၉-၃-၂၀၁၂ ` သတင်းသမားဆိုတာ အများပြည်သူအတွက် တာဝန်ကျေရပါမည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၈-၂၀၁၂) ၉-၃-၂၀၁၂ ` သတင်းသမားဆိုတာ အများပြည်သူအတွက် တာဝန်ကျေရပါမည်´ ဒီကနေ့တော့ မနေ့က တက်ခဲ့တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ကျရေး အလုပ်ရုံးဆွေးနွေးပွဲ သတင်းကို ရေးရပါတယ်။ ပေးတာယူ ကျွေးတာစားပြီး အများသိသင့်တာကို တာဝန်ကျေမှ ဖြစ်ပါမည်။ မနေ့က ချောက်မြို့မှ ဦးသန့်ရှင်းမောင် (ချောက် ပြန်/ဆက် မြို့နယ်မှူး) ပို့လိုက်တဲ့ လ.၀.က မှတ်ပုံတင်ပေးအပ်ပွဲ သတင်းကလည်း အမြန်ရေးပြီး တင်ပေးရပါမည်။ မနေ့က အရှိန်ကြောင့် အိပ်ချင်နေတာကို မအိပ်ဖြစ်အောင် ကျိုးစားပြီး ရေးနေရပါတယ်ဗျာ..။ `ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့်(၂) စီမံချက်အရ ၆-၃-၂၀၁၂ နေ့တွင် မကွေးခရိုင်၊ ချောက်မြို့နယ် လင်းတစ်ကိုင်းကျေးရွာ မူလတန်းလွန်ကျောင်း မှာ နိုင်ငံသားကတ်များ ပေးအပ်ပွဲ ကျင်းပကြောင်း သတင်း ရရှိသည်။ ယင်း ပွဲတွင် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဒေါင်း အမှာစကားပြောကြားဖွင့်လှစ်သည်။ယခုလာမည့် ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးချယ် တင်မြောက်ပွဲအတွက်ကျန်နေသော ပြည်သူများ မဲပေးနိုင်ရန် အထူးစီစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်းသိရ၏။ လင်းတကိုင်း ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ် များ ရရှိသူ(၁၇၀)ဦးနှင့် ဆယ်ကန်ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ်များ ရရှိသူ(၅၀)ဦး တို့အတွက် မကွေးခရိုင်ဦးစီဌာနမှူး ဦးသန်းအောင်နှင့် ချောက်မြို့နယ်ထွေ/အုပ်ရုံး ဒု ဦးစီးမှူး ဦးအောင်သူ တို့က ပေးအပ်၍ လင်းတကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်းအောင်နှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ လက်ခံရယူကြကြောင်း သတင်းရယူ ခဲ့ပါသည်။ ၀ိုင်းကြည်အောင် မကွေးမြို့။ ( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး (၈-၃-၂၀၁၂) နေ့ နံက်(၉)နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမ တွင် (ဒုတိယအကြိမ်) အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆၄)ဦး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်(၄)ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ(၄၇)ဦး၊ အထွေထွေ အုပ်ချုပ်ရေးမှူး(၁၈)ဦး၊ ကမ္ဘာ့ကုလသမဂ္ဂကိုယ်စားလှယ် အလှူရှင်နှင့် တာဝန်ရှိသူများ(၁၄)ဦး၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်(၂)ဦး။ သတင်းနှင့် စာနယ်ဇင်းမှ(၁)ဦး၊ NGO အဖွဲ့များမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ(၂၈)ဦး၊ စုစုပေါင်း (၁၈၉) ဦးတက်ရောက်ကြောင်း သိရသည်။ ယင်း အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း မှ အမှာစကားပြောကြားဖွင့်လှစ်၏။ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ မိတ်ဆက်အမှာစကားပြောကြား၍ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး အစည်းအဝေး ပထမပိုင်းကို (၁၅)မိနစ် ခေတ္တရပ်နားသည်။ ဒုတိယအကြိမ် ပြန်လည်ကျင်းပရာတွင်ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ IHLCA နည်းပညာယူနစ်ကို ဦးဥာဏ်လင်း က ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာတင်ပြ ချက်များကို တင်ပြဆွေးနွေးသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မှ (အလုပ်သမားများလုပ်ခ၊ ၀န်ထမ်းများလခ တိုးပေးရေးကိစ္စများ)မှ သိလိုသည်များကို စတင်မေးမြန်းဆွေးနွေး၍ တက်ရောက်လာသူ (၃) ဦးတို့မှလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ နေ့(၁၂)နာရီ တွင် အစည်းအဝေးကို မိနစ်(၃၀) ခေတ္တရပ်နား၍ နေ့လည်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းဆွေးနွေးပွဲအား တတိယအကြိမ်ပြန်လည်ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွင့်ဖြိုးမှုအစီအစဉ် IHLCA နည်းပညာ ယူနစ်မှ (ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်) အကြောင်းအရာများကို ဒေါ်မျိုးနွယ် နှင့် ဒေါက်တာဒေါ်စန်းကြည်တို့က အသေးစိတ် တင်ပြဆွေးနွေးကြ၏။ တက်လာကြသူများထဲမှ ပါမောက္ခချုပ်(၂) ဦးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးကို ခေတ္တ (၁၅)မိနစ် ခေတ္တရပ်နားပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို စတုထ္ထအကြိမ်ပြန်လည် ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် IHLCA နည်းပညာယူနစ်မှ အရည်အသွေးနှင့် နည်းပညာဆိုင် ရာအချက်အလက်များကို ဦးဥာဏ်လင်းက အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် IHLCA နည်းပညာယူနစ်များအား အသုံးပြုနိုင်မှုကို ဒေါ်မျိုးနွယ် မှ ဆက်လက် ရှင်းလင်းတင်ပြသည်။တက်ရောက်သူများထဲမှ အပြန်အလှန်မေးမြန်းဆွေးနွေးကြပါသည်။ထို့နောက်ကမ္ဘာ့ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ ကျေးဇူးတင်စကားပြောကြား၏။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးမြင့်နိုင် မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင် မကွေးမြို့။ ဖုန်း ၀၆၃-၂၅၁၉၇ ( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး သို့ တက်ရောက်သူများ မှ မေးမြန်း ဖြေကြားမှုနှင့် စစ်တမ်းမှ ကောက်နှုတ်ချက်။ ကမ္ဘာ့ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ ` ကျွန်တော်တို့ စာရင်းကောက်ယူ တင်ပြထားတဲ့ ( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) များကို အခြေခံပြီး တိုင်းဒေသကြီးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အသုံးပြုလိုတယ်ဆိုရင် မည်သည့်အဖွဲ့အစည်းမဆို စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ကူညီပေးဖို့အသင့်ရှိပါတယ်ခင်ဗျာ..´။ဟု ပြောသွားပါသည်။ ယင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပညာရှင်များ တင်ပြသွားသော မကွေးတိုင်းဒေသကြီးအတွက် ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာတင်ပြချက်များ အပိုင်း(၆)ခု ခွဲ၍ တင်ပြသွားပါတယ်။ (၁) စစ်တမ်းကောက်ယူပုံနှင့်၊ ဆင်းရဲနွမ်းပါးမှု အခြေအနေကို ခြုံငုံတင်ပြသောစာတမ်း။ (၂) ဆင်းရဲနွမ်းပါးမှု အခြေအနေကို တင်ပြသောစာတမ်း။ (၃) အိမ်ထောင်စုများ၏ စီးပွားရေးလုပ်ဆောင်သောစာတမ်း။ (၄) လုပ်သားနှင့် အလုပ် လုပ်ကိုင်မှု စာတမ်း။ (၅) ကျန်းမာရေး စာတမ်း။ (၆) နိဂုံးပိုင်း တို့ကို ဖတ်ကြား တင်ပြပေးသည်။ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၅.၄၉၀ သန်းရှိပြီး ဆင်းရဲနွမ်းပါးသူဦးရေ ၁.၄၈၂ သန်းရှိကြောင်း စစ်တမ်းစာရင်းမှာ ဖော်ပြထားသည်။ မကွေးတိုင်းဒေသကြီးတွင် ပြည်ထောင်စု အခြေအနေနှင့် နှိုင်းယှဉ်ပါက အလုပ်လက်မဲ့နှုန်း ၅.၉% မြင့်မားနေကြောင်း၊( ဒီဇင်ဘာ၊၂၀၀၉- ပထမအကြိမ်)စစ်တမ်းတွင် အလုပ်လက်မဲ့နှုန်းသည် ၃၁% ရှိရာမှ (မေလ၊ ၂၀၁၀- ဒုတိယအကြိမ်) စစ်တမ်းတွင် ၅၆.၁% သို့တက်လာကြောင်း ဇယားဖြင့် ဖော်ပြထားပါသည်။ နာမကျန်းဖြစ်ပွားမူတွင် ၂၀၀၅ ခုစာရင်းနှင့် ၂၀၁၀ ခုနှစ်စာရင်း နှိုင်းယှဉ်ပါက အနည်းငယ်လျှော့နည်း၍ ပြည်ထောင်စု အခြေအနေနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျှော့နည်းကြောင်း ဖော်ပြပါသည်။ ၂၀၁၀ ခုနှစ် မကွေးတိုင်းဒေသကြီး၏ `ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်ကြသည့် ၊မြို့ပြလူဦးရေအချိုးမှာ ၇၂.၄% ဖြစ်၍ ပြည်ထောင်စု အခြေအနေနှင့် နှိုင်းယှဉ်ပါက ၇.၁% ပိုမိုမြင့်မားနေပါသည်´ ဟု စစ်တမ်းတွင်ဖော်ပြထားပါသည်။ ဆင်းရဲနွမ်းပါးမှုများတွင် တာရှည်ဆင်းရဲနွမ်းပါးရခြင်းအကြာင်းသည် လုပ်ကိုင်စားရန် လယ်ယာမြေများ ဆုံးရှုံးရခြင်းမှာ အဓိက ကျကြောင်း စာတမ်းတွင်ဖတ်ကြားတင်ပြထားပါသည်။ ယင်းချက်အား အခြေခံ၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(……) တစ်ဦးမှ `ကျွန်တော်တို့နယ်မှာ လယ်ယာမြေများ(……)က အသိမ်းခံထားရတဲ့ မြေပိုင်ရှင်များမှာ ယနေ့အထိဆင်းရဲနွမ်းပါးနေကြပါတယ်။ ဒါကြောင့် ဒီမြေယာများ ကို မူလပိုင်ရှင်များအား ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပြန်လည်ပေးစေလိုပါတယ်။ ဒီလို အသိမ်းခံထားရတဲ့ မြေယာ များကို ပြန်လည် စီစစ်ပြီး ပေးနိုင်၊ မပေးနိုင် သိလိုပါတယ်ခင်ဗျာ´ဟု ထပြီး မေးမြန်းခဲ့ပါသည်။ ဤ ကိစ္စသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ မေးမြန်းဆောင်ရွက် ရမှာ ဖြစ်၍ ဤ ဆွေးနွေးပွဲ၌ တာဝန်ရှိသူ ဦးမင်းထွဋ်ယဉ် မှ ပြန်လည်ဖြေကြားပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ IHLCA နည်းပညာရှင် ဦးဥာဏ်လင်း အား ` ဆင်းရဲနွမ်းပါးမှုလျှော့ကျရေးအတွက် လိုရင်း တိုရှင်း သိပါရစေ ဆရာဦးဥာဏ်လင်းခင်ဗျာ..?´ ဟု စာရေးသူ မေးမြန်းခဲ့ပါသည်။ `ဟင်းစားလည်းပေးရမယ် ပိုက်ချက်ကိုလည်းပြပေးရပါ့မယ်..။ ငွေချေးပေးယုံနဲ့မပြီးပါဘူး၊ လုပ်ကွက် နည်းပညာတွေပါ လက်တွေ့သင်ကြားပြီး ပံ့ပိုးပေးကူညီကြရပါ့မယ်´ ဟူ၍ ဖြေဆိုပါသည်။ ၀ိုင်းကြည်အောင်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၉-၃-၂၀၁၂ ` သတင်းသမားဆိုတာ အများပြည်သူအတွက် တာဝန်ကျေရပါမည်´ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၉-၃-၂၀၁၂ ` သတင်းသမားဆိုတာ အများပြည်သူအတွက် တာဝန်ကျေရပါမည်´
 

0 comments: