အမှတ်(၁၄-၂၀၁၂) ၂၂-၁-၂၀၁၂ ` မြန်မာပြည်မှ အလုပ်သမားများ တစ်ဦးချင်း ၀င်ငွေများ တိုးတက်စေချင်´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၄-၂၀၁၂) ၂၂-၁-၂၀၁၂ ` မြန်မာပြည်မှ အလုပ်သမားများ တစ်ဦးချင်း ၀င်ငွေများ တိုးတက်စေချင်´
၂၁ ရက်နေ့က တစ်နေကုန် အချိန်သာ ကုန်သွားတယ်။ ဈေးလုံးဝမရောင်းရဘူး။ ဆိုင်လခ နဲ့ ၀န်ထမ်းစရိတ် ကိုမရတဲ့ အပြင် အရှုံးပြပါတယ်။ ဒါ စည်ပင်ခွန်များ၊ ၀င်ငွေခွန်များ ပါတွက်ကြည့်ရင် ထွက်ပြေးချင်စိတ်ပေါက်သွားမယ်။ ဟိုလူ သည်လူတွေကို စီးပွားရေးဘယ်လိုနေလဲ အရောင်းအ၀ယ်ကောင်းလား မေးကြည့်ပါတယ်။ ခေါင်းခါ တဲ့လူတွေသာ များနေကြပါတယ်။ ပြောနေကြတာကတော့ ဒီမိုကရေစီခေတ် ရောက်တော့မယ်တဲ့ ဒီကလူတွေကတော့ စားဝတ် နေရေးအတွက် ဖတ်ဖတ်ကိုမောနေကြပြီ..။ တစ်ချို့နယ်တွေ နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် ထမင်းစားဖို့ကို မလွယ်ကြဘူးလို့ ကြားရ မြင်ရပါတယ်။ စောစောစီးစီး ဒီစာရေးနေချိန်မှာ ထီလှည်း တစ်စီးက `ကျန်းကျန်းမာမာ ချမ်းချမ်းသာ ဘေးရန်ပယ်ရှင်းမည်..၊ လူမွဲတွေက မနှေးဖြစ်မည် သူဌေးဖြစ်တော့မည်..´ ဆိုတဲ့ နဂါးနီသီချင်းကို ဖွင့်သွားပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အိမ်တစ်အိမ်မှာ အဖေက အလုပ် လုပ်ရင် တစ်အိမ်လုံး စားလို့ရပါတယ်။ ယခုတော့ မိသားစု အားလုံး အလုပ် လုပ်တာကို မစားလောက်ကြပါဘူး။ အသက်မပြည့်သေးတဲ့ ကလေး သူငယ်လေးတွေဆိုရင် စားသောက်ဆိုင်တွေမှာ စားပွဲထိုးကြတယ်။ စည်ပင်သာရေး အမှိုက်ရှင်းတဲ့ အထဲမှာ သန့်ရှင်းရေးလုပ်နေကြရတာတွေကို မြင်နေရပါတယ်။ ဒါ ဘယ်သူ့မှာ တာဝန်ရှိပါသနည်း။ တိုင်းပြည်ကြီးပွား တိုးတင်စေချင်ရင် တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။
ကျွန်တော်လည်း မနေ့က ဆရာ မကွေးဝင်းမြင့်နဲ့ မကွေးမြို့ မြို့တော်ခန်းမ မှာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲကို သွားကြပါတယ်။ ပိုက်ဆံထည့်ထားရတဲ့ မီးခံသေတ္တာရောင်းတဲ့ဆိုင်မှာ ဆရာ မကွေးဝင်းမြင့်တစ်ယောက်တည်းသာ မေးမြန်းသူ ရှိလို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ ဆရာမကွေး ၀င်းမြင့်က ပြီးခဲ့တဲ့ ၂၇၆ ကြိမ် အောင်လာလေထီ က (၁၀) သိန်းဆုပေါက်ထားပါတယ်။ ယခု (၂၇၇)ကြိမ်မှာ ယခု ပထမအကြိမ်ဖောက်ပေးမယ့် သိန်း(၁၅၀၀) ဆုကြီး ပေါက်ရင် ထည့်ဖို့လိုနေတယ်လို့ ပြောဆိုပါတယ်။ သူက ငွေထည့်ဖို့ မေးမြန်းနေတယ်။ ကျွန်တော်က မိသားစု စီးပွားရေး အဆင်မပြေလို့ ကျွန်တော့်သားကြီး မောင်ထွန်းဝင်းကျော်အတွက် အလုပ်ရှာနေရပါတယ်။ ဒါကြောင့် ယခု ကုန်စည်ပြပွဲကို စီစဉ်တဲ့ WINNER ကုမ္ပဏီက ဒါရိုက်တာ ဒေါ်ယုယုဟန် ကို အကူအညီတောင်းပါတယ်။ ကျွန်တော့်သား အတွက် ကားဒရိုင်ဘာ အလုပ်ရရေး ကူညီပေးပါရန် ပြောဆိုခဲ့ရပါတယ်။ အလုပ်လျှောက်တဲ့ ကိုယ်ရေးအကျဉ်း ပုံစံပါ အပ်ထားခဲ့ပါတယ်။ ယနေ့ ကုန်စည်ပြပွဲ သတင်းကို ဂျာနယ်မှာ တင်ထားပြီးကြောင်း၊ ဂျာနယ်မှ အသုံးပြုရင် ဖုန်းဆက် အကြောင်းကြားပါ့မယ်လို့ ပြောထားခဲ့ပါတယ်။ ယနေ့တော့ ဒီကုန်စည်ပြပွဲကို ကျွန်တော့် ၀က်ဆိုက် မှာ တင်ပေးထားလိုက်ပါတယ်။
ယနေ့ နေ့လည် (၁၁)နာရီမှာ မကွေးမြို့ ပုည၀တီကျောင်းတိုက်၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှူး ဦးတင်နု က ဖိတ်ကြားလို့သွားပါတယ်။ ကဗျာဆရာ နှင်းဦး(မင်းဘူး) လည်း ရောက်လာပါတယ်။ ဆရာ မကွေးဝင်းမြင့် အိမ် ကနေ ပုည၀တီကျောင်းတိုက် ကို သွားကြပါတယ်။ မိုးကုတ်ဓမ္မရိပ်သာက (၇)ရက်တရားစခမ်း (၇)ရက်ပြည့်အလှူ က ထမင်းစားဖိတ် တာလို့ သိရပါတယ်။ စာရေးဆရာ တင်လင်းဇော်၊ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ ၊ စာရေးဆရာမ နော်လီကို(မကွေး)၊ စာရေးဆရာ မျိုးဇော်၊ ဆရာလွမ်းထား၊ ဆရာလွမ်းရ၊ ပန်းချီ မြင့်ဇော်ဦး၊ ပန်းချီ သူရိန်မြိုင်၊ နဲ့ စာကြည့်တိုက် အဖွဲ့ တို့ ဆုံဖြစ်ကြပါတယ်။ ယနေ့ တနင်္ဂနွေနေ့ဆိုတော့ ရှိတ် စာပေ၀ိုင်း ကို ဆက်ပြီး ကျင်းပမည်လား မသိပါ။ ကျွန်တော်ရယ်ကတော့ ဆရာ မကွေးဝင်းမြင့်၊ နှင်းဦး(မင်းဘူး)တို့နဲ့ အတူ ပြန်လာပါတယ်။ ကျွန်တော့် ဈေးဆိုင်ကို ကျွန်တော့်ဇနီး နဲ့ မြေးမလေးကို က လေးထိန်းရင်း ထားခဲ့ရတာပါ။ ဒါကြောင့် အပြေးပြန်လာခဲ့ရပါတယ်။ ဆိုင်ကို ပြန်ရောက်တာနဲ့ ပုတီးစိတ်ပြီး ကျင့်စဉ်အတိုင်း ဆက်လုပ်ရပါတယ်။ ယခုရက်ပိုင်း ဈေးရောင်းရတာ တော်တော် ပါးနေပါတယ်။ ပုတီးစိတ်လိုက်၊ စာရေးလိုက်၊ အင်တာနက်ကြည့်လိုက် နဲ့ မအိပ်ချင်အောင် တော်တော်ကြိုးစားနေရပါတယ်။
ညနေပိုင်း ဆရာ မကွေးဝင်းမြင့်နဲ့ ကိုနေခြည်၊ ကိုမျိုးဇော် နဲ့ ချင်းဝန်ကြီး ဆလိုင်းလှထွန်း တို့နဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ မကွေးတိုင်းဒေသကြီး ချင်းဝန်ကြီး ဆလိုင်းလှထွန်း က မင်းတုန်းနယ်ဘက် မှ မြို့နဲ့(၁၄) မိုင်ဝေးတဲ့ ချင်းရွာတွေကို သွားခဲ့ကြောင်း ပြောပြနေပါတယ်။ ကားလမ်း လှည်းလမ်း မပေါက်တဲ့ရွာတွေ ကိုခြေလျှင် သွားခဲ့ကြောင်း သိရပါတယ်။ ချင်း အမျိုးသားနေ့ ၂၀-၂-၂၀၁၂ နေ့လုပ်မယ့် အကြောင်း လုပ်ဖြစ်ရင် စာနယ်ဇင်းအဖွဲ့ ကိုဖိတ်ကြားမယ်လို့ ပြောသွားပါတယ်။ မကွေးမြို့မှာ ဖြန့်ဝေမှုနားသွားတဲ့ မန္တလေးထုတ် အထက်မြန်မာပြည် သတင်းဂျာနယ် မကွေးမှာ ပြန်လည် ဖြန့်ဝေလာကြောင်းသိရပါတယ်။ ဖြန့်ဝေသူတွေကတော့ ပန်းချီ မြင့်ဇော်ဦး နဲ့ ကိုဇော်မင်းကြည် တို့ နှစ်ဦးဖြစ်ကြောင်း ကြားသိရပါတယ်။ ပန်းချီမြင့်ဇော်ဦး က လက်ရှိ မန္တလေး ရှိတ်ဂျာနယ်ကို ဖြန့်ချီနေသူဖြစ်ပါတယ်။ ဒါဆို ကြာလာရင် မကွေးမြို့မှာ ရှိတ် အနုပညာဂျာနယ်သေသွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မကွေးမှာ အထက်မြန်မာပြည် ဂျာနယ်က ပေါက်ထားပြီးဖြစ်တယ်။ ရန်ကုန်ထုတ် ဂျာနယ်တွေ ဆိုက်ကို အထက်မြန်မာပြည်ဂျာနယ် ကမှီပါတယ်။ နောက်ပြီး သတင်းဂျာနယ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုမြင့်ဇော်ဦး အနေနဲ့ တစ်ယောက်တည်း ဂျာနယ်နှစ်ဆောင် ကို ကိုင်ပြီး ဖြန့်ချီရင် ရှိတ်ဂျာနယ် သေသွားနိုင်ပါတယ်။ စာပေလောကမှာ စာပေသစ္စာရှိကြရပါ့မယ်။ ဒီကိစ္စမှာ ရှိတ်စာပေ၀ိုင်းနဲ့ ရှိတ်ဂျာနယ် ပျက်စီးသွားစေရေးကို ရေနံ့သာအောင်ချမ်းဇော် ဖြစ်စေချင်တဲ့အတိုင်း ကွဲပြဲကုန်တော့မယ်ထင်ပါတယ်။ ကျွန်တော်ဆိုရင် မန္တလေးဂျာနယ်တွေကို ဘယ်ဂျာနယ်မှ စာမရေးပါဘူး။ ရှိတ် အယ်ဒီတာကို သဘောမကျသော်လည်း သူ့နဲ့ စာပေစင်တင်လာတာ ဆိုတော့ လူကို မကြည့်ဘဲ ဂျာနယ်ကိုပြန်ကြည့်ရတာပါ။ ဂျာနယ်ထုတ်ဝေသူတွေ လဲ တစ်ပတ် တစ်ပတ် အလျှင်မှီအောင် မနည်းလုပ်နေကြရတာပါ။ ဒါကိုပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာ လူတစ်ဦးချင်း စီရဲ့ဝင်ငွေနည်း နေကြလို့ စားဝတ်နေရေးအတွက် တော်တော်ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် စာဖတ်ချိန်လည်း မရ။ ဂျာနယ် ၀ယ်ဖို့ငွေလည်း မတတ်နိုင်ကြတာပါ။ စာမဖတ်ကြတော့ အသိ ပညာ မရှိကြတော့ဘူး။ ဒါဆို လူသားအရင်းမြစ်တွေ ဆုံးရှုံးပြီး တိုင်းပြည်တိုးတက်မှု နှေးကွေးနေပါမည်။ လူတစ်ဦးချင်းစီ ရဲ့ ၀င်ငွေတွေကို တိုးတက်အောင် အစိုးရက ပြန်လည် ကြည့်သင့်ပါပြီ..။
Artikel အမှတ်(၁၄-၂၀၁၂) ၂၂-၁-၂၀၁၂ ` မြန်မာပြည်မှ အလုပ်သမားများ တစ်ဦးချင်း ၀င်ငွေများ တိုးတက်စေချင်´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်(၁၄-၂၀၁၂) ၂၂-၁-၂၀၁၂ ` မြန်မာပြည်မှ အလုပ်သမားများ တစ်ဦးချင်း ၀င်ငွေများ တိုးတက်စေချင်´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment