ပခုက္ကူမြို့နယ် မြစ်ချေကျေးရွာအုပ်စု သိမ်တော်ကျေးရွာ မဟာရှင်ပင်ရွှေကူကြီးဘုရား မြေငလျင်ကြောင့် စိန်ဖူးတော်မြေခ

၂၀၁၄ နိုဝင်ဘာ ၁၇ ရ က် နံနက် ၁၁း၀၄ နာရီအချိန် မန္တလေးမြေငလျင် စခန်း၏ အနောက်တောင်ဘက် မိုင် ၁၄၀ ခန့်အကွာ
မြန်မာနိုင်ငံအတွင်း အနောက်နှင့် အနောက်တောင်ဘက် မိုင်၃၀ ကွာခန့်တွင် ဗဟိုပြု၍ စကေး ၅.၄ ရှိမြေငလျင်လှုပ်ခဲ့ရာ ပခုက္ကူမြို့၌ တစ်ဆယ်စက္ကန့်ကြာ ငလျင်လှုပ်ခဲ့ကြောင်း မိုးဇလဌာနမှ သတင်းထုတ်ပြန်သည်။
ထို့ကြောင့် ပခုက္ကူမြို့နယ် မြစ်ချေကျေးအပ်စု အနောက်ဘက် နှစ်မိုင်ကွာ သိမ်တော်ကျေးရွာ ရွှေကူကြီးဘုန်းတော်ကြီးကျောင်းအတွင်းမှ မဟာရွှေကူကြီးဘုရား ( ဥာဏ်တော်အမြင့် ၈၆ ပေ ၉ လက်မ) ဘုရား၏ အရှည်
(၁၀)လက်မ လုံးပတ်(၁၀)လက်မရှိ  စိန်ဖူးတော်မှာ ၁၁း၃၀ နာရီအချိန်ခန့်တွင် မြေကျခဲ့၍ တွေ့ရှိသူ သိမ်တော်ရွာသား တောင်သူ ဦးမြင့်စန်း ၄၅ နှစ်က ၎င်းစိန်ဖူးတော်အား နေ့ ၁၂း၃၀ နာရီတွင် ဘုရားဂေါပက ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့်အဖွဲ့ကို အပ်နှံကြောင်း စိန်ဖူးတော်ကို ရွှေကူကြီးဘုရား ပြတိုက်အတွင်းမှ မှန်သေတ္တာအတွင်း၌ သော့ခပ်၍ သိမ်းဆည်းထားကြောင်း ၎င်းစိန်ဖူးတော်၏တန်ဘိုးမှာ ငွေကျပ် ငါးသိန်းခန့်ရှိပြီး ဆုံးရှုံးမှု နှစ်သိန်းခန့်ဖြစ်ကြောင်း သိရသည်။
မဟာရှင်ပင်ရွှေကူကြီးဘုရားကို ကောဇာသက္ကရာဇ်(၆၀၀) ခန့်က ကျစွာမင်းကြီး၏ သမီး သံပြင်မင်းသမီးတည်ထားခဲ့ကြောင်း ဂေါပက ဦးကျော်ဝင်း ကပြောသည်။
ဝိုင်းအောာင်
မကွေး ဖုန်း ၀၉ ၄၄၀၂၂၅၁၀၀
 

0 comments: