` ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်သမီး ချောရတနာ တို့လာဖွင့်ပေးသော မကွေးမြို့မှ ဆန်းသစ်ထူးခြားတဲ့ အလှပြင်ဆိုင်´

` ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်သမီး ချောရတနာ တို့လာဖွင့်ပေးသော မကွေးမြို့မှ ဆန်းသစ်ထူးခြားတဲ့ အလှပြင်ဆိုင်´ ၂၄-၅-၂၀၁၂ နေ့ နံနက်(၁၁)နာရီတွင် မကွေးမြို့၊ကန်သာ(ဘီ)ရပ်ကွက်၊ အထက(၁)လမ်း၊ အမှတ် ဘီ/၂ မှာ SIZZER (ဆီဇာ) အမည်ရှိ Sizzer Hair Studio & Spa အမျိုးသား အမျိုးသမီး များအတွက် အလှပြင်ဆိုင်မှာ ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်းသမီး ချောရတနာတို့မှ လာရောက်ဖွင့်ပေးကြောင်း သတင်းရရှိခဲ့ပါသည်။ ၎င်း ဆိုင်ဖွင့်ပွဲအား နံနက်(၉)နာရီမှာ ဖွင့်လှစ်ရန်ဖိတ်ကြားထားသော်လည်း ရန်ကုန်မြို့မှ လာရောက်ဖွင့်လှစ်ပေးကြမည့် မင်းသား နှင့် မင်းသမီးတို့၏ ကားသည် လမ်းခရီး၌ မိုးသည်းထန်စွာရွာသွန်း၍ ချောင်းကျနေခြင်းအတွက် နောက်ကျပြီး နံနက်(၁၁)နာရီကျော်မှ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။ လမ်းမပေါ်တွင် လူများဝိုင်းအုံ၍ စောင့်မျှော်ကြည့်ရှုနေကြကြောင်း မြင်တွေ့ရသည်။ `မကွေးမြို့မှာ အလှပြင်ဆိုင်တွေ အကြီး အသေး အများကြီးရှိပေမယ့် ဒီလိုမျိုး ရုပ်ရှင် ဗွီဒီယို မင်းသား မင်းသမီများ ကိုယ်တိုင်လာရောက် အလှပြင်လို့ ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တာ တစ်ခါမှ မရှိဘူး၊ မမြင်ဘူး၊ မကြားဘူးခဲ့ပါဘူးကွယ်´ ဟု လာရောက်ကြည့်ရှုသော ကန်သာရပ်ကွက်မှ အသက်(၅၀)ခန့်ရှိ ဒေါ်သန်းခင် ဆိုသူအမျိုးသမီးကြီးက ဆိုပါ၏။ `` ကျုပ်တို့ မကွေးမြို့မှာ ဒီလို အဆင့်မီအလှပြင်ဆိုင်မျိုး သန့်သန့်လေးနဲ့ လုပ်ကိုင်ပြီး ဖွင့်ပေးရင်တော့ ကောင်းပါတယ်။ ဒီမှာက တက္ကသိုလ်ကျောင်းတွေက(၅) ခု၊ ကောလိပ်ကျောင်းက(၁) ကျောင်း နဲ့ အထက်တန်းကျောင်းက(၃)ကျောင်း၊ ကျောင်းသားမြို့တော်ကြီးမှာ လှချင် ပချင်တဲ့ လူငယ်တွေက ဒုနဲ့ ဒေး အများကြီးရှိပါတယ်ဗျာ..။ ဒါပေမယ့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာလို အလှပြင်ဆိုင်ကိုဘမ်းပြပြီး မာဆပ်တွေ ဘာတွေလုပ်လာမှာကိုတော့ ကြောက်ရပါတယ်ဗျာ..။ ယခုကိုပဲ အလှပြင်ဆိုင်ကြီးတစ်ဆိုင်မှာ ခန္ဓာကိုယ်ပေါင်းတင်၊ ချေးချွတ်၊ အဆီချချင်ရင် အပေါ်ထပ်သို့ကြွပါ ငွေကျပ်တစ်သိန်းတဲ့ဗျ.. ´´ဟု အသက်(၄၅)နှစ်ခန့်ရှိ ဆိုက်ကားဆရာတစ်ဦးမှ ပြောဆိုနေသံ ကြားခဲ့၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: