၁၉-၄-၂၀၁၂ `သတင်းထောက်ဘလော့ဂါ တာဝန်အလွန်ကြီးတာ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၉-၄-၂၀၁၂) ၁၉-၄-၂၀၁၂ `သတင်းထောက်ဘလော့ဂါ တာဝန်အလွန်ကြီးတာ´ ယနေ့ အိပ်ယာထနောက်ကျပါတယ်။ ဘုရားဝတ်တက်တဲ့ကိစ္စ ဘုရားခန်းမှာ မပြီးပါ။ ဒါကြောင့် ဈေးဆိုင်ဖွင့်ပြီးမှ ပရိတ်ကြီးနဲ့ ပဌာန်းကို ရွဆိုရပါတယ်။ မနေ့က ညနေက မသွားဖြစ်တဲ့ သတင်းယူဖို့ကိစ္စအတွက် နံနက်ပိုင်းထွက်ခဲ့ပါတယ်။ ကိုနေခြည်က မလိုက်နိုင်ပါ။ အမှတ်(၂)ရဲစခန်းကို ၀င်ပါတယ်။ စခန်းမှူး နဲ့ ဂတ်စာရေးကြီးကို တွေ့ပါတယ်။ ဓာတ်လိုက်တဲ့ အမှု (ပ) နံပါတ်ကို ထပ်မေးပါတယ်။ (ပ) ၈၂/၁၂ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ လို့ သိရပါတယ်။ ကျွန်တော်က ဂျာနယ်တိုက်တွေကို သတင်းမေးလ်ပို့တာ မှားသွားပါတယ်။ (ပ) ၀၂/၁၂ ဖြစ်နေပါတယ်။ ဒါကြောင့် ယနေ့ ဂျာနယ်တိုက်တွေကို အမှန်ပြင်နိုင်အောင် ထပ်မံပြီး မေးလ်ပို့လိုက်ရပါတယ်။ နောက် တစ်ခုက ဓာတ်လိုက်မှုမှာ ဒဏ်ရာရရှိသူ နှစ်ဦးမှ တစ်ဦးသေဆုံးတယ်လို့ ကောလဟာလ သတင်းဖြစ်နေလို့ တစ်ကယ်သေ မသေကိစ္စ ကို မေးပါတယ်။ လုံးဝ မသေကြောင်း ဂတ်စာရေးကြီးက ဖြေဆိုပါတယ်။ စခန်းမှူးကို ကျွန်တော့်လိပ်စာကဒ် တစ်ခုပေးထားခဲ့ပါတယ်။ အဲဒီကနေ ကပ်ကျော်ဘုန်းကြီးကျောင်းသို့ သွားပါတယ်။ ဆရာတော်ဘေသဇ္ဇကိုယ်တော်နဲ့ တွေ့ပါတယ်။ ယခုနှစ် ယဉ်ကျေးလိမ္မာသင်တန်း ပန်းဖလက်တစ်ခုတောင်းပါတယ်။ သတင်းရေးရင်မှားမည်စိုးလို့ လာတောင်းရပါတယ်။ ယခုနှစ် မကွေးမြို့ပေါ်ဘုန်းကြီးကျောင်းတွေမှ ယဉ်ကျေးလိမ္မာသင်တန်းများကို ပေါင်းစုပြီး သတင်းရေးသားရန် စိတ်ကူးထားပါတယ်။ အပြန် ဆိုင်ကယ်ကို ဓာတ်ဆီထည့်ပါတယ်။ ဆိုင်ပြန်ရောက်တာနဲ့ ထပ်ပြီးအပြင်ကို ထွက်ပါတယ်။ စိန်မြင့် အင်တာနက်ဆိုင်ကို သွားပါတယ်။ သင်္ကြန်သတင်းများကို အင်တာနက် ကျွန်တော့်ဘလော့မှာ တင်ပါတယ်။ အဲဒီအချိန် အိမ်မှာ ဆရာကိုအောင်ချိုရောက်နေကြောင်း အပြန်မှ သိရပါတယ်။ ခဏနားပါတယ်။ ရေချိုးပြီး ခဏ အိပ်ပျော်သွားပါတယ်။ ရာသီဥတုကတော့ ယနေ့လည်း တော်တော်ပူနေပါတယ်။ အိပ်ယာမှ နိုးပြီး ထမင်းစားပါတယ်။ မနေ့က ပူလွန်းအားကြီးတော့ ကွန်ပျူတာကို လုံးဝမဖွင့်ဖြစ်ပါ။ ဒါကြောင့် ယနေ့မှ စာရေးရန် အကြွေးများကို ပြန်ရေးနေရပါတယ်။ ယခုလို စာရေးနေတော့လည်း ပူလို့ ပူမှန်း မသိရတော့ပါ။ ယနေ့ ယဉ်ကျေးလိမ္မာသင်တန်းများ သတင်းကို ရေးမည်လို့ စိတ်ကူးရပါတယ်။ နေ့လည်(၃)နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားပါတယ်။ အမျိုးသမီးတစ်ဦး ကျွန်တော့်ကို အိပ်ယာမှ နိုးပြီးဆီဝယ်ပါတယ်။ သူ့ပါလာတဲ့ ဗူးခွန်ထဲကို ဆီလှယ်ထည့်ပေးရပါတယ်။ (၃)ပိဿာ ထည့်ပါတယ်။ သူ့ဗူးက (၃)ပိဿာ မဆန့်ပါ။ ဒါကြောင့် နောက်ဖေး မီးဖိုချောင်သို့ ဗူးခွန်သေးသွားယူပါတယ်။ သွားယူနေစဉ် အဲဒီမိန်းမက ကျွန်တော့် ပိုက်ဆံသေတ္တာကို နှိုပ်ယူလိုက်ပါတယ်။ ကျွန်တော်က နောက်ဖေးမီးဖိုချောင်ခန်းထဲမှ လှမ်းမြင်လိုက်ရပါတယ်။ သူလည်း စကားတွေ ထပ်ခါထပ်ခါ ပြောနေပါတယ်။ ဆီဗူးများကို လှယ်ပေးပြီး နောက် ပဲဆီ ငါးဆယ်သားတစ်ဗူးထပ်ယူမည်း စုစုပေါင်း ငွေကို ဘောက်ချာနဲ့ ရေးပေးရန်ပြောပါတယ်။ ဘောက်ချာလေးကိုယူပြီး ဒီဆီတွေကို ခဏထားခဲ့မယ် ငွေပြန်ယူအုံးမယ်ဆို ထွက်သွားပါတယ်။ ကျွန်တော်လည်း ယောက်ကျားကြီးတစ်ဦးက ဒီမိန်းမဆီက ပိုက်ဆံအိပ်ကို ဆွဲလုပြီး ခိုးတဲ့ကိစ္စကို ပြောလိုက်ရင်း သူက ကျမကို ဆွဲပါတယ်လို့ အော်လိုက်မှာကို ခဏ စဉ်းစားလိုက်မိပါတယ်။ ဒါနဲ့ သူသွားရာကို လိုက်ကြည့်ပါတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်ထဲကို ၀င်သွားတာမြင်လိုက်ရပါတယ်။ ကျွန်တော်လည်း အပြေးအလွှား ထီဆိုင်က ကျွန်တော့်ဇနီးနဲ့ သမီး သားတို့ကို အော်ခေါ်လိုက်ရပါတယ်။ သူတို့လာတော့ အဲဒီမိန်းမနောက်ကို ကျွန်တော်က ဆက်တိုက်လိုက်သွားတယ်။ ဆိုင်ထဲရောက်တော့ အဲဒီမိန်းမက မရှိ့တော့ပါ။ လက်ဖက်ရည်ဆိုင်ရှင်နဲ့ စားပွဲထိုးများကို မေးကြည့်ပါတယ်။ အိမ်သာထဲကို ခဏ ၀င်သွားကြောင်းသိလိုက်ရပါတယ်။ သေခြာအောင် နောက်ဖေးပေါက်ကတော့ ထွက်မသွားလောက်ဘူးလား ဆိုပြီးထပ်မေးပါတယ်။ စားပွဲထိုးကောင်မလေးက အိမ်သာကို ပြေးကြည့်ပြီး ရှိပါတယ်လို့ ပြောပါတယ်။ သူထွက်လာပါတယ်။ ကျွန်တော့်က သူ့ဈေးဆွဲခြင်းကို ဆွဲပြီး ဆိုင်ကို ပြန်လိုက်လာရန်ပြောပါတယ်။ ခေါ်လာခဲ့ပါတယ်။ ဆိုင်ရောက်တော့မှ ငါ့ပိုက်ဆံတွေ ညီးနှိုက်ယူသွားတယ် ပြန်ပေးလို့ တောင်းပါတယ်။ သူမက အတင်းညင်းဆိုနေပြန်တယ်။ ဒါနဲ့ ကျွန်တော့်သမီးနဲ့ ဇနီးကို သူမ တစ်ကိုယ်လုံးအား ရှာခိုင်းရပါတယ်။ အဲဒီတော့ မှ သူမရဲ့ ရင်သားထဲနဲ့ အောက်ခံဘောင်းဘီးထဲမှာ ၀ှက်ထားတဲ့ ငါးရာတန်တွေကို ပြန်တွေ့ရပါတယ်။ စုစုပေါင်း သူမဆီကို ငွေ သုံးသောင်းကျော် ပါသွားတာပါ။ ပိုက်ဆံသေတ္တာထဲက ရောင်းရငွေ စာရင်းစုစုပေါင်းက ငါးသောင်းကျော်ပါ။ စာရင်းစစ်ပြီး သူမဆီက ငွေတွေကို ပြန်စစ်ယူပြီး ဖြည့်လိုက်ရပါတယ်။ ဒါတောင် သူမဆီမှာ ငွေခြောက်ထောင်ကျော်လောက် ကျန်နေပါသေးတယ်။ ဆီဝယ်ထားတာက နှမ်းဆီ သုံးပိဿာက ကိုးထောင်ကျပ်ရယ်၊ ပဲဆီ ငါးဆယ်သားဗူးဘိုးက ငွေ နှစ်ထောင်ငါးဆယ်ကျပ်ဆိုတော့ စုစုပေါင်း တစ်သောင်းတစ်ထောင်ငါးဆယ်ကျပ်တိတိဘိုး ဘောက်ချာဖွင့်ပေးထားတာပါ။ သူငွေကျန်နဲ့ မကိုက်တော့ ချင်ပြီးသားဆီဗူးများကို မပေးလိုက်ပါဘူး။ ရဲကို ဖုန်းဆက်ခေါ်ဖို့ ကျွန်တော့်သားကို ခိုင်းလိုက်တယ်။ အဲဒီတော့ သူမက `ရဲခေါ်ရင် ဦးလေးတို့လည်း ပေးရမယ်။ ကျမကလည်း ပေးရမယ်.။ ဦးလေးတို့ ငွေပြန်ပေးတာကို ကြေနပ်ပေးပါရှင်။ ကျမယောက်ကျားက ငွေလွှဲလိုက်မယ်ဆိုလို့ မကွေးမြို့ကို တက်လာတာပါ။ ဘဏ်ပိတ်ရက်တွေ ဖြစ်နေတော့ ကျမ လုပ်မိလုပ်ရာ လုပ်မိပါတယ်။ ကြေနပ်ပေးကြပါ´ လို့ သူမက ပြောဆိုပြီး ကျွန်တော့်ရဲ့ ညာဘက် လက်မောင်းကို (၂)ကြိမ်တို့ပြီး ပြောဆိုပါတယ်။ ကျွန်တော် အပြင်ကို ခဏထွက်ပြီး ရဲကို ခေါ်ပြီးပြီလား ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုရော တကယ်ခေါ်ပြီးပြီလား လို့ မေးပါတယ်။ ကျွန်တော့်သားက `တကယ် မခေါ်ခဲ့ဘူး´လို့ တိုးတိုးလေးပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူမကို ပြန်လွှတ်လိုက်ရပါတယ်။ ဒါတောင် သူမ အိနြေ္ဒမပျက် လက်ဖက်ရည်ဆိုင်ထဲကို ပြန်ဝင်ပြီး လက်ဖက်ရည်တစ်ခွက်ပြန်သောက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ကိုလည်း သူဝယ်ထားတဲ့ ဆီဗူးကို ငွေနဲ့ ပြန်လာယူမယ်။ မည်သူကိုမှ မပေးလိုက်ရန် ပြောဆိုသွားပါသေးတယ်ခင်ဗျာ..။ အမှန်အတိုင်း ၀န်ခံရရင်တော့ သူမ ကျွန်တော့်ဆိုင်ထဲကို ၀င်လာစဉ်အချိန်မှာ ကျွန်တော့်က ပက်လက်ကုလားထိုင်ပေါ်မှာ တကယ်ကို အိပ်ပျော်နေတာပါ။ ဆိုင်ထဲက ဆီပုံးတစ်ပုံးကိုသာ ဆွဲယူသွားရင်ခံရမှာ သေခြာပါတယ်။ အဲဒါကို သူမက ကျွန်တော်ကို အိပ်ယာကနိုးပြီး ဆီဝယ်တာပါ။ ဆီးဗူးကိုလည်း မဆန့်မှန်းသိရက်နဲ့ ထည့်ခိုင်းနေပြန်တယ်။ ဆီ လျှံကျသွားတော့လည်း ကျွန်တော့်ကို မြူဆွယ်တဲ့ ရောင်နည်းကို အသံပေး ရောင်အော်ပြပါတယ်။ ပြီးတော့ ကျွန်တော်ဆီဗူးလှယ်ထည့်နေစဉ် ကျွန်တော့် ကျော်ဘက်က ဈေးနှုန်းစာကပ်ထားတာကို ကြည့်ချင်လို့ဆိုပြီး ပိုက်ဆံသေတ္တာနဲ့ နီးတဲ့ နေရာကို ကြိုတင်ပြောင်းသွားပါတယ်။ ဆီဗူးကြီးက သုံးပိဿာမဆန့်လို့ နောက်ဖေးခန်းထဲကို ဆီဗူးသေး ငါးဆယ်သားဗူး ခဏသွားယူစဉ် သူမက လှစ်ခနဲ ပိုက်ဆံသေတ္တာကို နှိုက်ယူလိုက်ခြင်း ဖြစ်ပါတယ်။ ပိုက်ဆံသေတ္တာက သော့တန်းလှမ်းကြီး နဲ့ ချိတ်ဆွဲထားတာပါ။ လွယ်လွယ်လေး ယူသွားနိုင်တာပေါ့။ ဒါပေမယ့် သူမယူတဲ့ငွေကို ကျွန်တော်ဆီက ယူသွားတဲ့ငွေများကို ဘာလို့ပြန်ရသလဲလို့ ပြန်လည်စဉ်းစားကြည့်ပါတယ်။ ကျွန်တော်က ပက်လက်ကုလားထိုင်နဲ့ မအိပ်ခင် အချိန်တိုင်းမှာ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအား ရည်မှန်းပြီး ပုတီးစိတ်နေသူ ဖြစ်နေလို့သာဟု အားတက်စဉ်းစာပြီး မင်းဘူးမြို့က စက္ကိန်းတဲတောင်တော်ပေါ်မှ သစ္စာမေတ္တာဆရာတော်ဘုရားကြီးပေးထားတဲ့ ပရိတ်ကြီး(၁၁)သုတ်တော်များကို နာကြားပြီး နေ့စဉ် နေ့နံသင့် ရွတ်ဖတ်သရယ်ဇ္ဇယ် ပုတီးစိတ်နေတဲ့ ဂုဏ်ကျေးဇူးကြောင့်ဟု ဆိုရပါမည်။ ကျွန်တော်သတင်းသမားဆိုသော်လည်း ပိုက်ဆံခိုးသူ ဒီအမျိုးသမီးကို ဓာတ်ပုံရိုက်ဖို့ အသံဖမ်းယူထားဖို့များကို လုံးဝမမေ့ပါ။ စိတ်ကူးရှိပါသည်။ ဒါပေမယ့် သတင်းသမားဆိုတာ အများအတွက် ဒီလိုမဖြစ်အောင်ဆိုပြီး တင်ပြသင့်သော်လည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတာက တစ်ကြောင်း၊ သူမမှာ မရှိလို့ ကြံမိကြံရာ လုပ်တာပါ၊ သနားညှာတာတတ်တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ သည်းခံခြင်းတရားကို လက်ကိုင်ထားမိခြင်းများကြောင့်ဖြစ်ပါတယ် ခင်ဗျာ..။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၉-၄-၂၀၁၂ `သတင်းထောက်ဘလော့ဂါ တာဝန်အလွန်ကြီးတာ´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၉-၄-၂၀၁၂ `သတင်းထောက်ဘလော့ဂါ တာဝန်အလွန်ကြီးတာ´
 

0 comments: