၎-၃-၂၀၁၂ `ရွှေစက်တော်ဘုရားပွဲတော်မှ သတင်းစကားများ

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၃-၂၀၁၂) ၄-၃-၂၀၁၂ `ရွှေစက်တော်ဘုရားပွဲတော်မှ သတင်းစကားများ´ ညက မန်းလေရွှစက်တော် သတင်းများရေးပြီး မေးလ်ပို့တာ နံနက်(၁)နာရီကျော်မှ ပြီးပါတယ်။ ယနေ့ နံနက်ပိုင်းမှာ အိပ်ချင်နေပါတယ်။ ကိုနေခြည် လာလို့ ရွှေစက်တော် သတင်းဓာတ်ပုံများ ပေးလိုက်တယ်။ ရွှေစက်တော်ဘုရားပွဲတော်က အထက်စက်တော်ရာ အောက်စက်တော်ရာက ဗုဒ္ဓမြတ်ဘုရား၏ ခြေတော်ရာနှစ်ဆု အလှူငွေများမှ အပ အားလုံးနေရာစုံ လုပ်ငန်းစုံများကို လေလံပေးထားတယ်လို့ သိရပါတယ်။ ရေကုသိုလ်အလှူ တောင်ပေါ်ရေချမ်းစဉ်များကိုလည်း လေလံပေးထားပါတယ်။ (၁၀)၀င် ပိဿာ လေးထောင့်ရေပုံး နှစ်ပုံးပါ ရေတစ်ထမ်းကို ရွှေစက်တော်အောက်ခြေ သဲသောင်ပြင်ပွဲတော်ကွင်းမှ အထက်စက်တော်ရာ တောင်ပေါ်( မုဆိုးဒူးထောက်)အထိ ရေတစ်ထမ်း ငွေ(၄၀၀)ကျပ်သာ ရကြောင်း ရေထမ်းရောင်းချသူ တစ်ဦးက ပြောပါတယ်။ အလှူခံရာ ဌာနမှာ ရေတစ်အိုး (၅၀၀)ကျပ်နှုန်းနဲ့ အလူခံကြကြောင်း သိရပါတယ်။ ရေကုသိုလ် ရေချမ်းစင် (အထက်စက်တော်ရာပေါ်မှာ) လေလံဈေးက သိန်း(၁၈၀)ခန့် ပေးရကြောင်း ကြားသိရပါတယ်။ ဒီလောက် လေလံဈေးများတာကို ဘုရားပွဲတော်ပြီးရင်း သိန်း(၄၀/၅၀) ခန့်မြတ်တယ်လို့ မိတ်ဆွေတစ်ဦးထံမှ သိရတယ်။ ဒီကိစ္စကိုတော့ သတင်းမရေးသင့်ဘူးလို့ သတ်မှတ်ထားပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်မှ အခမဲ့ အနုပညာ ဓာတ်ပုံပြပွဲကြီး ပျောက်ကွယ်တော့မည်..။ ကျွန်တော် ရွှေစက်တော်ဘုရားပွဲတော်သို့ ရောက်တိုင်း မန်းချောင်းကိုဖြတ်ပြီး တံတားထိုးထားတဲ့ တံတားမုဒ်ဦးကြီး၏ မြောက်ဘက်ဘေးက (ရွှေစက်တော်ဘုရားပွဲတော် ဓာတ်ပုံပြပွဲခန်းမ) သို့ နှစ်စဉ်ဝင်ရောက်ကြည့်ရှုခဲ့ပါသည်။ ယခု မရောက်သည်မှာ သုံးနှစ်လောက်ကြာခဲ့ပါပြီ။ ၂-၃-၂၀၁၂ နေ့တွင် ရွှေစက်တော်ဘုရားပွဲတော်သို့ ရောက်ခဲ့ပါသည်။ ကျွန်တော် သွားနေကြ ၀င်ကြည့်နေကြ ရွှေစက်တော်ဘုရား ဓာတ်ပုံပြပွဲ ခန်းမကို မူလ နေရာမှာ မမြင် မတွေ့ရတော့ပါ။ စုံစမ်း မေးမြန်းပြီး ရှာကြည့်လိုက်တော့ အောက်စက်တော်ရာ(ခြေတော်ရာ)ဘုရား၏ တောင်ဘက် လမ်းကြားလေးမှာ နေရာပြောင်းရွှေ့ဖွင့်လှစ်ထား ပါသည်။ ယခင်လို ခန်းခန်းနားနားနဲ့ ဆိုင်းဘုတ်တင်ထားခြင်းလည်း မရှိပါ။ (ဓာတ်ပုံပါ အတိုင်း) မိုးမလုံ လေမလုံ မော်တော်ဆိုင်ကယ်တွေ ရပ်နားပိတ်ဆို့ထား တဲ့ ဓာတ်ပုံပြခန်းလေးကိုသာ မြင်တွေ့ခဲ့ရပါ၏။ ဆိုင်းဘုတ်တင်ထားခြင်းမရှိ၍ အခြားဈေးသည်များအား မေးမြန်းခဲ့သော်လည်း မသိပါဟု ဖြေဆိုကြ၍ ဒီနေရာ ဓာတ်ပုံ ပြပွဲကို တော်တော်ရှာခဲ့ရပါသည်။ ယခု အခမဲ့ ဓာတ်ပုံပြပွဲကြီးကို တစ်ကိုယ်တော် ဓာတ်ပုံဆရာ နီတွတ်(နှတ်ခမ်းမွေး) ဆိုသူက (၁၉၉၂)ခုနှစ်မှ စတင်၍ ရေနံချောင်းမြို့ကနေ နှစ်စဉ်လာရောက်ပြီး ပြသခဲ့ပါသည်။ ရွှေစက်တော်ဘုရားဂေါပက အဖွဲ့ကလည်း မြေနေရာနှင့် ဆိုင်ခန်းကို အခမဲ့ ဆောက်လုပ်ပေးထားပါ၏။ မန်းရွှေစက်တော်ဘုရားပွဲတော်၏ သဘာဝအလှ အနုပညာ ဓာတ်ပုံလက်ရာများကို ငေးမောကြည့်ရှုနေရပါသည်။ ထူးခြားဖြစ်စဉ် (၁၉၉၆) ခုနှစ်အတွင်းမှ ရေကြီး ရေလျှံခဲ့သော သဘာဝ ဘေးအန္တရာယ်မှတ်တမ်းတင် ဓာတ်ပုံများမှာလည်း စိတ်ဝင်စားဖွယ် အလွန်ကောင်းလှပါ၏။ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး၏ ခေတ် အဆက်ဆက်မှ သမိုင်းဝင်ရှားပါး ဓာတ်ပုံများကို မှတ်တမ်း မှတ်ရာများအဖြစ် ပြသပေးထားခြင်းဖြစ်ပါသည်။ တန်ဘိုးမဖြတ်နိုင်သော အနုပညာလက်ရာမြောက် သဘာဝအလှ ဓာတ်ပုံများအား တစ်ဝကြီး ကြည့်ရှုခဲ့ရပါသည်။ ဤ ကဲ့သို့ အခမဲ့ဓာတ်ပုံပြပွဲကြီးအား နှစ်စဉ်မပျက်မကွက်ပြသပေးထားသော ဓာတ်ပုံပြပွဲမျိုးမှာ အခြားဘုရားပွဲတော်များတွင် မရှိပါ။ ယခုအခါ ရွှေစက်တော်ဘုရားပွဲတော်တွင် ဆိုင်ခန်းနဲ့ မြေနေရာများမှာ ဈေးကောင်းရပြီး (သိန်းဆယ်ဂဏန်း) တန်နေ၍ အခမဲ့ဓာတ်ပုံပြခန်းအား မူလနေရာ( မိန်းလမ်းမပေါ်မှ) လမ်းကြားနေရာသို့ ပြောင်းရွှေ့ပေးထားတာ (၃)နှစ်ရှိပါပြီဗျာ..ဟု တစ်ကိုယ်တော် ဓာတ်ပုံဆရာကြီး ဦးနီတွတ်(နှတ်ခမ်းမွှေး) မှ လျှပ်တစ်ပြက် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၄-၃-၂၀၁၂ `ရွှေစက်တော်ဘုရားပွဲတော်မှ သတင်းစကားများ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၄-၃-၂၀၁၂ `ရွှေစက်တော်ဘုရားပွဲတော်မှ သတင်းစကားများ
 

0 comments: