၂၁-၃-၂၀၁၂ ` မြေးလေး မောင်ဘုန်းနေခန့် ဥယဉ်မှူးမူကြိုကျောင်း ကပွဲ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၀-၂၀၁၂) ၂၁-၃-၂၀၁၂ ` မြေးလေး မောင်ဘုန်းနေခန့် ဥယဉ်မှူးမူကြိုကျောင်း ကပွဲ´ နံနက်(၉)နာရီမှ စပြီး ညနေ(၃)နာရီအထိ အိမ်းမှ တစ်အိမ်လုံး မြေးလေးမောင်ဘုန်းနေခန့် မူကြိုကျောင်း ကပွဲသွားကြတယ်။ သားကြီးနဲ့ ကျွန်တော် နှစ်ယောက်တည်း ဆိုင်(၂)ဆိုင်မှာ ထိုင်ကြတယ်။ မြေးလေးက ကောင်းဗွိုင်ဝတ်စုံနဲ့ ကရတယ်လို့ သိရပါတယ်။ ဆုတွေ တစ်အိပ်ကြီးပါလာတယ်။ မြန်မာပို့စ် ဂျာနယ်ပါတဲ့ ဧရာဝတီရှုခင်းသာ အိမ်ယာစီမံကိန်းမှ စာမူခ ငွေတစ်သောင်းလာပေးပါတယ်။ ဒီနေ့ တော်တော်နေပူတယ်။ မနေနိုင်လို့ ရေချိုးရပါတယ်။ ဆရာကြီးနဲ့ ကိုနေခြည်တို့ နှစ်ဦး မနက်ဖြန်ရန်ကုန်သွားကြမယ်။ စာနယ်ဇင်းကောင်စီပြန်လည်ဖွဲ့ရေးအတွက်ပါ။ ဒါကြောင့် ရန်ကုန်သို့ ပေးရန် ကိုယ်စားလှယ်လွှဲစာများ ပေးလိုက်တယ်။ မြန်မာပို့စ် ၊ လျှပ်တစ်ပြက်၊ မော်နီတာဂျာနယ်များသို့ စာမူခထုတ်ယူရန် အတွက် မှာလိုက်ရပါတယ်။ မြန်မာပို့စ် နဲ့ မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တိုက်များမှာ နယ်သတင်းတာဝန်ခံအတွက် ဆက်သွယ်တဲ့စာ ရေးပေးလိုက်ပါတယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့်လာတယ်။ ကားလက်မှတ် အာကာသ ကားမှာ အဲယားကွန်းကားဖြစ်လို့ သူက မလိုက်တော့ဘဲ အောင်ကမ္ဘာကားနဲ့ လိုက်ရန်ပြောပါတယ်။ ကိုနေခြည် တ စ်ယောက်တည်း အာကာသကားမှာ လိုက်မည် သိရတယ်။ ရန်ကုန်သို့ စာနယ်ဇင်းကိစ္စသွားတိုင်း ဆရာကြီး မကွေးဝင်းမြင့် နဲ့ ကိုနေခြည်တို့က တစ်ကွဲ တပြာဆီသာ။ ဒါဆိုရင် နှစ်ခေါက်ဖြစ်သွားပြီ။ ကားတစ်စင်းဆီ စီးပြီးသွားကြမည်တဲ့။ ညနေ ဆရာကြီးနဲ့ အတွေးရိပ် စာပေကိုသွားတယ်။ ဦးတင်လှ က ဒေါ်စုလာရင် ကြိုဆိုဖို့ ဗီနိုင်းသားများလုပ်မယ် ဆိုပါတယ်။ အလှူခံနေ၍ မထည့်နိုင်ပါကြောင်း တောင်းပန်ရပါတယ်။ နံနက်ပိုင်းကနေ နေ့လည်အထိ (၂၅-၃-၂၀၁၂) နေ့ ကံရွာမှာ စာပေဟောပြောပွဲအတွက် ဟောပြောရန် စာများ သီချင်းများကို ကြိုတင်စီစဉ်ပါတယ်။ ကိုနေခြည်ထံမှ ကမ္ဘောဇဘဏ်စာအုပ် ပြန်ယူထားတယ်။ ဦးဟန်မောင် လာပေးတဲ့ စာမူခနဲ့ စာရင်းရှင်းကြပါတယ်။ အဲဒီဘဏ်ကများ မြေယာအိမ်များ အရစ်ကျပေးမယ်ဆိုရင်တော့ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မြေလေးနဲ့ မသေခင် နေချင်ပါသေးတယ်။ မနေ့က ဆည်မြောင်းရုံးက ရာထူးတက်တယ်။ ဒီနေ့ ကမ္ဘောဇဘဏ် စာအုပ်ပြန်ရတယ်။ ငွေဝင်တော့မယ် သေချာနေပါပြီ။ တစ်ခါ မင်္ဂလာသတင်း သားကြီးကို ယာဉ်မောင်းအလုပ်က ဆက်သွယ်တယ်လို့ သိရတယ်။ အလုပ်ကတော့ မရသေးပါဘူး။ သားအဖ နှစ်ယောက်အစိုးရအလုပ်ကိုယ်ဆီ ရရင် ပေးစရာ ကြွေးငွေများပြန်ဆပ်နိုင်မယ် ထင်ပါတယ်။ အင်း လူ့ဘ၀ကြီး ဘာမှကို အလိုပြည့်တယ် မဟုတ်ပါလား။ ပိုဆိုတာက ကျွန်တော့်ဘ၀ က ငှက်ခါးပြန်သလို မဟုတ်တော့ဘဲ အတက် အဆင်းက တော်တော်ကို ကြမ်းတမ်းလွန်းပါတယ်။ ထီကိုယ်စားလှယ်လုပ်ငန်းရှင်ကြီးဘ၀ကနေ ယခုတော့ နေစရာမရှိ၊ စားစရာမှ အနိုင်နိုင်ဘ၀ကို ပြန်ရောက်နေပြန်ပါပြီ။ ဒါ ကိုယ်ပြုသမျှ ကိုယ်သာခံရတယ် ဆိုပါတော့ ကိုယ်ကျင့်တရားများ ပျက်ပျက်သွားလို့သာ ဒီလိုဖြစ်ရပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: