၂၃-၄-၂၀၁၂ `သတင်းသမားအလှည့် ခံလိုက်ရခြင်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၃-၄-၂၀၁၂) ၂၃-၄-၂၀၁၂ `သတင်းသမားအလှည့် ခံလိုက်ရခြင်း´ ယနေ့နံနက် ရုံးစတင်ဖွင့်တဲ့ရက်ပါ။ ဂျာနယ်များလည်း ၀ိကလီအလဲဗင်း နဲ့ လျှပ်တစ်ပြက်ဂျာနယ်များ ထွက်တယ်။ လျှပ်တစ်ပြက်မှာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ ပိတ်ပွဲ ပါတတယ်။ ကုန်သည်ကြီးများအသင်း မဏ္ဍပ် ဓာတ်လိုက်သေတဲ့ သတင်းပါတယ်။ ပျူခေတ် ရွှေလက်ကောက်ကြီးသိန်း(၂၇၀) ပေးမည့်သတင်းပါတယ်။ မကွေးသင်္ကြန်မှာ မော်တော်ယာဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေး မဏ္ဍပ် သရုပ်ပျက်ကိစ္စလည်း ပါတယ်။ ယနေ့ပဲ မကွေးမော်တော်ယာဉ်အဝေးပြေးကားဂိတ်သို့ သွားရတယ်။ ရန်ကုန်မှ ဆရာဦးရဲနိုင်မိုးက ဖုန်းဆက်ခေါ်ပါတယ်။ (၂၄)ရက်နေ့ညနေကားနဲ့ ရန်ကုန်သို့ထွက်လာရန် မြေယာမူခင်းသတင်းများအတွက် သင်တန်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ (၂၅)ရက်မှ (၂၇)ရက်နေ့အထိ ရန်ကုန်မြို့ ဖိုးစိန်လမ်းထဲက Fame ဖိန်းဟော်တယ်မှာ တည်းခိုနေထိုင်ဖို့ စီစဉ်ထားကြောင်း၊ ချက်စီယံဟော်တယ်မှာ နံနက်(၉)နာရီကစပြီး သင်တန်းပေးမှာဖြစ်ကြောင်း ဖုန်းဆက်ပြီး အကြောင်းကြားခေါ်ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်သွားရန် ကားလက်မှတ်ဖြတ်ရပါတယ်။ အခြားဂိတ်များမှာ နေရာမရပါ။ ထွန်းဧရာကားဂိတ်မှ နောက်ဖြားဆုံးခုံ နံပါတ်(၃၇) ကိုရပါတယ်။ ကားခက (၁၀၀၀၀ိ) တစ်သောင်းပေးရပါတယ်။ ဈေးနှုန်းမှန်က (၇၅၀၀ိ) သာဖြစ်ပါတယ်။ တစ်သောင်းတောင်းယူပြီး လက်မှတ်ပေါ်မှာက ကားခ (၇၅၀၀ိ) သာရေးပေးလိုက်ပါတယ်။ ဒါကြောင့် မော်တော်ယာဉ်လိုင်းပေါင်းစုံရုံးသို့ဝင်ခဲ့ပါတယ်။ ဦးတင်စောနဲ့ တွေ့ပါတယ်။ သူက လျှပ်တစ်ပြက်ဂျာနယ်ကို ဖတ်နေပါတယ်။ ဆရာရေးထားတဲ့ ကျွန်တော်တို့ မ.ထ.သ မဏ္ဍပ် မကောင်းကြောင်း ဖတ်ပြီးပါပြီ။ ဥက္ကဋ္ဌ ကတော့ ဒီလိုရေးတာ မကောင်းဘူးလို့ ပြောပါတယ်။ဦးတင်စောက စတဲ့ စကားများကို ပြောပါတယ်။ ကားလက်မှတ်ကိစ္စကို ကျွန်တော်က ရှင်းပြပါတယ်။ ဒါဆို သတင်းတစ်ပုဒ်ရတာပေါ့လို့ သူက ပြောပါတယ်။ ကိုတင်စော ကို ရန်ကုန်ကားဂိတ်မှ မကွေးကိုပြန်လာတဲ့နေ့က ကားခငွေ(၁၀၀၀၀ိ) ပေးပြီး လက်မှတ်ဖြတ်ခဲ့ရကြောင်း ပြောပြနေပြန်တယ်။ မော်တော်ယာဉ်လိုင်းပေါင်းစုံရုံးမှ ၀န်ထမ်းကိုတင်စောလည်း သင်္ကြန်အပိုဈေးပေးခဲ့ရပါတယ် ဆိုတယ်။ ရောင်းသူ ၀ယ်သူ ကြိုက်ရောင်း ကြိုက်ဝယ်ပေါ့ဗျာ တဲ့။ လက်မှတ်ထဲမှာတော့ မူလဈေးနှုန်းသာ ရေးကြတာပါဘဲ။ ရန်ကုန် မကွေးစတဲ့ ကားဂိတ်တွေမှာ သင်္ကြန်တွင်းကားခပိုတောင်းရင်း လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတဲ့ စည်းကမ်းကြော်ငြာတွေ လည်း ပလူပျံအောင် ထွက်တာဘဲ။ ဒါပေမယ့် လုပ်ချင်သလိုသာ လုပ်နေကြတယ်။ ဒါနဲ့ ဦးတင်စောကို လိုရင်းပြောပါတယ်။ ကျွန်တော်ကြိုက်လို့ ဈေးပိုပေးပါတယ်။ ဒါပေမယ့် ခင်ဗျားတတ်နိုင်ရင် ခုံနံပါတ်(၃၇)ကနေ ရှေ့ကို ရသလောက်ပြောင်းပေးစေလိုပါတယ် လို့ အသနားခံလိုက်ရပါတယ်။ မ.ထ.သ ကိုအကူအညီတောင်းတာမဟုတ်ဘူးနော်။ ဦးတင်စောကိုသာ အကူအညီတောင်းပါတယ်လို့လည်း ပိတ်ပြောထားရပါတယ်။ ကျွန်တော်က လောလောဆယ် မော်တော်ယာဉ်လိုင်ပေါင်းစုံ ရေသဘင်မဏ္ဍပ် မကောင်းကြောင်းရေးထားမတာကို။ ဒါကြောင့် ဒီတခါတော့ သတင်းသမားအလှည့် တစ်ကြော့ခံလိုက်ရပါပြီ..။ နေ့လည် လက်တော့ကွန်ပျူတာ လုပ်စရာရှိတာကို ကိုဖြိုးဆီသွားပြင်ပါတယ်။ အပြန် တိုင်းပြန်ဆက်တိုင်းမှူး ဦးဝင်းခင်ထံ ၀င်ပါတယ်။ ၂၉-၄-၂၀၁၂ နေ့ စာရေးဆရာအသင်းရွေးချယ်ပွဲကော်မရှင်ကိစ္စအတွက် စာပေးလိုက်တယ်။ တိုင်းမှူးဦးဝင်းခင်က ၅/၂၀၁၂ လကုန်ရင် ပင်စင်ယူရန် ခွင့်ကြီး(၄)လ စတင်ခံစားတော့မယ်ပြောပါတယ်။ သတင်းမီဒီယာကို ဦးစားပေး ခင်မင်တတ်တဲ့ တိုင်းမှူး ပင်စင်ယူတော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်ရပြန်တယ်။ သူက အအေးတိုက်လိုက် တယ်။ သူ့ကို မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်သတင်းပါတဲ့ လျှပ်တစ်ပြက်ဂျာနယ်ကို ၀ယ်ပေးလိုက်ပါတယ်။ ညနေပိုင်း ဆရာကြီး မကွေးဝင်းမြင့်မလာပါ။ နံနက်ပိုင်းက ဆရာကြီးကားနဲ့ ကပ်ကျော်ဘုန်းကြီးကျောင်းမှ၂၀၁၂/၂၀၁၃ ပညာသင်ဝိုင်းအစည်းအဝေးနဲ့ စာရေးဆရာ မောင်ကြင်(သစ်ရာကောက်)ရဲ့ (၅၆)နှစ်မွေးနေ့ပွဲကို သွားခဲ့ပါတယ်။ အဲဒီကနေ အပြန်မှ ဆည်မြောင်းစက်မှုတိုင်းရုံးသို့ သွားပါတယ်။ အပြန် ကားလက်မှတ်ရှေ့တိုးဖို့ ကိစ္စကို ဦးတင်စောထံ ၀င်ခဲ့ရပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၃-၄-၂၀၁၂ `သတင်းသမားအလှည့် ခံလိုက်ရခြင်း´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၃-၄-၂၀၁၂ `သတင်းသမားအလှည့် ခံလိုက်ရခြင်း´
 

0 comments: