၂၅-၂-၂၀၁၂ ` စာပေလွတ်လပ်ခွင့် နဲ့ သတင်းထောက်စိတ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၃၇-၂၀၁၂) ၂၅-၂-၂၀၁၂ ` စာပေလွတ်လပ်ခွင့် နဲ့ သတင်းထောက်စိတ်´ ပြည်သူ့ခေတ်ဂျာနယ်မှ ဒေါက်တာထွန်းလွင် ရေးတဲ့ စာပေဟောပြောခွင့်မရလို့ မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့်တိုက်(၄)နှစ်ပြည့်စာပေဟောပြောပွဲ ပွဲမိန့်မရတဲ့ ဆောင်းပါးက နာမည်ကြီးနေပါတယ်။ ဒီအကြောင်းကို ဆောင်းပါးရေးပါတယ်။ ပြည့်သူခေတ်ဂျာနယ်သို့လည်း ပို့ထားပါတယ်။ မသေချာလို့ ကိုယ့်တိုက် လျှပ်တစ်ပြက်ဂျာနယ်ကို ခေါင်းစဉ်ပြောင်းပြီး ပို့ပါတယ်။ ကိုယ့်စီးပွားရေးမှာ သမီးမီးဖိုချောင်မှ ဆင်းပြီး စားအိုးခွဲချက်စားနေရတာပါ။ တစ်နေ့စာ တစ်နေ့တွက်ပြီး စားနေရပါတယ်။ စားစရာသာ မရှိတာ သတင်းနဲ့ ပတ်သက်လာရင် မီဒီယာလောကကို ထိပါးလာရင် မမှန် မကန် စော်ကားလာရင် မခံတတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားလဲ မပါဘဲ ဘာအရှုးထနေတာလဲလို့တော့ မေးချင်မေးကြပါမည်။ စာပေအနုပညာသမားဆိုတာ မရှိမာန၊ ပစ္စည်းမဲ့ မာန လို့သာ ဆိုရမှာပါ။ အများအတွက်ဆိုရင် အသက်ကိုတောင် စတေးခံရဲပါတယ်။ မြင့်မြတ်တဲ့ သတင်းသမားလို့ ကိုယ့်ကိုယ် ကြွေးကြော်လိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ နေ့လည် (၂း၃၀)နာရီမှ ညနေ(၄း၃၀) အထိ အင်တာနက်အခမဲ့သုံးရတဲ့ ဟိုက်ကလပ် ကဖီးကို လာပြီး စာရေးပါတယ်။ ကိုယ်ပိုင် ADSL လိုင်းကလည်း ဘယ်ဂျာနယ်တိုက်ကမှ လခစား မခန့်ကြတော့ ၀န်ဆောင်ခများ မတတ်နိုင်လို့ ပြောင်းရွှေ့လိုက်ရပါတယ်။ အင်တာနက်သုံးချင်တဲ့ မသုံးတတ်သေးတဲ့ စာရေးဆရာတင်လင်းဇော် ကို ဖုန်းနဲ့ ကြိုတင်ချိန်းပါတယ်။ သူကလည်း အိမ်မှာ ဧည့်သည်လာလို့ မသေချာဘူးပြောပါတယ်။ ဒါနဲ့ တစ်ကိုယ်တည်း လာပြီး လက်ဖက်ရည်တစ်ခွက် (၃၀၀ိ)နဲ့ ဆိုင်မှာ (၂) နာရီလောက် အချိန်သုံးလိုက်ပါတယ်။ လက်ဖက်ရည်လည်း သောက်ရ၊ အင်တာနက်လည်း သုံးရဆိုတော့ ဒီဆိုင်ပိုင်ရှင် ဒေါက်တာကျော်ဝင်း ကျမ်းမာ ချမ်းသာပါစေလို့သာ ဆုတောင်းလိုက်ရပါ တယ်။ ဆိုင်ပိုင်ရှင် ဒေါက်တာကျော်ဝင်းကလည်း ဆရာဝန်ဖြစ်ပြီး ဒီ ဟိုက်ကလပ်(၂) နဲ့(၁) ကို နှစ်ဆိုင်ထောင်ပြီး ကြီးပွားနေတာပါ။ သူ့ဆိုင် အကျယ်အ၀န်းကလည်း ရပ်ကွက် ဘလောက် (၂)ခုကို အရှေ့ အနောက် တောင် မြောက် ထုတ်ချင်းပေါက် ကျယ်ဝန်းပါတယ်။ အရင် တစ်ခေတ် တစ်ခါက ပေ ၄၀X၆၀ တစ်ဝိုင်းမှ သောင်းဂဏန်းနဲ့ ၀ယ်ထားတာ လို့ ကြားသိရပါတယ်။ အဲဒီအချိန်တုန်းက ချဲထီ မှုနဲ့ ရင်ဆိုင်လိုက်ရသေးတယ်လို့လည်း ကြားသိရပါတယ်။ ဘာပဲ ပြောပြော ဆရာဝန်တစ်ဦးက ဆေးမကုဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ် ကြီးပွားချမ်းသာလာတာ ဂုဏ်ပြုလိုက်မိပါတယ်။ ညနေ(၅)နာရီအထိ ဟိုက်ကလပ်မှာ အင်တာနက်သုံးပါတယ်။ မေးလ်ပို့စရာတိုက်သို့ မေးလ်ပို့ပါတယ်။ ညနေပိုင်း ဆရာတင်လင်းဇော် ကျွန်တော့်အိမ်သို့ရောက်လာပါတယ်။ ညနေပိုင်း ဆရာ မကွေးဝင်းမြင့် မလာပါ။ ကိုနေခြည်၊ ကိုလွမ်းရ၊ ကိုတင်လင်းဇော် တို့နဲ့ စွဲမက်မှာ ထိုင်ကြပါတယ်။ စာနယ်ဇင်းအဖွဲ့ ရွှေစက်တော်ဘုရားဖူးသွားရန် (၂-၃-၂၀၁၁) နေ့ အလုပ်သမားနေ့မှာ သွားဖို့ ရက်ပြောင်းထားကြောင်း ကိုနေခြည်က ပြောပါတယ်။ ယနေ့ နံနက်ပိုင်းက သားကြီးထွန်းဝင်းကျော် ကို ကိုသိန်းလှိုင်ဆီသို့ လွှတ်ပါတယ်။ ကိုသိန်းလှိုင်က သူ့ယောက်ဖ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပညာရေးနှင့် ကျမ်းမာရေးဝန်ကြီး ဦးအောင်ကျော်မင်း ထံသို့ မောင်ထွန်းဝင်းကျော်အား ခေါ်သွားပါတယ်။ ကားဒရိုင်ဘာအလုပ် ခန့်ပေးရန် အကူအညီတောင်းပါတယ်။ အဆင်ပြေသွားပါတယ်။ ရုံးဖွင့်ရက်မှာ ဖုန်းဆက်ခေါ်မယ်လို့ အကြောင်းပြန်လိုက်ကြောင်းသိရပါတယ်။ လခကတော့ ငါးသောင်းခြောက်ထောင်နဲ့ စတင်ခန့်ထား ပေးမယ် သိရပါတယ်။ အင်း သားကြီးအတွက် အစိုးရအလုပ်ရမည်ဆိုတော့ စိတ်ချမ်းသာရပါတယ်။ ကျွန်တော့်ဇနီးကတော့ သူ့သားကို `မင်း..အစိုးရအလုပ်ရတာ မိုးမခေါင်တာပေါ့´ လို့ ပြောနေသံကို ကြားလိုက်မိပါတယ်။ ကျွန်တော်ကတော့ အစိုးရအလုပ်ထက် သတင်းထောက်အလုပ်ကိုသာ တန်ဘိုးထားပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၅-၂-၂၀၁၂ ` စာပေလွတ်လပ်ခွင့် နဲ့ သတင်းထောက်စိတ်´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၅-၂-၂၀၁၂ ` စာပေလွတ်လပ်ခွင့် နဲ့ သတင်းထောက်စိတ်´
 

0 comments: