၈-၄-၂၀၁၂ `မြန်မာနိုင်ငံ သတင်းဆရာများအသင်း ဖွဲ့တော့မည်ကို စိတ်ဝင်စား´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၈-၄-၂၀၁၂) ၈-၄-၂၀၁၂ `မြန်မာနိုင်ငံ သတင်းဆရာများအသင်း ဖွဲ့တော့မည်ကို စိတ်ဝင်စား´ ဒီနေ့တော့ တစ်နေကုန် ကွန်ပျူတာမဖွင့်ဘဲ နားနေတယ်။ ပုတီးစိတ်တယ်။ အိပ်တယ်။ နံနက်ပိုင်း ဂျာနယ်များဖတ်တယ်။ ဦးမြင့်ကြည် ရောက်လာတယ်။ စသုံးလုံးက ကိုရန်အောင် လည်းရောက်လာတယ်။ သူ့ဖုန်းနံပါတ်ကို ယူထားလိုက်ပါတယ်။ သတင်းများ ဖလှယ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီနေ့ ကျွန်တော့်မြေးလေး မောင်ဘုန်းနေခန့်ကို တစ်ဘက်ခန်းမှ သမီးလေးက ကိုက်ဆွဲလိုက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူ့မိဘများကလည်း လာပြီး မပြောတော့ စိတ်ထဲမှာ ခုတော့သွားတာပေါ့လေ..။ ညက ကိုနေခြည်နဲ့ တိုင်ပင်ပါတယ်။ မြန်မာနိုင်ငံစာရေးဆရာအသင်းကို ဒီဧပြီလ အတွင်းအပြီးဖွဲ့ရမည်လို့သိရတယ်။ နောက်မှ သတင်းဆရာများအသင်းဖွဲ့မယ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စာရေးဆရာအသင်းမှာ အမှုဆောင်မလုပ်တော့ ပါဘူး။ သတင်းစာ ဆရာများအသင်းမှာတော့ ၀င်ရောက်အရွေးခံမယ်လို့ စိတ်ကူးထားပါတယ်။ သတင်းစာ ဆရာများအသင်းက မြို့နယ်တွေကိုစုပြီး တိုင်းဒေသကြီးနဲ့ ဗဟိုလ်အဖွဲ့သာ ဖွဲ့မယ်လို့ ကိုနေခြည်က ပြောပါတယ်။ ဒါဆိုရင် ကိုနေခြည်ပါ သတင်းစာဆရာ အသင်းမှာဝင်ထားသင့်ကြောင်းပြောပါတယ်။ ဆရာကြီး မကွေးဝင်းမြင့် နဲ့ ကိုတင်လင်းဇော် တို့ လက်ရှိအမှုဆောင်အဖွဲ့နဲ့ လူသစ်များထပ်ဖြည့်ပြီး ထားခဲ့ဖို့ တိုင်ပင်ကြပါတယ်။ အစကတော့ ကျွန်တော်က ဘယ်အဖွဲ့ထဲမှ မပါတော့ဖို့ စိတ်ကူးထားပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်က အချိန်အခါကိုကြည့်ပြီး အလိုက်သင့် ဆက်ဆံနေထိုင်ဖို့ ဆုံးမပါတယ်။ စာရေးဆရာအသင်းထက် သတင်းမီဒီယာခေတ်ဆိုတော့ သတင်းစာ ဆရာများအသင်းကို ၀င်ရောက်ထားရန် အရွေးချယ်ခံရန် ပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သတင်းဘက်ကို တော်တော် စိတ်ဝင်စားနေပါတယ်။ သတင်းအလုပ်ကိုလည်း အချိန်ပေးပြီး သတင်းလိုက် ရေးသားနေတာပါ။ ဒါကြောင့် ကိုနေခြည်နဲ့ ကျွန်တော် သတင်းစာ ဆရာများအသင်းကို ၀င်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: