၂၅-၄-၂၀၁၂ `မြေယာဥပဒေနှင့် မြန်မာပြည် တောင်သူလယ်သမားများအရေး သင်တန်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၅-၄-၂၀၁၂) ၂၅-၄-၂၀၁၂ `မြေယာဥပဒေနှင့် မြန်မာပြည် တောင်သူလယ်သမားများအရေး သင်တန်း´ နံနက်(၄း၄၅) ရန်ကုန်ရောက်တယ်။ ဘတ်စ်ကားနဲ့ ရွှေဂုံတိုင်မှတ်တိုင်မှာဆင်းတယ်။ကားခ(၂၀၀)ကျပ်သာ။ ကိုဇော်ဆိုတဲ့ ကောင်လေးနဲ့ ထိုင်ခုံကပ်လျှက်ကျတာ သူက လမ်းပြခေါ်တာပါ။ ပြည်လမ်း ရွှေဂုံတိုင်ကားမှတ်တိုင်ကနေ ကန်တော်ကြီးဘေး ဖိုးစိန်လမ်း ထဲမှ FAME ဟော်တယ်ကို ခြေလျှင်လျှောက်သွားပါတယ်။ မိနစ်(၃၀)လောက် လျှောက်ရပါတယ်။ တက်ကစီကား ငှါးရင်(၁၀၀၀ိ)လောက်ပေးရမှာပါ။ ငွေထက် ကျန်းမာရေးအတွက် လမ်းလျှောက်တာပါ။ တစ်ညလုံးကားစီးလာတော့ ညောင်းကိုက်နေလို့ပါ။ ဟော်တယ်ရောက်တော့ ဆရာဦးရဲမိုးနိုင်ဆီကို ဖုန်းဆက်ပြီး အခန်းတောင်းမှ ဟော်တယ်က နေရာပေးပါတယ်။ (၃)ထပ်၊ အခန်း(၃၀၄)မှာ နေရာပေးပါတယ်။ တော်တော်ကြာ မန္တလေးမှ သတင်းထောက်(၃)ယောက် ရောက်လာပါတယ်။ ကိုဝေယံဇော် မြနန္ဒာစီးပွားရေးဂျာနယ်၊ မသက်စုအောင် မော်ဒန်ဂျာနယ် မှ(သပိတ်ကျင်း-လမ်းပြဿနာရှင်းရသူ)၊ မဖြိုး အက်စပက်တိုင်းဂျာနယ် တို့ဖြစ်ကြကြောင်းသိရပါတယ်။ CHATRIUM HOTLL မှာ မြေယာမှုခင်း သတင်းများကိစ္စ သင်တန်း၊၂၅-၄-၂၀၁၂ နံနက်(၉)နာရီတွင် စတင်ပါတယ်။ အဲဒီဟော်တယ်မှာက ယနေ့ ဆရာမြတ်ခိုင်တို့ စာနယ်ဇင်းအဖွဲ့ကိုလည်း တွေ့မြင်ရပါတယ်။ ပုံနှိပ်ထုတ်ဝေရေး အသင်းဖွဲ့စည်းရေးအတွက်လို့ သိရပါတယ်။ သတင်းစာဆရာများအသင်းကိစ္စ နဲ့ စာရေးဆရာများသမ္မဂ အသင်းကိစ္စများကို ဆရာမြတ်ခိုင်ကို မေးမြန်းကြည့်ပါတယ်။ သတင်းစာဆရာများအသင်းကို ဗဟိုအဖွဲ့အရင်ဖွဲ့ပြီး တိုင်းနှင့်ပြည်နယ်တွေကို ဖွဲ့စည်းမယ်လို့ပြောနေပါတယ်။ နောက်ပြီး ကျွန်တော်က စာရေးဆရာများသမ္မဂအဖွဲ့ကိုစိတ်ဝင်စားကြောင်း၊ အဲဒီအထဲကို ၀င်ချင်ကြောင်း ဆရာကိုမြတ်ခိုင် နဲ့ တိုင်ပင်ပါတယ်။ ` မင်း စာရေးဆရာသမ္မဂအဖွဲ့ထဲကို ၀င်ချင်ရင်လဲ ၀င်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ဂျာနယ်တွေမှာတော့ ရေးသားခွင့် မင်းကို ပိတ်ထားလိုက်မယ်..´ လို့ ဆရာကိုမြတ်ခိုင်က ပြောပါတယ်။(သြော် ဒီမိုကရေစီခေတ်ဆိုတော့ အစိုးရကလည်း တစ်ဝက်တစ်ပြက်သာ ဖွင့်ပေးနေတယ်။ ဂျာနယ်အယ်ဒီတာတွေကလည်း ကိုယ့်ဂျာနယ် ကိုယ်လုပ်ချင်သလိုလုပ်မယ်။ ပိတ်ချင်တဲ့သူကို သတင်းရေးသားခွင့် သူဂျာနယ်မှာ ပိတ်မယ်ဆိုပါ့လား။ အံ့လောက်ပါ့ရဲ့နော်။ စာနယ်ဇင်းအဖွဲ့လည်း ပုံနှိပ်ထုတ်ဝေရေးဖွဲ့နေတာ တစ်နေကုန်ပါ။ ကျွန်တော်တို့ သင်တန်းကလည်း အဲဒီဟော်တယ်မှာ ထမင်းကျွေးပြီး တစ်နေကုန်ကျင်းပကြပါတယ်။ မြေယာဥပဒေအကြောင်းကို ထဲထဲဝင်ဝင်သိလိုက်ရ တော့မှ မြန်မာပြည်က တောင်သူလယ်သမားများအတွက် ဘာအခွင့်အရေး ဘာခံစားမှုမှ ပါမလာတာကို သိလိုက်ရပါတယ်။ သို့သော် သူ့ဥပဒေ၏ နောက်မှ နည်းဥပဒေများ ဆက်လက်ပြဌာန်းမည်လို့ သိရပါတယ်။ နောက်အရေးကြီးဆုံးတစ်ခုကတော့ တရုပ်ကနေ မြန်မာပြည်တွင်းကို မြေယာတွေကို လက်ဝါးကြီးအုပ်ပြီး ၀ါးမြိုခံနေရတဲ့ ကိစ္စများကို (FSWG) အဖွဲ့မှ ပညာရှင်များ ပြောဆိုသွားတာကို နားထောင်လိုက်ရပါတယ်။ ကျွန်တော်တို့ မြန်မာတစ်ပြည်လုံးက တိုင်းရင်းသား များစုပေါင်းပြီး ကာကွယ်ဖို့ အရေးတစ်ကြီးလိုအပ်နေပါပြီ။ တရုပ်ပြည်၊ တရုပ်လူမျိုးများမှ(မြေယာဥပဒေကို လက်တစ်လုံးခြား) သုံးပြီး လယ်ယာမြေနယ်ချဲ့နေတဲ့ကိစ္စများကို ၀ိုင်းဝန်းထိမ်းသိမ်းကာကွယ်သင့်ကြောင်း သိလိုက်ရပါ တယ်။ ဒါကြောင့် ယနေ့ကျွန်တော်တို့ ဂျာနယ်လစ်များကို (FSWG) ကုမ္ပဏီအဖွဲ့မှ( စားရိတ်ငြိမ်းအကုန်ကျခံ၍) ခေါ်ယူသင်တန်းပေးခြင်း တိုင်းပြည်အတွက်များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း မြင်တွေ့လိုက်ရပါတယ်။ ဒီသင်တန်းကို စတင်ဆက်သွယ်ခေါ်ယူတဲ့ ဆရာဦးရဲနိုင်မိုး ကိုလည်း အထူးကျေးဇူးတင်နေရပါတယ်ခင်ဗျာ..။ CHATRIUM HOTLL မြေယာမှုခင်း သတင်းများကိစ္စ သင်တန်း ၂၅-၄-၂၀၁၂ နံနက်(၉)နာရီတွင် စတင်သည်။ ဆရာဦးအောင်ထွန်းဦး ဆရာမ မမေသက်နှင်း ဆရာဦးရွှေသိမ်း ကဲမြန်မာ ကုမ္မဏီကိုယ်စား (၂၀၀၂)ခုနှစ်ကစတင်ဖွဲ့။ စတင်မိတ်ဆက်ပြောကြားသည်။ FSWH နှင့် ပျိုးပင်အဖွဲ့မှ စတင်ပေါင်းစည်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အထောက်အကူပြုပါမည်။ လုပ်စရာများကို ဆက်လက်ပြီး တောင်သူလယ်သမားတွေအကျိုးပြုပါမည်။ (ဒိုင်းမွန်းကွန်ဒိုမှာ ရုံးစိုက်ပါတယ်။) (၁) ဥပဒေပညာရှင် ဆရာဦးစိန်ကြိုင်(ရှေ့နေ) မှစတင် သင်တန်းပေးပါသည်။ သတင်းပြန်ရေးလိုလျှင် ခွင့်ပြုချက်တောင်းခံရပါမည်။ လယ်ယာမြေဥပဒေများကို ဗဟုသုတရရန်ပြောကြားပါမည်။ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးအကြီးပါတယ်။ သိလိုတာများကို ပြောဆိုပြီးရင် မေးမြန်းနိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှ ယနေ့ထိ မြေယာဥပဒေများကို လေ့လာရမှာဖြစ်ပါတယ်။ ၁၈၉၉ ခုနှစ် အထက်မြန်မာပြည်(မင်းအုပ်ချုပ်တဲ့ခေတ်) ဓါးမဦးချ မြေယာအက်ဥပဒေ နှင့် အောက်မြန်မာပြည် မြေယာဥပဒေ ဆိုပြီး နှစ်မျိုးပြဒါန်းခဲ့ပါတယ်။(ယနေ့အထ တည်နေပါတယ်။) ၁၉၅၉ ခုနှစ်ကလည်း ၁၉၅၃ ခုနှစ်မှာ မြေယာမြေဥပဒေ၊ သီးစားချထားရေးဥပဒေ။ (၁) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံရမည်။ နိုင်ငံတော်၏ ဓလေ့ထုံးစံအတိုင်း ကြည့်ရမည်။ တရားဥပဒေ ဆိုတာ တရားနဲ့ ပေါင်းစပ်ထားတဲ့ ဥပဒေဆိုတာ ကို ပေါင်းစပ်ရပါ့မယ်။ တရားမျှတမှုရှိစေရန်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးပြုရပါမည်။ ဥပဒေ ဆိုတာ အများကောင်းကျိုးအတွက်ဖြစ်ပါတယ်။ တရား။ ။ မှန်ကန်မျှတတဲ့ သဘောပါ။ ဥပဒေ။ ။ လူအများလိုက်နားရမည့် စည်းမျဉ်း စည်းကမ်းပါ။ လူတိုင်းက ဥပဒေတစ်ခုပြုလို့မရပါဘူး။ ဥပဒေတစ်ခုပြဒါန်းပြီးရင်း နည်းဥပဒေကိုပါ ပြဒါန်းရပါ့မယ်။ နည်းဥပဒေရှိမှ သက်ဝင်ပါမည်။ သို့သော် တစ်ချို့ ဥပဒေမှာ နည်းဥပဒေမပါဘဲ အသက်ဝင်နေတတ်ပါတယ်။ လယ်ယာပြေဥပဒေဆိုရင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပြဒါန်းရပါတယ်။ တဆင့်ခံ ပြဒါန်းထားသော ဒီဥပဒေကို ပြဒါန်းရင် မတည်ပါဘူး။ ဥပဒေကဲ့သို့ အာဏာပြုသော အမိန့် ။စသည့်ရှိပါတယ်။ ဥပဒေ အမည်။ စတင်ပြဒါန်းသည့်နေ့။ အက်ဥပေဒေ။ နည်းဥပဒေ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ။ အုပ်ချုပ်ရေး ဆိုတာ မပါ။ ၁၃၅၃ ခုနှစ် အက်ဥပဒေအမှတ်(၇၅) လယ်ယာမြေမြန်မာနိုင်ငံတော်ဥပဒေ။ ယခု လယ်ယာမြေဥပဒေအထိ ကျင့်သုံးပါတယ်။ (ပယ်ဖျက်ပြီး)။ ၁၃၅၅ ခုလည်း ပယ်ဖျက်ထဲပါတယ်။ ၁၃၆၃ ခုနှစ်ကလည်း နောက်ထပ်လယ်ယာမြေပိုင်ဆိုင်ရေး အက်ဥပဒေ၊ နည်းဥပဒေများ။ တောင်သူလယ်သမားအခွင့်ရေး ကာကွယ်တဲ့ ဥပဒေ၊ နည်းဥပဒေများကို ထပ်ထုတ်ပါတယ်။ သီးစားချထားရေး အက်ဥပဒေ ထပ်ဖြည့်ပါတယ်။ (ပယ်ဖျက်ပြီး)။ ဒါကြောင့် နောက်ကြောင်းပြန်ဥပဒေအကျူိးသက်ရောက်ပါတယ်။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း မှတဆင့် ဥပဒေကြေငြာရပါမည်။ အပင်ပိုးမွှားကာကွယ်သော ဥပဒေ လယ်သမားအများအတွက် သက်ဆိုင်သော လယ်ယာမြေဥပဒေ ပြဌါန်းခြင်း။ ဥပဒေ တစ်ခုကို အလုံးစုံပြီးပြည့်စုံအောင် ပြဌါန်း၍ မရပါ။ ဒါကြောင့် ဥပဒေမှာ အထွေထွေကဏ္ဍ ထားပေးရပါတယ်။ ဥပဒေနဲ့ အညီမလုပ်ရင်လည်း အပြစ်ဖြစ်သည်။ ဥပဒေကို ချိုးဖောက်ရင်လည်း အပြစ်ဖြစ်ပါသည်။(၁၉၈၇ ခုနှစ် မရွေ့မပြောင်းနိုင်သောပစ္စည်းများ ကန့်သတ်သောဥပဒေ)။ ယခုမှာ မရွေ့ မပြောင်းနိုင်သောပစ္စည်းများကို ပေါင်နှံ ပေးကမ်း ရောင်းချနိုင်ကြောင်း ပြန်လည် ပြင်ဆင် ပြဌာန်းထားပါ၏။ ဘာကြောင့် ယခင်ဥပေးနဲ့ ဖီလာကြီးဖြစ်နေတာလဲ..။ စဉ်းစားစရာပါ။ အဲဒီဥပဒေမှာ တစ်ချို့က ချွင်းချက်ဆိုပြီး ဥပဒေက ဆိုပြန်တယ်။ ချွင်းချက်အရ၊ ပြည်ထောင်စု အစိုးရဆိုလျှင် ပုဒ်(၃) မည်သူမျှနိုင်ငံခြားသား(သို့) နိုင်ငံခြားသားကုမ္ပဏီနှင့် ပစ္စည်းကို လွှဲပြောင်းခြင်းမပြုရ။(၄) (၅)(၈)(၉) ချွင်းချက်ပြထားသည်။ ဖွင့်လည်းဖွင့်တယ်။ ပိတ်လည်းပိတ်ထားတယ်။ ဈေးကွက်စီးပွားရေးကို ဥပဒေနှင့်အညီ ဆိုပြီး ဒီဥပဒေက ဆိုထားပါတယ်။ နေ့လည်(၁၁း၂၅) နာရီပြန်လည်စတင် ဆရာဦးဌေးဦး ( ပြည်သူ့ခေတ် ဂျာနယ်) မှ ဖြည့်စွက်မေးမြန်းပြောကြား။ သတင်းထောက်များမှ သိလိုတာများကို မေးမြန်းကြသည်။ မြောင်းတကာ ၀ါးတရာစီမံကိန်း နှင့် ရွှေနံ့သာလယ်ယာသိမ်း ကိစ္စများကို အစိုးရဘယ်လိုရှင်းကြမည်လဲ စောင့်ကြည့်ရမည်။ မိနစ်(၆၀) ထမင်းစားချိန်နားသည်။ နေ့လည်(၁း၁၅)နာရီမှာ ပြန်လည်စတင်သည်။ ဆရာ ဒေါက်တာခင်ဇော်ဝင်း မှ ပြောကြားသည်။ Land အဖွဲ့(၂၀)လောက်စုပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ပြောကြားပါမည်။ လယ်ယာမြေကဏ္ဍက ခက်ခဲနက်နဲပါတယ်။ အထူးအရေးကြီးပါတယ်။ လယ်ယာမြေကို အခြေခံထားတဲ့နိုင်ငံဖြစ်လို့ သိပ်အရေးကြီးပါတယ်။ လယ်ယာကဏ္ဍကိုပြောရင် နိုင်ငံရေးနဲ့ မကင်းပါဘူး။ ကမ္ဘာမှာ ဆင်းရဲနွမ်းပါးမှုစာရင်းထဲမှာ ပါနေပါသေးတယ်။ လယ်ယာမြေအမြောက်အများကိုသိမ်းဆည်းရယူကြခြင်း ကိစ္စကို ပြောမှာပါ။ အရှေ့တောင်အာရှမှာ ၂၀၀၈ ခုနှစ်က ကမ္ဘာမှာစတင်ခဲ့တာပါ။ မလေးရှားမှာဆိုရင် စားအုံးဆီမှ ဒီဇယ်ဆီိကို အကြီးအကျယ်စိုက်နေကြပါပြီ။ အာဆီယံနိုင်ငံတွေက ရှေ့ရောက်နေတဲ့ နိုင်ငံတွေပါ။ တရုပ်ပြည်ကြီးဆိုရင်လည်း စိုက်ပျိုးရေးကို အများကြီးတိုးတက်အောင် လုပ်နေခဲ့ကြတာပါ။ အရှေ့တောင်အာရှမှာ ဇီဝလောင်ဆာဆီကို သုံးနေကြပါပြီ။ ကြံ၊ ရာဘာ၊ သကြားများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေကြပါတယ်။ သကြားကို သြရောပနိုင်ငံတွေကို ၀င်မယ်ဆိုရင် ၀င်ငွေခွန်တွေ မပေးရပါဘူး။ နိုင်ငံခြားက လယ်ကွင်းတွေက အလွန်ကျယ်ဝန်းပါတယ်။ မြန်မာနိုင်ငံက လယ်ကွက်တွေက အလွန်သေးသေးလေးတွေပါ။ ခိုင်မာတာက တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး(၅ ဧက) အနည်းဆုံးပိုင်ဆိုင်သူ လယ်သမားများက အဓိကကျပါတယ်။ တိုင်းပြည်တစ်ပြည်တိုးတက်မယ်ဆိုရင် မျှမျှတတတိုးတက်မှကောင်းပါမည်။ ထိုင်းမှာဆိုရင် လူသားအဆင့်များ ကွာခြားမှုအလွန်များပါတယ်။ ယနေ့ ကိစ္စကို နိုင်ငံတော်က မမြင်ကြဘူး။ နိုင်ငံေ၇းပိုင်းက ပုဂ္ဂိုလ်တွေနဲ့ လယ်သမားတွေ မနီးကပ်ကြပါဘူး။ လွယ်လွယ်လေးနဲ့ ပြဿနာကို အဖြေရှာရပါ့မယ်။ နှစ်ငါးဆယ်လုံးလည်ဂျပ်ပြား ဖြစ်လာနေသော်လည်း လယ်သမားနဲ့ အလုပ်သမားတွေဘ၀က ဘာမှ မပြောင်းလဲသေးပါဘူး။ လယ်သမားကိစ္စက ခေတ်အဆက်ဆက် ခံနေကြရပါတယ်။ IFA ကမ္ဘာငွေကြေးအဖွဲ့ကကူညီပေးတာကောင်းပါတယ်။ အများကြီး ဂရုစိုက်ရပါ့မယ်။ သမိုင်းက တော်တော်အရေးကြီးပါတယ်။ ယခု ကိုလိုနီနယ်ချဲ့ခေတ် မရှိတော့ပါဘူး။ မြန်မာပြည်မှာ လုပ်စရာမြေတွေက အများကြီးကျန်ပါသေးတယ်။ အလွန်တစ်ရာမ ကြောက်စရာကောင်းတဲ့ ၂၁ရာစုနှစ် ခေတ်ဆိုးကြီးကို အားလုံးကျော်ဖြတ်ရမှာပါ။ ယခုမှု စိမ်ခေါ်မှုတွေက များနေပါတယ်။ ဒီမိုကရေစီရမှ ပြဿနာကစမှာပါ။ စောင့်ကြည့်ဖို့တောင် အချိန်မရှိပါဘူး။ လယ်သမားတွေဘ၀ ကိုပြန်ကြည့်ဖို့လိုနေပါပြီ။ ယခု ရွှေဘိုဘက် ကော့သောင်းဘက်မှာ ရေတွေတော်တော်ရှားပါးနေပါပြီ..။ အလုပ်သမားအခွင့်အရေးတွေပေါ်လာပါပြီ။ အလုပ်သမားသမဂ္ဂ လို့ မခေါ်နိုင်သေးပါဘူး။ ကမ္ဘောဒီယားကိုသွားကြည့်ပြီး ပြတ်ပြတ်သားသားရေးကြဖို့လိုပါပြီ။ စိတ်ဓာတ်ကျစရာတော့မလိုပါဘူး။ ခတ္တနား၍ နေ့လည် (၂း၄၅)မှာပြန်စသည်။ တစ်နှစ် တစ်နှစ်မှာ စီးပွားရေး၊ ပညာရေးဖြင့် တရုပ်လူမျိုး(၂) သိန်းလောက်ဝင်လာနေတယ်။ ကမ္ဘာ့ဘဏ်အဖွဲ့တောင် ခေတ်မမီတော့ဘူး။ တရုပ်က ကမ္ဘာ့ဘဏ်ထက်တောင် ငွေချေးနိုင်နေပါတယ်။ မြန်မာပြည်နဲ့ တရုပ်ဆက်ဆံရေးဟာ တော်တော်ကို ဂရုစိုက်ရပါမည်။ မန္တလေးမှာ ဟိုတစ်လောက တရုပ်နဲ့ ပြဿနာဖြစ်ပြီး ရိုက်ပွဲဖြစ်ကြသေးတယ်။ တရုပ်နဲ့ စကားပြောရင် အာပေါက်အောင်ပြောရ၊ ရှင်းရပါတယ်။ အင်္ဂလိပ်စာလည်းမတတ်တော့ စကားပြန်နဲ့ ပြောဆိုရပါတယ်။ ကုန်သည်ကြီးများ ဟော်တယ်ဆိုရင် တရုပ်ပိုင်ဆိုင်လာတာ(၁၇)နှစ်ကျော်လာပါပြီ။ လက်တစ်လုံးခြားနဲ့ မြန်မာလူမျိုးတဦး နာမည်နဲ့ စတင်ငှါးပြီး မန်နေဂျာအဖြစ်ထားရာက ယခု တရုပ်အပိုင်ဖြစ်သွားပါပြီ။ မြေရှိသော်လည်း နည်းပညာ ငွေ လုပ်အားရှိမှ ဖြစ်မှာဆိုတော့ လယ်သမားများ ကလည်း တရုပ်ဆီထည့်ပေးနေရတယ်။ မြန်မာပြည်ကလည်း ဟာလာ ဟင်းလင်းကြီးဖြစ်နေပါတယ်။ ဂျာနယ်လစ် အမျိုးသမီးတစ်ဦးမှ တရုပ်လူမျိုးများမှာ တပ်ကုန်းအထိမြေများကို ၀ယ်လာနေကြောင်း၊ ပြောဆို၍ ဆရာကိုမေးမြန်းနေကြပါသည်။ အထက်မြန်မာပြည်မှာ ဘာပဲစိုက်စိုက် တရုပ်ဈေးကွက်ပြောတဲ့အတိုင်း ရောင်းချနေရပါတယ်။ မြန်မာပြည် ကုန်သည်ကြီးများအသင်းကလည်း ဘာမှ မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒီကိစ္စကို လယ်သမား အလုပ်သမား၊ အစိုးရအဖွဲ့ ကုန်သည်ကြီးများမှ ၀ိုင်းဝန်းဆောင်ရွက်ဖို့လိုနေကြပါတယ်။ ဆရာမှရှင်းပြသည်မှာ တရုပ်ဈေးနှုန်းကိစ္စ အရောင်းအ၀ယ်ကိစ္စ သီးနှံထုတ်လုပ်ရေးအသင်း ဖွဲ့နိုင်ရင် အဆင်ပြေပါမည်။ ၎င်း အဖွဲ့များအတွက် လိုအပ်လျှင် ဆရာထံ ဆက်သွယ်ကြပါလို့ ပြောဆိုပါတယ်။ မြန်မာပိုင်မြေများကို တရုပ်ငွေနဲ့ မြန်မာနာမည်ခံယူပြီး မြေတွေကို ငှါးရမ်းနေကြပါတယ်။ တရုပ်က ကွန်ပျူနစ်စနစ်ဆိုသော်လည်း ကုန်သွယ်ရေးစနစ်ကတော့ အရင်းရှင်စနစ်ကိုသာ ဦးတည်ထားပါတယ်။ သရက်၊ သခွား စတဲ့ သီးနှံများစိုက်လို့ မြန်မာများအရှုံးပေါ်လာနေပါတယ်။ စာနယ်ဇင်းတွေကလည်း ဒီကိစ္စကို ဇောင်းပေးပြီး ရေးသားဖို့လိုပါတယ်။ တရုပ်က မြန်မာနဲ့ ဆက်ဆံရေးကို ပြည်မကြီးက မကိုင်တွယ်ဘူး။ ယူနံနယ်စပ်ကဘဲ ကိုင်တွယ်ကြောင်းသိရပါတယ်။ နိုင်ငံတော် အစိုးရကိုလည်း သိရအောင် ဆက်လက်တင်ပြပေးပါမည်။ ယခု မြန်မာဆန်ကုန်သည်ကြီးများအသင်းဖွဲ့ထား တယ်။ သူတို့က ဘာဆက်လက်နိုင်မည်လည်းစောင့်ကြည့်ဖို့လိုနေတယ်။ ကုန်သည်ကြီးများက ငွေချေးငှားထားတယ်။ လယ်သမားတွေက မပေးနိုင်ရင် လယ်တွေသိမ်းမယ့်ကိစ္စ ဖြစ်လာရင် ဘယ်လို လုပ်မည်လဲ သတင်းထောက်တစ်ဦးက မေးပါတယ်။ သတင်းထောက်တစ်ဦးမှ မေးမြန်းပါတယ်။ မြေယာကိစ္စ သိမ်းတဲ့ကိစ္စများကို လွှတ်တော်အတွင်း အပြင်မှာ ကျွမ်းကျင်သူများက ဦးဆောင်ပြီး လယ်ယာမြေကာကွယ်ရေးနှင့် လယ်ယာမြေသိမ်းခံထားရတဲ့ ကိစ္စများကို အသင်းအဖွဲ့ များဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါတယ်။ ဆရာမှ ဒီကိစ္စကို လွှတ်တော်ကို တင်ပြထားပါတယ်။ သမ္မအထိ တင်ပြပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်တင်ပြပါတယ်။ ကာယကံရှင်များကလည်း မိမိရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြပြောဆိုသင့်ပါတယ်။ သူတို့ ဘယ်လိုလုပ်ပေးရမလဲ မေးပါ။ အန္တိယလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုရင် ယူဘီ(၅)သိန်းလောက် စားလောက်အောင်ပေးထားပါတယ်။ ကိုယ့်ပြည်နယ်အတွက် ကောင်းစားအောင်လုပ်ပေးရပါတယ်။ ဘုရင်တစ်ပါးလောက် ပါဝါရှိနေပါတယ်။ ယခု ကိစ္စများကို စိတ်ဓာတ်ကျအောင် ပြောဆိုနေကြတာမဟုတ်ပါ။ ၀ိုင်းဝန်းစုပေါင်း ဆောင်ရွက်သင့်ပါပြီ။ ညနေ(၃း၃၅)နာရီမှာ ဒေါက်တာခင်ဇော်ဝင်းပြီး။ ဆရာဦးရဲနိုင်မိုး မှ ပြန်လည် ရေးသားရန်ပြောကြား သင်တန်းပေးပါသည်။ အကြံပေးချက်(၁၀) ချက် သတင်းစာ ဆရာတွေမှာ မတူညီတဲ့ကိစ္စတွေမှာ အမြင်မတူကြပါဘူး။ မိရိုးဖလား စွဲမြဲနေတဲ့ ကိစ္စကို မရေးဘဲ မြေ ကိစ္စ က ကမ္ဘာဦးအကြောင်းပြန်ပြောပြသည်။ (က) တရုပ်ကုန်သည် ကုမ္ပဏီများမြေသိမ်းခြင်း အကြောင်းစုံ မှ/ မြေကို အခြေခံရေးသားစရာများမှာ စိုက်ပျိုးရေး၊ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှု၊ နိုင်ငံရေး၊ စစ်ပွဲ- မြေကြီးနဲ့ စားနပ်ရိက္ခာ၊ ဘာသာရေး၊ လူမှုရေး၊ သံယံဇာတ၊ မိုးလေ၀သ၊ (၁) အကြောင်းအရာကိုအများကြီးမရေးပါနဲ့ တစ်ခုတည်းစုစီးပြီး ဖိုးကတ်ပြတ်အောင်ရေးသားရပါမည်။ (၂) အကြောင်းအရာတစ်ခုမှ ပြဿနာဘယ်လောက်ကြီးလာသလဲ ။ ခန့်မှန်းတတ်တဲ့ ပညာရှင်ကိုရှာပါ။ ကိုယ်တိုင်မခန့်မှန်းပါနဲ့။ ပြဿနာလောက။ ။ အနာဂတ်ပြဿနာကိုတွေးမြင်ရမယ် ညနေ(၄း၁၀)နာရီမှာ သင်တန်းပြီးပါတယ်။ ကျွန်တော်တို့တည်းခိုတဲ့ FAME ဟော်တယ်မှာ ပြန်နားပါတယ်။ ညစာကိုလည်း အဲဒီဟော်တယ်က ထမင်းကျော်(၁၇၀၀ိ)တန် မှာပြီးစားလိုက်ပါတယ်။ အင်တာနက်သုံးပါတယ်။ ၀ိုင်ဖိုင်အင်တာနက်လိုင်း ကို ဟော်တယ်မှာ အလကားတော့ သုံးရပါတယ်။ ဒါပေမယ့် လိုင်းကတော့ လုံးဝမကောင်းပါ။ ည(၉)နာရီမှာ အိပ်ပါတယ်။ ည(၁၀)နာရီလောက်မှာ အိမ်က သားနဲ့ မြေးတွေထံတယ်လီဖုန်းလာလို့ အိပ်ယာမှ နိုးပါတယ်။ ပြန်အိပ်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: