၁၈-၄-၂၀၁၂ `မြန်မာနှစ်ဆန်း နှစ်ရက်နေ့- အပူလွန်ကဲ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၈-၄-၂၀၁၂) ၁၈-၄-၂၀၁၂ `မြန်မာနှစ်ဆန်း နှစ်ရက်နေ့- အပူလွန်ကဲ´ ယနေ့ နံနက်(၈)နာရီမှာ ကိုနေခြည်နဲ့ ယာဉ်ထိမ်းရဲစခမ်းသွားတယ်။ သင်္ကြန်တွင်း ယဉ်တိုက်မှုခင်းများ သိချင်လို့ပါ။ မြို့နယ်မှူးရုံးမှာ ယူရန်လမ်းညွှန်ပါတယ်။ မြို့နယ်မှူးရုံးသို့သွားတယ်။ မတွေ့ပါ။ အမှတ်(၁)ရဲစခန်းသို့ သွားတယ်။ စခန်းမှူးနဲ့ မတွေ့ပါ။ တာဝန်မှူးနဲ့တွေ့ပါတယ်။ ကိုနေခြည်မှ မှုခင်း သတင်းထောက်ကတ်ကိုပြပါတယ်။သင်္ကြန်တွင်းမှ မှုခင်းများကို လိုချင်ကြောင်းပြောပါတယ်။ တာဝန်မှူးမှ စခန်းမှူးမရှိပါ၊ စခန်းမှူးကို သတင်းပို့ပြီးထားမယ်၊ နံနက်(၁၀)နာရီလောက်မှ လာပါရန်ပြောပါတတယ်။ ကျွန်တော်တို့ပြန်လာကြတယ်။ ယနေ့ ဂျာနယ်တွေ သင်္ကြန်ပြီးတာနဲ့ ပြန်ထွက်တဲ့နေ့ပါ။ဦးတင်လှ ဆိုင်မှာ ဂျာနယ်များဝင်ဖတ်ကြတယ်။ မက်စင်ဂျာ နဲ့ စောင့်ကြည့်ဂျာနယ်များထွက်လာပါတယ်။ အိမ်ပြန်လာတယ်။ ချိန်းထားတဲ့ အချိန်မှာ မကွေးမြို့အမှတ်(၁)ရဲစခမ်းကိုထပ်သွားတယ်။ စခန်းအ၀င်ပေါက်မှာ တာဝန်မှူးနဲ့တွေ့ပါတယ်။ တာဝန်မှူးက ကျွန်တော်စခန်းမှူးနဲ့တွေ့ပြီးပြီ သင်္ကြန်တွင်းအမှုများကို လိုချင်ရင် မကွေးမြို့နယ်မှူးရဲ့ စာပါမှ ပေးမည်လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ဦး မကွေးရဲတပ်ဖွဲ့မြို့နယ်မှူးရုံးမှာ နံနက်(၁၀း၃၀)နာရီမှ (၁၁း၃၀)အထိ စောင့်ပါတယ်။ မြို့နယ်မှူးအပြင်သွားတယ်ဆို၍ မတွေ့ဘဲ အိမ်သို့ပြန်လာခဲ့ကြပါတယ်။ အိမ်ရောက်တော့ ခဏနားတယ်။ ရေချိုးပြီး ထမင်းစားပါတယ်။ ရာသီဥတုက တော်တော်ပူနေပါတယ်။ ဈေးဆိုင်တိုက်ခန်းထဲမှာ နောက်က ပန်ကာတစ်လုံး၊ ဘေးမှ အဲယားကိုလာ တစ်ခုနဲ့ နေရပါတယ်။ ညနေပိုင်း ပြန်ထွက်ဖို့ ကိုနေခြည်နဲ့ ချိန်းဆိုထားတာ မထွက်ဖြစ်ပါ။ တစ်နေကုန် ပူနေတော့ ထိုင်နေသော်လည်း အရမ်း ပင်ပမ်းနွမ်းနယ်နေပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်ရောက်လာပါတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ တော်တော်ကြာ သတင်းထောက် ကာကူး ရောက်လာတယ်။ နောက် မြန်မာပြည်ဆရာဟိန်းရောက်လာပါတယ်။ သတင်းထောက် ကာကူးမှ NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက မဲနိုင်ပေမယ့် လက်ရှိအစိုးရအဖွဲ့က နောက် လေးနှစ်ကြီးတောင် ထပ်ပြီးအုပ်ချုပ်နေရမှာ လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရကြိုက်မဲ့ သတင်းများကိုသာ ရေးသားမယ်။ အတိုက်အခံ သတင်းများကို မရေးရဲဘူးလို့ ဆိုပါတယ်။ သတင်းထောက် ကာကူး မှ သာကူး ဖားသတင်းများကိုသာ ရေးသားကြရန် ဟန်ပါပါနဲ့ ပြောကြားနေပါတယ်။ မြင်ရ ကြားရတာ ကျွန်တော် စိတ်ပျက်နေမိပါတယ်။ သတင်းသမားဆိုတာ ဘယ်ပါတီ၊ ဘယ်အစိုးရဘက်ကိုမှ မလိုက်ရပါဘူး။ အမြင်အတိုင်း အရှိအတိုင်း ဘက်မလိုက်ဘဲ ရေးသားရမယ်ဆိုတဲ့ သတင်းသမားများရဲ့ ကျင့်ဝတ်ကို နကန်းတစ်လုံးမှ မသိဘဲ သတင်းထောက် ကာကူးက ပြောဆိုနေပါတယ်။ ညပိုင်း တက္ကသိုလ်ရည်ရွယ် ကဗျာဆရာရောက်လာပါတယ်။ မေတ္တာစမ်းရေ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို လာပေးပါတယ်။ ကဗျာဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ အတွက် လာပေးကြောင်းသိရပါတယ်။ ယနေ့ည ရာသီဥတုက တော်တော်ပူပါတယ်။ အိမ်အပေါ်ထပ် ဘုရားခန်းမှာ အပူများနေလို့ မအိမ်နိုင်ပါ။ ဒါကြောင့် အောက်ထပ်ခန်း အဲယားကွန်းရှိရာနေရာကို ပြောင်းအိပ်ရပါတယ်။ အဲယားကွန်းနဲ့ အိပ်ရတော့ ညက တစ်ရေးသာ အိပ်ယာက နိုးပါတယ်။ အချိန်ကစောနေတော့ ပြန်အိပ်ပါတယ်။ ဒါနဲ့ ခါတိုင်း အိပ်ယာနိုးချိန်က နံနက်(၅)နာရီပါ။ ယခုတော့ နံနက်(၅း၃၀)နာရီကျော်မှ အိပ်ယာက နိုးပါတယ်ဗျာ..။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၈-၄-၂၀၁၂ `မြန်မာနှစ်ဆန်း နှစ်ရက်နေ့- အပူလွန်ကဲ´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၈-၄-၂၀၁၂ `မြန်မာနှစ်ဆန်း နှစ်ရက်နေ့- အပူလွန်ကဲ´
 

0 comments: