၂၄-၅-၂၀၁၂ `မကွေးမြို့ ဆီဇာ အလှပြင်ဆိုင်မှာ မင်းသမီး ချောရတနာ လာ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၄-၅-၂၀၁၂) ၂၄-၅-၂၀၁၂ `မကွေးမြို့ ဆီဇာ အလှပြင်ဆိုင်မှာ မင်းသမီး ချောရတနာ လာ´ ယနေ့အိပ်ယာထနောက်ကျတယ်။ ပရိတ် ပဌာန်းများ ဈေးဆိုင်ဖွင့်ပြီးရွတ်ဖတ်ရပါတယ်။ မိုးလင်းတာနဲ့ လျှပ်စစ်မီးက ပြတ်သွားတယ်။ ဒီမှာသာ နေပူပြီး ရာသီဥတုက နေပူပြီး မိုးမရွာတာ ညက နေပြည်တော်ဘက်မှာ မိုးသည်းထန်စွာရွာတယ်လို့ သိရတယ်။ ဘာကြောင့်လည်း ဆိုတော့ နံနက်(၃)နာရီမှ စပြီး ရန်ကုန်မှ လာတဲ့ မှတ်လုံကားတွေဝင်ရမှာ နေမြင့်မှ ရောက်လာကြတယ်။ လမ်းမှာ ချောင်းတွေကျလို့ စောင့်နေကြရတယ်ပြောပါတယ်။ ဒါကြောင့် ဒီနေ့ဂျာနယ်တွေကလည်း နံနက်(၁၀)နာရီမှ ရောက်လာပါတယ်။ နံနက်ပိုင်း ခေါင်းမကောင်းလို့ ချွေးထွက်များနေတယ်။ ဒါကြောင့် ဆံပင်ကို တိုတိုလေး ညှပ်လိုက်ရတယ်။ နံနက်ပိုင်း ကိုနေခြည် ဖိတ်စာကိုင်ပြီး ရောက်လာတယ်။ နံနက်(၉)နာရီမှာ အထက(၁)လမ်း ကန်သာရပ်ကွက်ထဲမှ ဆီဇာ အလှပြင်ဆိုင်ဖွင့်ပွဲက ဖိတ်ထားတယ် သိရတယ်။ ကာတွန်းဆရာ အေကေ ကိုယ်တိုင်ညက လာဖိတ်သွားတယ်လို့ သိရပါတယ်။ ကိုနေခြည် ဆိုင်ကယ်နဲ့ လိုက်သွားတယ်။ ထူးထူးခြားခြား ဒီအလှပြင်ဆိုင်က ရုပ်ရှင် ဗွီဒီယို သရုပ်ဆောင် မင်းသား မြတ်သူအောင် နဲ့ မင်းသမီး ချောရတနာ တို့လာပြီး အလှပြုပြင်မယ်။ ပြီးရင် ဖဲကြိုးဖြတ်၍ ဖွင့်ပေးကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အရင် ရောက်နေသူများကတော့ ကာတွန်းဆရာ အေကေ၊ သတင်းထောက် အောင်သူငြိမ်း(မကွေး)၊ ပန်းချီဆရာ မြင့်ဇော်ဦး တို့ကို တွေ့မြင်ရတယ်။ သူတို့ဝိုင်းမှာ ထိုင်ရတယ်။ ကြက်သား ဆီထမင်းနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ကာတွန်းဆရာ အေကေမှ ဆိုင်ပိုင်ရှင်နဲ့ မိတ်ဆက်ပေးပါတယ်။ ပန်းချီဆရာ မြင့်ဇော်ဦနဲ့ ကိုနေခြည်တို့ တိုးတိုးနဲ့ ကိစ္စတစ်ခုကို ပြောဆိုသံကြားရတယ်။ ကျွန်တော်မသိစေချင်လို့ဆိုတော့ မမေးဖြစ်ပါ။ နောက်တော့ ပန်းချီဆရာမြင့်ဇော်ဦးတို့ အဖွဲ့က မကွေးတိုင်းဒေသကြီး အစိုးရထံကို စာကြည့်တိုက်ဖွင့်ဖို့ မြေနေရာ တောင်းဆိုကြောင်းစုံစမ်းသိရှိရပါတယ်။ ယနေ့ တိုင်းပြန်ဆက် တိုင်းမှူး ဦးဝင်းခင်ထံ ခေါ်လို့ သွားခဲ့ရကြောင်း၊ မြေနေရာကို မြေစာရင်းဌာနမှ စာရေးတစ်ဦးက မြေလွတ်မြေနေရာရှိကြောင်း ပြောဆိုလို့ မကွေးတိုင်းဒေသကြီး အစိုးရထံသို့ လျှောက်လွှာတင်ထားကြောင်း၊ ယင်းကိစ္စအား အစိုးရအဖွဲ့က တိုင်းပြန်ဆက် ဦးစီးမှူးအား မေးမြန်းပြီး ပြန်လည်တင်ပြခိုင်းကြောင်းသိရပါတယ်။ အလှူရှင်တွေက မည်သူတွေလဲ။ အလှူငွေက ဘယ်လောက်ရှိသလဲ ဘယ်လိုအဖွဲ့အစည်းက ဦးဆောင်လုပ်ကိုင်ဆောင်ရွက်ကြမည်လဲ စတဲ့ အချက်များကို မေးမြန်းကြောင်းသိရတယ်။ ဒီဘက်မှ မဖြေဆိုနိုင်ကြောင်းသိရတယ်။ မကွေးမြို့အတွက် ကောင်းသော စာကြည့်တိုက် ဖြစ်မြောက်ရေး ကိစ္စလုပ်ကိုင်မည် ဖြစ်လို့ အောင်မြင်ကြပါစေ။ ဒါပေမယ့် မကွေးမြို့နယ်စာရေးဆရာများအသင်းက သူတို့ရှိတ်စာပေ၀ိုင်းမှာ နာယက ဖြစ်တဲ့ မကွေးဝင်းမြင့် ဆရာကြီးကိုတော့ အသိပေးပြောကြားသင့်တာပေါ့။ စာရေးဆရာ မကွေးဝင်းမြင့် ကလောင်ဝိတ်က နည်းတာမှ မဟုတ်ဘဲ။ သူတို့လျှောက်လွှာကို မကွေးဝင်းမြင့်လက်မှတ်ထိုးရင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးမည်ထင်ပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်အားကိုသာ အားကိုးချင်ကြတယ်ထင်ပါ တယ်။ စာကြည့်တိုက်ကြီး ပေါ်ထွန်းလာနိုင်ပါစေ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: