုန်ကျမည့် လုပ်ငန်းများကို ပုဂ္ဂလိကသို့ဆောင်ရွက်ခွင့် နှစ်ရှည်ငှားရမ်း ခွင့်ပြုရန် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဝင်း၏ သားဖြစ်သူ ဦးသူရမှ လုပ်ကိုင်ခွင့် အဆိုပြု လျှောက်လွှာဖြင့် စည်ပင်သာယာကော်မတီသို့ အောက်တိုဘာလတွင် တင်သွင်းခဲ့ကြောင်း၊ အဆိုပါ လျှောက်လွှာတင်သွင်းချက်ကို အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံး ကန့်ကွက်နိုင်ကြောင်း စည်ပင်သာယာရုံးမှ ကြော်ငြာခဲ့ကြောင်း၊ ၎င်းကြော်ငြာကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ၎င်း ကျောက်တိုင်ပန်းခြံသည် လွတ်လပ် ရေးကျောက်တိုင်ပန်းခြံဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များထံသို့ လုပ်ကိုင်ခွင့်မပြုနိုင်ကြောင်း ဦးဇော်မင်းထိုက်၊ ဦးစိုးမိုး (ဥက္ကဋ္ဌ မကွေးမြို့နယ်NLD ပါတီ) နှင့် ဦးထွန်း တို့သုံးဦးမှ ပြီးခဲ့သော အောက်တိုဘာ ၃၀ ရက်နေ့မှာ အသီးသီး ကန့်ကွက်စာတင်ခဲ့ကြောင်း၊ ထိုကိစ္စအား  နိုဝင်ဘာ ၇ ရက်နေ့တွင် မကွေးမြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးဦးဆောင်၍ မကွေးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြိုနယ်စည်ပင်သာယာရေးကော်မတီသုံးခု ကော်သုံးကော်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းမီဒီယာများနှင့် စုစုပေါင်း ငါးဆယ်ဦးခန့်တက်ရောက်ကြောင်း သိရသည်။


`` ဒီလုပ်ငန်းအား ကန့်ကွက်လွှာတင်ဖို့ ရပ်ကွက်တွေမှာကြော်ငြာကပ်တယ်ပြောပါတယ်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွေ သွားမေးကြည့်တာ လုံးဝမတွေ့ရပါဘူး၊ ခင်ဗျားတို့လုပ်တာက သက္ကယ်ရိုးနဲ့ ခေါင်းလောင်းထိုး နေသလို ဖြစ်နေပါတယ်၊ ဒီကိစ္စကို လုံးဝကန့်ကွက်ပါတယ်၊ ဆက်လက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ ကော်မတီနဲ့အတူ ဘုန်းကြီးတွေပါ ဆန္ဒပြကန့်ကွက် ကြပါလိမ့်မယ်။´´ဟု ကန့်ကွက်သူ ဦးစိုးမိုး ဥက္ကဋ္ဌ၊ မကွေးမြို့နယ်NLDပါတီ က ၎င်းဆွေးနွေးပွဲတွင် ပြောသည်။


 အလားတူ ဦးနေမျိုးကျော် အတွင်းရေးမှူး မကွေးတိုင်းNLDပါတီကလည်း ``မကွေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ မညီတဲ့ ဒီကိစ္စကိုဆက်လက်လုပ်မယ်ဆိုရင် လုံးဝ လက်မခံပါဘူး၊ ဒါ အမျိုးသားဒီမို ကရေစီတစ်ဖွဲ့တည်းအနေနဲ့ ပြောဆိုနေတာမဟုတ်ပါဘူး၊ အရပ်ဖက်လူမှုရေးအဖွဲ့တွေရော ၈၈ အဖွဲ့တွေရော ကန့်ကွက်ရေးကော်မတီ(၂၁)ဦးဖွဲ့စည်းပြီးပါပြီ၊ အများလူထုဆန္ဒလက်မှတ်တွေနဲ့ ဒီကိစ္စကို လွှတ်တော်အထိ ဆက်လက်တင်ပြ တားမြစ်သွားမှာပါ´´။ဟု ဦးနေမျိုးကျော်မှ ပြောသည်။

          ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)အဖွဲ့မှ ကိုမောင်မောင်စိုး နှင့် ကိုသန်းထွန်းအောင် တို့ကလည်း လုံးဝ ကန့်ကွက်ကြောင်း၊ ဒီလုပ်ငန်းကို ထောက်ခံသော ကော်မတီသုံးခု၊ ကော်သုံးကော်ဖြင့် တွေ့ဆုံလိုပါကြောင်း၊ ယနေ့တက်ရောက်သူများ ထ၍မိတ်ဆက်ပေးစေလိုကြောင်း၊ကျွန်တော်တို့အဖွဲ့အနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက် မည့် လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဖော်ရှိုးလုပ်နေတာမဟုတ်ပါကြောင်း ဆွေးနွေးကြသည်။ ကန့် ကွက်သောဖက်မှ ဆွေးနွေးသူ ကိုးဦးရှိကြောင်းသိရသည်။ ယခုလုပ်ငန်းကို ထောက်ခံခဲ့သော ကော်မတီသုံးခု ကော်သုံးကော်ဆိုသည်မှာ လက်ရှိအစိုးရအုပ်ချုပ်ရေးအဖွဲ့မှ စိတ်ကြိုက် ခန့်ထားသူများသာဖြစ်နေပါကြောင်း၊  လူထုစိတ်ကြိုက်ရွေးချယ်ထားခြင်းမဟုတ်ကြောင်း ဦးစိုးမိုး က နောက်ဆုံးအပိတ်စကားဖြင့် ပြောကြားခဲ့သည်။

          ယခုကိစ္စသည် မြိုနယ်အဆင့်သာ ချပြဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဒီကိစ္စအောင်မြင်ရန်  လုပ် ငန်းရှင် ကို အရင်ရှာပြီးမှ လက်ဆုပ်လက်ကိုင် လုပ်မည့်သူရှိမှ ချပြခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတွေကို အပြီးပေးဆောင်ပြီး မဟုတ်ပါကြောင်း၊ ယခုလျှောက်ထားသူအပြင် အခြားနိုင်ငံသားများလည်း တင်ဒါလျှောက်နိုင်အောင် ခွင့်ပြုချက်အတည်ဖြစ်လာရင် သတင်းစာတွေမှာလည်း ကြော်ငြာထည့်မည်ဖြစ်ပါကြောင်း၊ စည်ပင်သာယာဌာန အနေဖြင့် မိမိရငွေ၊ ၀င်ငွေများဖြင့်သာ ရပ်တည်လုပ်ကိုင်ရသောဌာန ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့ငွေကို ဘတ်ဂျက်တောင်းခံ၍ မရပါကြောင်း၊ ဒီစီမံချက်ကိုလည်း ခရိုင်အဆင့်သို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း၊ ကန့်ကွက်ရန် ကြော်ငြာကိစ္စ မှာ သက္ကယ်ရိုးနှင့် ခေါင်းလောင်းထိုး သည်ဆို သော စကားကို မခံနိုင်ကြောင်း၊ မဟုတ်ပါ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ကြော်ငြာစာ လက်မှတ်ထိုးပြီး စာပို့ထားကြောင်း စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင် မှ အသေးစိတ် ပြန်လည်ရှင်းပြ ကြောင်း၊ စည်ပင်သာ ယာရေးကော်မတီမှ ယခုလုပ်မည်ဖြစ်သောကိစ္စကို တက်ရောက်လာသော ရပ်ကွက်အုပ်ချုပ် ရေးမှူးများ နှင့် ကော်မတီသုံးခု မှ ထောက်ခံကြကြောင်း၊ ၎င်းလုပ်ငန်းအား တိကျသော ဆုံးဖြတ်ချက် အဖြေမရသေးကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 


 

0 comments: