၂-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲပြီးလို့ အမောပြေတဲ့နေ့´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၂-၂၀၁၂) ၂-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲပြီးလို့ အမောပြေတဲ့နေ့´ မနေ့က ကြားဖြတ်ရွေးချယ်ပွဲမှာ ရန်ကုန်မှ သတင်းဂျာနယ်တိုက်များက မကွေးမြို့ထိ လာရောက်သတင်းယူကြောင်း သိရသည်။ မနေ့က ကြားဖြတ်ရွေးချယ်ပွဲတွင် NLD ပါတီမှ (၄၄) နေရာ ၀င်ရောက်ယှဉ်ပြိုင်ကြတာ (၄၂) နေရာ မှ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိကြောင်း သတင်းများမှ ဖော်ပြနေကြသည်။ ညက သတင်းတင်ပေးတာ ည(၁၂) ကျော်မှ အိပ်ရသည်။ ဒါကြောင့် ယနေ့တော့ အမောဖြေ အနာယူမည်စိတ်ကူးလိုက်၏။ သို့သော် ဆည်မြောင်းရုံးသို့ နံနက်ပိုင်းသွားသည်။ မြေလတ်မင်းလွင်ထံသို့ ယခု မတ်လကုန်မှ စ၍ ငွေသုံးသောင်းလွှဲပေးလိုက်သည်။ ယနေ့တော့ အင်တာနက် သတင်းများကို ဖွင့်ပြီး သတင်းစုံကို ကြည့်နေပါမည်။ နောက်ဆက်တွဲ သတင်းများရလျှင် ထပ်၍ ရေးသားရမည်။ `မကွေးမြို့နယ် ကြားဖြတ်ရွေးချယ်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြု´ ဧပြီ(၂)ရက်။ မကွေးမြို့နယ်တွင်း ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅) မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ (၁၇၉၃၅၈)ဦးအနက် (၁၃၉၈၇၂)ဦးတို့ ဆန္ဒမဲပေးကြသည်။ ယင်း ဆန္ဒမဲများအနက် ခိုင်လုံသော ဆန္ဒမဲ(၁၃၂၀၉၈) များရေတွက်ရရှိခဲ့သည်။ ထို့ကြောင့် (၁) ဦးမြင့်သိန်း (NLD)ပါတီမှ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံး(၉၅၈၈၅)မဲ ဖြင့် အတည်ပြုရွေးချယ်ခံရသည်။ (၂) ဦးအောင်သိန်းကျော် (ကြံ့ခိုင်ရေးပါတီ) မှ ဆန္ဒမဲ(၂၉၈၁၅)မဲရသည်။ (၃) ဦးလှမြင့် (တ.စ.ည)ပါတီမှ ဆန္ဒမဲ(၃၈၂၇)မဲရသည်။ (၄) ဦးခင်မောင်ကြည်(ခ) ဦးကျော်စိန်ဟန်(NDF)ပါတီမှ ဆန္ဒမဲ(၂၅၇၀)မဲရသည်။ ဤ သတင်းအတည်ပြုချက်အား မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ၊ စာအမှတ် (၂၀/၂၀၁၂)၊ ၁၃၇၃ ခု၊ တန်ခူးလဆန်း(၁၁)ရက်၊ (၂၀၁၂ ခု၊ ဧပြီလ(၂)ရက်) နေ့စွဲဖြင့်ထုတ်ပြန် အတည်ပြု၍ သတင်းရယူခဲ့သည်။ `မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ ကြားဖြတ်ရွေးချယ်ပွဲ တွင် ယှဉ်ပြိုင်ကြသော မဲစာရင်းများ အတည်ပြု´ (၁) မကွေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဦးမြင့်သိန်း(NLD) ဆန္ဒမဲ(၉၅၈၈၅) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးအောင်သိန်းကျော်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၉၈၁၅) ဦးလှမြင့်(တ.စ.ည) ဆန္ဒမဲ(၃၈၂၇) ဦးခင်မောင်ကြည်(ခ)ဦးကျော်စိန်ဟန်(NDF) ဆန္ဒမဲ(၂၅၇၀) (၂) ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဒေါက်တာအောင်မိုးညို(NLD) ဆန္ဒမဲ(၅၅၃၃၆) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးတင့်လွင်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၀၈၆၉) ဦးတင့်လွင်(တ.စ.ည) ဆန္ဒမဲ(၁၄၅၈) ဦးကျော်စွာမိုး(အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်) ဆန္ဒမဲ(၁၅၃၈) (၃) ပခုက္ကူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဦးပိုက်ကို(NLD) ဆန္ဒမဲ(၁၀၈၆၈၁) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးကျော်တင့်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၃၀၆၁၂) (၄) ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဦးတိုးရွှေ(ခ)ဦးတင်ဌေးအောင်(NLD) ဆန္ဒမဲ(၇၁၃၅၂) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးဘိုးဝင်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၉၈၃၃) ဦးဟန်ရှင်းဝင်း(တစ်သီးပုဂ္ဂလ) ဆန္ဒမဲ(၃၁၆၂) (၅) မြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဦးမြင့်အောင်(NLD) ဆန္ဒမဲ(၇၅၀၆၅) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးကျော်မြင့်သန်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၅၄၈၂) (၆) တောင်တွင်းကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရွေးချယ် ဦးအောင်ကြည်ညွှန့်(NLD) ဆန္ဒမဲ(၇၆၇၆၇) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။) ဦးမောင်မောင်ဝင်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၃၃၃၈၉) ဦးမောင်ဝင်း(ခ)ဦးအောင်ဝင်း(တ.စ.ည) ဆန္ဒမဲ(၅၄၁၄) ဦးအောင်သန်းတင်(ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေ) ဆန္ဒမဲ(၁၅၀၈) အထက်ပါစာရင်းများကို မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ၂-၄-၂၀၁၂ နေ့တွင် ထုတ်ပြန်ကြော်ငြာထား၍ ၎င်းအတည်ပြုချက်အား သတင်းရယူခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲပြီးလို့ အမောပြေတဲ့နေ့´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲပြီးလို့ အမောပြေတဲ့နေ့´
 

0 comments: