၇-၃-၂၀၁၂ `သတင်းခေတ်မှာ သတင်းရေးနေရတာ ထမင်းမဆာပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၆-၂၀၁၂) ၇-၃-၂၀၁၂ `သတင်းခေတ်မှာ သတင်းရေးနေရတာ ထမင်းမဆာပါ´ မနေ့က ၆-၃-၂၀၁၂ နေ့ တစ်နေလုံးမိုးလင်းတာနဲ့ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားများနောက်ကို သတင်းလိုက် ယူခဲ့ပါတယ်။ သူတို့အဖွဲက နေ့(၁၂)နာရီမှာ မင်းဘူး၊ ရွှေစက်တော်ဘုရား၊ မြို့သစ်မြို့သို့ ညအိပ်ခရီးဆက်ထွက်သွား ကြတယ်။ သူတို့ပြန်သွားပေမယ့် ကျွန်တော်နဲ့ ကိုနေခြည်ကတော့ တစ်နေကုန် သတင်းရေးတယ်။ အင်တာနက်မှာ အီးမေးလ်ပို့လိုက်ကြရတာ ထမင်းမေ့ ဟင်းမေ့ဖြစ်နေကြတယ်။ ည(၁၂)နာရီကျော်မှ အီးမေးလ်ပို့လို့ ပြီးတယ်။ သတင်းကိစ္စလုပ်နေတာနဲ့ မန္တလေးမှ ငယ်သူငယ်ချင်း ကိုမြင့်ဇော်(ခ) ၀တိုး တို့ မိသားစု ရွှေစက်တော်သွားဖို့ ကျွန်တော်ထံကိုရောက်လာတယ်။ ဧည့်ဝတ်မကျေလိုက်ပါ။ ညက အိပ်ရေးပျက်ပေမယ့် အိပ်ယာထတာ နံနက်(၅)နရီပါ။ ၇-၃-၂၀၁၂ နေ့ တပေါင်းလပြည့်နေ့ပါ။ ရုံးပိတ်ရက်မှာ ဆရာတင်လင်းဇော်နဲ့ နေ့(၁)နာရီကို ဟိုက်ကလပ် လက်ဖက်ရည်ဆိုင်သွားရန်ချိန်းထားပါတယ်။ အင်တာနက် အခမဲ့သုံးကြဖို့ သွားမှာဖြစ်ပါတယ်။ သူဆီကို ဖုန်းဆက်တယ်။ မသွားဖြစ်ကြတော့ပါ။ ဒါကြောင့် ကိုမင်းကိုနိုင် တို့ ကိုဂျင်မီ တို့ ပြောတဲ့ အသံဖိုင်များကိုနားထောင်မယ်။ အဲဒါကို သတင်းပြန်ရေးဖို့ စီစဉ်လိုက်ရတယ်။ `၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် မကွေးမြို့ မြို့မိ မြို့ဖများ တွေ့ဆုံနှတ်ဆက်စကား´ ` အားလုံးမင်္ဂလာပါ ယခင်တုံးက မှန်တာပြောရင် အဖမ်းခံရပါတယ်။ ယခု မှန်တာပြောရင် အဖမ်းမခံရတော့ပါဘူး မီးဖြတ်ခံရပါတယ် ခင်ဗျာ..။(ကိုဂျင်မီပြောနေစဉ် မီးပြတ်သွားသည်)။ ဒါပေမယ့် ကျွန်တော်တို့ကကြိုတင်ပြီး ဘက်ထရီအိုးတွေကို ဆောင်ထား ပါတယ်။ ဒါကြောင့် နောက်နောင်မှာ ဘက်ထရီလုပ်ငန်းရှင်တွေ ကြီးပွားချမ်းသာကြပါတော့မယ်နော်။ မကွေးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိပါတယ်။ မကွေးမြို့ဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတွဲပြီး မြင်မိပါတယ်။ အဲဒီ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ ပန်းခြံကို ကျွှန်တော်တို့အဖွဲ့ ဂါရ၀ပြုဖို့ အလေးပြုဖို့သွားခဲ့ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အနေနဲ့ တံခါးတွေကို လေးဘက်လေးတန်က ပိတ်ထားပါတယ်။ ကျွန်တော်တို့လည်း ကံအားလျှော်စွာ ပန်းခြံတွင်းမှာ စည်ပင်ဝန်ထမ်းတွေ သန့်ရှင်းရေးလုပ်နေတုံး ဖွင့်ထားတဲ့ ခွေးတိုးပေါက်သာသာ တံခါးပေါက်လေးမှ တိုးပြီးဝင်ခဲ့ရပါ တယ်။ ဒါ လက်တွေ့ တစ်ကယ့်အဖြစ်ပါ။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်လဲနေပါပြီ၊ တိုင်းပြည်ကြီးကိုကောင်းအောင် ပွင့်လင်း မြင်သာတဲ့ ပြုပြင်ပြောင်းလဲမူ တွေကို လုပ်ကိုင်မယ်ဆိုရင် ဒီလို အလေးအမြတ်ပြုရမယ့်နေရာက တံခါးပေါက်တွေကိုပိတ်မထားဘဲ ဖွင့်ပေးထားပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခေါက် ဒီ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိုလာခဲ့ရင် ပန်းခြံတံခါးပေါက် များ အားလုံးကို ဖွင့်ထားတာ မြင်ပါရစေလို့ ဆန္ဒပြုခဲ့ပါတယ်..။ မကွေးမြို့ဟာ မြန်မာ့သမိုင်းမှာ ကြီးမြတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ချောက်ရေနံမြေသပိတ်အရေးတော်ပုံကြီးချီတက်လာစဉ်မှာ (အားလုံးသိပြီး သားဖြစ်ပါတယ်။) ရန်ကုန်မြို့ကနေ ဒို့ဗမာအစည်းအရှုံးကလွတ်လိုက်တဲ့ အားဖြည့်အင်ဖြည့် သပိတ်တပ်သားများချီတက်လာ တာ ကျွန်တော်တို့ မျက်စေ့ထဲမှာ ယခု မြင်ယောင်ကြည့်မိပါတယ်။ နေပူထဲမှာ အပင်းပန်းခံပြီး ရပ်ကြည့်နေတဲ့ပရိတ်သပ်များ ခင်ဗျား မေးပါရစေ။ နေပူထဲမှာ စိတ်ထဲမှာ ပင်ပန်းတယ် နေပူတယ်လို့ထင်ပါသလားဗျာ..။ (လူထုထဲက မပူပါဘူး ဟု ပြန်အော်ကြသည်။ ) ဘာကြောင့်မပူတာလဲဆိုရင် မိသားစုချင်းပြန်တွေ့ရတဲ့အခါမှာ နေပူချင်ပူပါစေ မိုးရွာရင်ရွာပါစေ ဘာကြောင့်လည်းဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ နံပတ်တုတ်တွေရဲ့ရှေ့မှာ မျက်ရည်ယိုပုံးတွေ အောက်မှာ လှံစွပ်တွေကြားမှာ သံတိုင်တွေ အုပ်ရိုးတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲရဲကြီးနဲ့ ရင်ဆိုင်ခဲ့ပြီးပြီဘဲ ဒီနေပူတာလောက်တော့ အေးအေးချမ်းချမ်းနဲ့ လရောင်အောက်မှာ ချစ်သူနဲ့စကားပြောနေရသလို ခံစားနိုင်ကြတယ်မဟုတ်လား..။ ကျွန်တော်တို့ပြည်သူနဲ့ တိုင်းရင်းသား တွေကြားမှာ ရှိတာနေတာက အကြောက်တရားနဲ့ချင်းကပ်ခြင်းမဟုတ်ဘူး ချစ်ချင်းမေတ္တာတရားနဲ့ ချင်းကပ်ခြင်းဖြစ်တယ်ဆို တာ မှန်ပါသလား…။ ခုနက စကားကိုပြန်ကောက်ပါ့မယ် မြန်မာ့သမိုင်းမှာ မြင့်မြတ်တဲ့အောင်မြေအဖြစ် မကွေးဆိုတာထင်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်းမှာ ရေနံမြေသပိတ်တပ်ကြီးချီတက် လာကြတာ ချောက်ရေနံမြေကနေ ရန်ကုန်ကို လမ်းလျှောက်ပြီးချီတက်ကြရတဲ့ ဒုက္ခဟာ အင်မတန်ကြီးပါတယ်။ အဲဒီ ဒုက္ခတွေကို အားတက်အောင် အားဖြည့်ဖို့အတွက် ရန်ကုန် ကျေင်းသားမဂ္ဂအဖွဲ့မှ ကိုဘဟိန်းနဲ့ ကိုဗဆွေတို့ အဖွဲ့ကိုမကွေးမြို့ကိုစေလွှတ်လိုက်ပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ရောက်လာတဲ့အခါမှာ အားလုံးအင်အားကြီးစွာနဲ့ပေါင်းဆုံ ခဲ့ကြပြီး `မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ ရမယ်´ဆိုတဲ့ စကားဟာ မကွေးမြို့ကစတင်ခဲ့ရတဲ့ အောင်မြေပါ။ ဒါကြောင့် မကွေးမြို့က အောင်မြေပါ..။ ယခုလို အစဉ်လာကောင်းတဲ့ မကွေးမြို့မှာ ကျွန်တော်စကားပြောခွင့်ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြီး ဂုဏ်ယူပါတယ်..လို့ ပြောပါရစေ…။ အထက်ပါအတိုင်း အစချီပြီး ကိုမင်းကိုနိုင်မှ စတင်ပြောဆိုပါတယ်။ အချိန်(၄၅)မိနစ်ခန့် အကျယ်တ၀င့် မြို့မိ မြိုဖများနှင့်လူငယ်များကို အားပေးနှတ်ဆက် ပြောကြားခဲ့ပါသည်။ ၀ိုင်းကြည်အောင်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၇-၃-၂၀၁၂ `သတင်းခေတ်မှာ သတင်းရေးနေရတာ ထမင်းမဆာပါ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၇-၃-၂၀၁၂ `သတင်းခေတ်မှာ သတင်းရေးနေရတာ ထမင်းမဆာပါ´
 

0 comments: