၁၁-၄-၂၀၁၂ ` ခလုတ်ထိတော့ အမိတကြတယ်။ ကြောက်အားကြီးရင်လည်း မှားတတ်သည်။´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၁-၄-၂၀၁၂) ၁၁-၄-၂၀၁၂ ` ခလုတ်ထိတော့ အမိတကြတယ်။ ကြောက်အားကြီးရင်လည်း မှားတတ်သည်။´ နံနက်(၃)နာရီ အစောကြီးအိပ်ယာမှ နိုးနေတယ်။ ပြန်အိပ်တယ်။ မရပါ။ ဒါကြောင့် အိပ်ယာမှ ထလိုက်တော့တယ်။ ခါတိုင်းလို သရဏံဂုဏ် သုံးပါး သိဒ္ဓိရေစင်၊ သစ္စာမေတ္တာဆရာတော်ဘုရားကြီးရဲ့သိဒ္ဓိရေစင်တို့နဲ့ မျက်နှာသစ်ပါတယ်။ သောက်သုံးပါတယ်။ ခါတိုင်းတောင်းနေကြ ဆုတောင်းများအပြင် ` ကျွန်တော် ရွှေလမ်းငွေလမ်းဝင်းကြည် ကလောင်အမည်၊ ဘလော့ဂါအမည်များနှင့် ၀ိုင်းကြည်အောင် ကလောင်အမည်များကို အခြား မနာလိုသူများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်တန်းထားသော ကိစ္စများမှာ ပိန်းကြာရွက်ပေါ်သို့ ရေမတင်ဘိ သကဲ့သို့ အမြန်ဆုံး လွှင့်စက် ကင်းပြောက်စေနိုင်သော သိဒ္ဓိရေစင်များ ဖြစ်ပါစေသတည်း…။´ ဟု ထူးခြားစွာ ဆုတောင်းလိုက်မိပါတယ်။ ဈေးဆိုင်ကိုလည်း စောစောဖွင့်ပါတယ်။ ကာကူး(ခ) စောလှနွယ် သတင်းသမားရောက်လာပြန်တယ်။ ဆရာကိစ္စ သေခြာတယ်။ စာကလည်း နှစ်စောင်ရောက်နေတယ်။ တစ်စောင်က မကွေးမြို့ခံတစ်ဦး ဆိုပြီး ပစ်စာတဲ့။ တစ်စောင်ကတော့ ဘိုင်နိမ်းနဲ့ အုပ်ချုပ်ရေးမှူး တဲ့။ သူ့စာက ဆရာတို့ ကိုနေခြည်ကို ရပ်ကွက်ကော်မရှင်ဝင် အဖြစ်က ထုတ်ပစ်ကြောင်း ရေးတဲ့ သတင်းကိစ္စလို့ သိရပါတယ်။ ပစ်စာကတော့ ရွှေလမ်းငွေလမ်းဝင်းကြည် ဘလော့ဂါတစ်ဦးက မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ အစိုးရမကောင်းကြောင်းများကို ရေးသား ပြောဆိုနေသူဖြစ်ကြောင်း စတဲ့ အချက်တွေပါတယ်လို့ ကားကူးမှ ပြောပြနေပါတယ်။ ကျွန်တော်လည်း ဟာ ဟုတ်လား။ ငါ့ကိုခေါ်ပြီး စစ်ဆေးကိုင်တွယ်မယ်ဆိုရင်တော့ ငါက လုံးဝမခံဘူးနော်။ ငါစုံစမ်းသိရှိထားတာတွေကို ဘိုင်နိမ်းနဲ့ စာရေးတင်ပြီး နိုင်ငံတော် သမ္မတကြီးထံ တိုင်စာပို့လိုက်မယ် လို့ ကြောက်ကန် ကန်ပြီး ပြောမိပါတယ်။ ကာကူးလည်း စကားပြောဆိုပြီး ပြန်သွားတယ်။ သူပြန်သွားပြီး မကြာခင်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သမ၀ါယမ ၀န်ကြီးရဲ့ ပီအေဖြစ်သူ ကိုမျိုးဇော်၊ စာရေးဆရာမနော်လီကိုတို့ လင်မယားနှစ်ယောက် ရောက်လာပါတယ်။ ` မနေ့က ကားကူး(ခ) စောလှနွယ် ဆရာကိစ္စဆိုပြီး ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး အစိုးရရုံးကိုရောက်လာပါတယ်။ ဘာမှ မစားရသေးဘူးဆိုလို့ ရုံးထဲက ဆိုင်မှာ ထမင်းသုတ်နဲ့ ငါးကျော်နှစ်ကောင် ကျွေးလိုက်ရပါတယ်။ စားပြီးတန်းပြန်သွားပါတယ်။ ဘယ်သူနဲ့မှ မတွေ့ပါဘူး။ ဆရာကိစ္စဆိုပြီး ကျွန်တော်ကို ဘာမှလည်း ပြောမသွားဘူးဆရာ..။´ ဟု ပြောပါတယ်။ ကျွန်တော်လည်း မနေ့က အဖြစ်စုံကို ပြန်လည်ပြောဆိုလိုက်ပါတယ်။ အဲဒီတော့မှ ဆရာပြောတဲ့ ဒီဖုန်း နံပါတ်(၂၈၀၅၂) က ရုံးဖုန်းမဟုတ်ပါ။ အပြင်က ဖုန်းတွေပါလို့ ကိုမျိုးဇော်မှ ပြန်ပြောပါတယ်။ သူတို့လင်မယား ပြန်သွားတော့ အဲဒီဖုန်းကို ကျွန်တော်မေးကြည့်ပါတယ်။ သိင်္ဂါရပ်ကွက်ထဲက ဦးရွှေ ပုထိမ်ဆိုင်နားက ဖြစ်ကြောင်း သတင်းရရှိလိုက်ပါတယ်။ နောက် အဲဒီရပ်ကွက်နဲ့ ဆက်စပ်တဲ့ သူ စာရေးဆရာတစ်ဦးကို စဉ်းစားလိုက်ပါတယ်။ ကျွန်တော်ကို မုန်းနေသူ စာရေးဆရာ ချွန်တွန်း ဖြစ်ပါမည်။ သူ့က သူ့ကိုသူ ဘွဲ့ရရှေ့နေတစ်ဦးပါ။ ဒါပေမယ့် ရှေ့နေလိုက်စားနိုင်သူ မဟုတ်ပါ။ လွယ်အိပ်တစ်လုံးဖြင့် ရွာရိုးကိုးပေါက်လျှောက်လည်ပြီး သူများကျွေးတာစား၊ ပေးတာယူနေသူ တစ်ဦးဖြစ်ပါတယ်။ သူများအားကိုး ကိုယ်အားညွှိး ဆိုသူဖြစ်နေပါတယ်။ ထိုသူ တိုင်တာလို့လည်း ကာကူးမှ ပြောဆိုထားပါတယ်။ ကျွန်တော်နဲ့ ကိုနေခြည်တို့ကို အမြဲမနာလို ဖြစ်နေသူမှာလည်း သူသာ ဖြစ်ပါတယ်လို့ စဉ်းစားလိုက်မှ အဖြေပေါ်လာပါတယ်။ သူက တိုင်စားတောစာတွေကိုလည်း အခကြေးငွေယူပြီး ရေးစားနေသူလည်းဖြစ်ပါတယ်။ ယခု သူတိုင်ထားတဲ့ ကိစ္စကကြာနေပြီး ဘာမှ အကြောင်းမထူးလို့ သူ့လူတစ်ယောက်နဲ့ ကျွန်တော်အိမ်ကို ဖုန်းဆက်ခိုင်းကြောင်း ဇာတ်ရည်လည်အောင် စဉ်းစားလိုက်မိပါတယ်။ ဒီကိစ္စကို သိသိချင်းပဲ ကိုနေခြည်ကို ပြေးပြီးပြောပါတယ်။ ကျွန်တော်က အဲဒီကိစ္စကို ဖုန်းဆက်တဲ့ အိမ်ကိုသွားပြီး အပြတ်ရှင်းဖို့ သက်သေခေါ်ပါတယ်။ ကိုနေခြည်က ဒီကိစ္စကို ခဏ အသာထားပြီး စောင့်ကြည့်ကြပါဦးစို့ လို့ ကျွန်တော်ကို နားချပါတယ်။ ကျွန်တော်ကတော့ ပြဿနာကို အမြန်ဆုံး ဟုန်းဒိုင်းဆိုပြီးရှင်းပစ်ချင်သူပါဗျာ..။ ဒါပေမယ့်….။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: