၂၇-၄-၂၀၁၂ `မြန်မာပို့စ် သတင်းဂျာနယ် အယ်ဒီတာ ဆက်ဆံရေးကောင်း´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၉၇-၄-၂၀၁၂) ၂၇-၄-၂၀၁၂ `မြန်မာပို့စ် သတင်းဂျာနယ် အယ်ဒီတာ ဆက်ဆံရေးကောင်း´
နံနက်စောစော ရေထချိုးတယ်။ နံနက်(၇း၃၀)နာရီမှာ မနေ့ကချိန်းဆိုထားတဲ့ မြန်မာပို့စ် သတင်းဂျာနယ်တိုက်သို့ ကားငှါးသွားတယ်။ ကာခ(၂၀၀၀ိ) ပေးလိုက်ပါတယ်။ လမ်းမှာပြီး ပတ်ရှာနေရတာ တော်တော်ကြာသွားရပါတယ်။ အယ်ဒီတာချုပ် ခိုင်လင်းကျော် နဲ့ စတင်တွေ့ဆုံရပါတယ်။ သူက လက်ဖက်ရည်ဆိုင်သို့ ခေါ်ပြီး ကျွန်တော့်ကို ဧည့်ခံပေးပါတယ်။ ဂျာနယ်နဲ့ ပတ်သက်သောကိစ္စများကို ဖော်ရွေပြူငှါစွာနဲ့ ပြောဆိုပါတယ်။ သူတို့ တိုက်မှ စီးပွားရေး သတင်းဂျာနယ်တစ်စောင် မကြာခင်ထပ်မံထုတ်မယ်လို့ ပြောပါတယ်။ ယခု အပတ်မြန်မာပို့စ် ဂျာနယ်မှစပြီး ကျွန်တော့် ကလောင်အမည် ထည့်ပေးမယ်။ သတင်ထောက်ကဒ်ထုတ်ပေးလိုက်မယ် လို့ပြောပါတယ်။ မကြာခင် ဖွဲ့စည်းပုံအသစ်ပြန်ဖွဲ့ ရင် နယ်သတင်းထောက်အဖြစ်နဲ့ လခပေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အယ်ဒီတာချုပ် ကိုခိုင်လင်းကျော် က ဥက္ကံမြို့သား အသက်က(၃၀)လောက်သာ ဖြစ်ကြောင်းသိရပါတယ်။ လူငယ်ဖြစ်သော်လည်း ကိုယ့်သတင်းထောက်များ အပေါ်မှာ ယဉ်ကျေးစွာ ဆက်ဆံခဲ့ပါတယ်။ မနက်ဖြန် စနေနေ့ နံနက်(၁၀)နာရီလောက်မှာ စာမူခ၊ ဂျာနယ်လက်ဆောင် ကျန်သလောက် နဲ့ သတင်းထောက်ကဒ်ကို တစ်ပါတည်းလာယူရန် မှာလိုက်ပါတယ်။ သင်တန်းကို အချိန်မှီအောင် ကားငှါးပြီး ချက်စီယံဟော်တယ်သို့ အပြေးသွားခဲ့ရပါတယ်။ သင်တန်းဆင်းရက်မှာ တစ်ဦးချင်း ရင်းနှီးစွာဖြင့် ကိုယ့်ရေးသားချင်တဲ့၊ ရေးသားခဲ့တဲ့ သတင်း(စတိုရီ)အကြောင်းများကို တစ်ဦးချင်းပြောဆို ဆွေးနွေးကြရပါတယ်။ လိပ်စာများ အပြန်အလှန် ပေးကြပါတယ်။ ညနေပိုင်း ဆရာဦးအောင်ချိုထံသို့ ဖုန်းဆက်ပြီး မှာပါတယ်။ ဆရာက လာခေါ်ပါတယ်။ တာမွေထိပ်သို့ ဆရာနဲ့ အတူလိုက်သွားပါတယ်။ ထမင်းစားကြပါတယ်။ အပြန်ကားငှါးပြီးပြန်လာပါတယ်။ ယနေ့ ကားခ(၅၀၀၀ိ)ကုန်ပြီး ထမင်းဖိုး(၄၅၀၀ိ) ကုန်ပါတယ်။ ည FAME ဟော်တယ်မှာ အင်တာနက်သုံးပါတယ်။
CHATRIUM HOTLL 3
မြေယာမှုခင်း သတင်းများကိစ္စ သင်တန်း
၂၇-၄-၂၀၁၂ နံနက်(၉)နာရီတွင် စတင်သည်။
ပညာရှင် ဆရာ (၄) ဦးမှ နံနက်(၉း၃၅)နာရီမှာ စတင်သည်။
ဒေါက်တာ ခင်ဇော်ဝင်း၊ ဆရာ ဦးစံသိန်း၊ ဆရာစိန်ကြိုင်၊ ဆရာ ဦးထွန်းလင်းဦး
အငယ်စားလယ်သမားများ အတွက် အကျိုးခံစားခွင့်
ဒေါက်တာ ခင်ဇော်ဝင်း မှ စတင်ဆွေးနွေးသည်။ ဆရာဦးစံသိန်း မှ ဖြည့်စွက်ဆွေးနွေးသည်။
ယခု အချိန်ကတော့ မနှောင်းသေးပါဘူး။ ကမ္ဘာ့မီးဖိုချောင် သြစတေးလျှ ဖြစ်ပါတယ်။
ဆရာဦးထွန်းလင်းဦး မှ တတိယဆွေးနွေးပါသည်။ တောင်သူလယ်သမား စိုက်ပျိုးရေး ပညာရေးကိစ္စများကို အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပါ။ မြေစာရင်း ပြဿနာများ မှတ်ပုံတင်ထားသူများက လျှော်ကြေးရပြီး မရသူက များနေသည်။
ဆရာဦးစိန်ကြိုင် မှ ဆက်လက်ဆွေးနွေးသည်။ ဥပဒေရေးရာ ကိစ္စများကို အသေးစိတ်ဆွေးနွေးသည်။
တောင်သူလယ်သမားတွေရဲ့ လက်တွေ့ဘ၀ကို ကွင်းဆင်း ကြည့်ရှုရေးသားပေးကြရန် တိုက်တွန်းသည်။ ဥပဒေပညာများ လူတိုင်းစိတ်မ၀င်စားသော ကိစ္စ။ သားသမီးများကြောင့် မိဘများပုသွားသည်။ ညွှန်ကြားချက် တယ်လီဖုန်းအမိန့်များသည် တစ်ခါတရံ ဥပဒေကဲ့သို့ အာဏာတည်သွားတတ်ကြောင့် ရှိနေသောကိစ္စ။ ဥပဒေပညာကို အများပြည်သူများ စိတ်ဝင်စားနိုင်အောင် သိလာအောင် အသုံးပြုတတ်လာအောင် ၀ိုင်းဝန်း လက်ဆင့်ကမ်း ပြောကြားပေးကြရန်လိုအပ်နေ ပါသည်။ ခေတ္တနားသည်။
နေ့လည်(၁၁း၁၅)နာရီမှာ ပြန်စသည်။
ဆရာစိန်ကြိုင်အားမေးမြန်းရာ ဖြေဆိုခြင်း။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့််ခွဲရေးဥပဒေပြဌာန်း ခြင်း ခေါင်းစဉ်အား ပြန်လည်ဆွေနွေး မေးမြန်းကြပါသည်။
ဆရာဦးစံသိန်း အားမေးမြန်းကြသည်။
ချင်းပြည်နယ်တောင်ယာဧကများ (၂) သိန်း(၇)သောင်းကျော်။ လယ်(၃)သောင်း။ စုစုပေါင်းစိုက်ဧက (၃၄၃၇၀၀)သိန်းကျော်။ ချင်းပြည်နယ်တွင် စိုက်ပျိုးနိုင်သောဧရိယာ (၃.၈၆%)သာ ရှိပါသည်။
တည်မြဲ ၂၀%
ရွေပြောင်း ၈၀%
ထန်တလန်မြို့နယ်မှာ စိုက်ပျိုးဧက စုစုပေါင်း(၃)သောင်းကျော်ရှိသည်။
ချင်းပြည်နယ်မှာ တောင်ယာစိုက်ခင်းများကို A အဆင့်လူတန်းစားမှ အနည်းငယ်သာ လုပ်ကိုင်ကြသည်။ ဧက (၁)ဧက၊ (၂)ဧကလောက်သာရှိနိုင်ပါမည်။
ချင်းပြည်နယ် အကျယ်အ၀န်း (၈.၉)သန်းဧက ရှိသည်။ စတု၇န်းမိုင် ၉၄၀၀၀ ကျော်ခန့်ရှိမည်။
၁၉၉၉ ခုနှစ်ကစပြီး တပ်နယ်မြေများ စွာပေါ်ပေါက်လာသည်။ အရပ်သိ သိလို့မရနိုင်ပါ။ တိတိကျကျ နှစ်ဖက်သိမှသာ ကိုယ့်ဘက်မှ ဆောင်ရွက်သင့်ပါသည်။
၁၃၅၃ ခုနှစ်မှာစတင်ခဲ့ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေး လယ်ယာသစ်တော။ လယ်ယာနှင့်ဆည်မြောင်း ဆိုပြီး ပေါ်တယ်။ ၁၉၉၁ ခုနှစ်မှစ၍ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ ပေါင်းပြီး မြေယာဧကပေါင်း (၁.၈)သန်းကျော် သူတို့အဖွဲ့တွေမှာ ရရှိသွားပါပြီ။ နည်းဥပဒေ မချမှတ်ခင် ပြောပိုင်ခွင့်ရှိနေပါသေးသည်။ ဟု ဆရာဦးစံသိန်းမှ ဖြေဆိုပါသည်။
လယ်သမားတွေဆီမှ တဧကကို(၈)သိန်းလောက်နဲ့ သိမ်းယူပြီး ဒီလယ်တွေကို ၀ိုင်းကွက်များရိုက်ယူပြီး တစ်ကွက်ကို သိန်းထောင်ချီ ရောင်းစားနေတဲ့ကိစ္စများ ဘယ်လိုဖြေရှင်းမည်လဲ ဟု သတင်းထောက်များမှ မေးမြန်းပါသည်။ ဆရာ ဦးထွန်းလင်း က မြေသိမ်းထားတာတွေ ဟိုယခင်ကအတိုင်း ဖြစ်ခဲ့ကြပါသည်။ ယခုမှ မဟုတ်ပါ။ သို့သော် နိုင်ငံတော် နာမည်ဖြင့် မတရားပြုကျင့်ခြင်းဖြစ်နေကြောင်း သုံးသပ်ပြောဆိုကြပါသည်။ ဒေါက်တာ ခင်ဇော်ဝင်း မှ ဒီကိစ္စကို မြန်မာပြည် တရားရေးမှ ဖြေရှင်း၍လည်း မရဖြစ်နေတယ်။ လွှတ်တော်အမတ်များ ကို အားကိုးရမည်။ သို့သော် အမတ်မင်းများကလည်း အားကြီးတဲ့ တစ်ပါတီကသာ ဖြစ်နေတော့ အဆင်မပြေဖြစ်နေကြရပါပြီ။ တောင်သူလယ်သမား အဖွဲ့အစည်းများ အမြန်ဆုံးပေါ်ပေါက်ပြီး တောင်းဆိုသင့်ကြောင်း ၀ိုင်းဝန်းဆွေးနွေး မေးမြန်းကြပါသည်။
ဆရာဦးရဲနိုင်မိုး နေ့လည်(၂း၁၀)နာရီ တွင် စတင်သည်။
မြေယာကိစ္စမှ (၅)ချက်။
(၁) မြေမဲ့ ပြဿနာများလာခြင်း။
(၂) ယခု မြေယာဥပဒေအသစ်မှာ မြေယာဈေးကွက်စီးပွားရေးအခြေခံလာ။
(၃) အငယ်စားလယ်သမာများအတွက် မြေယာဆုံးရှုံးမှုများ။
(၄) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မြင့်တက်လာမည်။
(၅) တောင်တန်းဒေသ မြေယာသုံးစွဲမှုကို ယခု ဥပဒေမှာ ဖော်ပြထားခြင်းမပါ။
Internews (ထိုင်းနိုင်ငံမှာ အခြေစိုက်)
Side Bar (အင်တာဗျူး၊ လယ်သမားများအတွက် ဆောင်းပါး၊ နောက်ဆုံးဖြစ်တဲ့ သတင်းများ)
မေးခွန်း(၃)ခုကိုဖြေနိုင်ရမည်။
(၁) ဘာကြောင့်လဲ၊ ဘာကြောင့်ရှုံးတာလဲ
(၂) So What ?
(၃) Solutian
လွှတ်တော် (ဥပဒေပြု)
မီဒီယာ သတင်းသမားများ
ပြည်သူများဘက်မှ (သက်ဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းများ)မှ (မီဒီယာ) (သို့) (နိုင်ငံရေးပါတီ)
နောက်နည်းလမ်းတစ်ခု။ ။ ဥပဒေများပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်ကြားမှာ အသိပညာရှင် အတတ်ပညာရှင်အဖွဲ့ ခေါ် နိုင်ငံခြားတိုင်းပြည်များမှာလို (လော်ပီ) အဖွဲ့များရှိရမယ်။
မြေယာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားမှုဖြစ်သော်လည်း အချက်(၁၀) မှ ဟန်ချက်ညီအောင် သတင်းရေးရမယ်ဆိုရင် Demanigad (မကောင်းဆိုးဝါး) ကို မမြင်ပါနဲ့။
ညနေ(၅)နာရီပြီးသည်။
Artikel ၂၇-၄-၂၀၁၂ `မြန်မာပို့စ် သတင်းဂျာနယ် အယ်ဒီတာ ဆက်ဆံရေးကောင်း´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၇-၄-၂၀၁၂ `မြန်မာပို့စ် သတင်းဂျာနယ် အယ်ဒီတာ ဆက်ဆံရေးကောင်း´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment