၁၄-၄-၂၀၁၂ `သင်္ကြန်အကြတ်နေ့(ပထမနေ့)´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၄-၄-၂၀၁၂) ၁၄-၄-၂၀၁၂ `သင်္ကြန်အကြတ်နေ့(ပထမနေ့)´ မနေ့ကစပြီး ဥပုဒ်စောင့်ပါတယ်။ ညနေ သားကြီးထွန်းဝင်းကျော်က သင်္ကြန်လည်အပြန်မှား မူးလာတယ်။ သီလစောင့်ထိမ်းထားတာဆိုတော့ စိတ်ကို ဒေါသမဖြစ်အောင် တော်တော်ထိမ်းလိုက်ရပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး သားကြီးကို သင်္ကြန်အလည်မထွက်ဖို့ ပြောထားရပါတယ်။ ယနေ့ ကျွန်တော့်ဇနီးကတော့ ပြည်တော်သာဘုန်းကြီးကျောင်းကို သီလသွားယူပါတယ်။ ကျွန်တော်ကတော့ မနေ့က သီလခံယူစဉ်က မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ခံယူပါသည်ဘုရားလို့ သီလယူလာပါတယ်။ အိမ်မှ ဘုရားစဉ်မှာ သီလထပ်မံခံယူလိုက်ပါတယ်။ သီလပေးတဲ့ အစီအစဉ်ကို မြန်မာ့အသံ တယ်လီဗေးရှင်းကလည်း အချိန်လွှဲသွားပါတယ်။ နံနက်ပိုင်း ရေချိုး၊ ဘုရားရှစ်ခိုး သီလယူတယ်။ နေ့(၁၂)နာရီ ထမင်းစားပြီးမှ ညနေ(၄း၃၀)နာရီအထိ အိပ်တယ်။ အတွင်းကြောတွေ တက်နေတယ်။ အိပ်ယာမှ တော်တော်ကို ပြန်ထရပါတယ်။ အင်တာနက်ကို နံနက်ပိုင်းက တစ်နာရီကြည့်တယ်။ ယနေ့စာမရေးနိုင်ပါ။ ဒါပေမယ့် ရေးစရာအကြောင်းရှာပြီးတော့ တစ်မျက်နှာရအောင်ရေးရပါမည်။ ညနေသင်္ကြန် ရေပက်ခံများ စည်ကားနေပါတယ်။ အုပ်စုလိုက်ကို စောင့်ပြီး သတင်းဓာတ်ပုံရိုက်ရပါမည်။ ဒါပေမယ့် အုပ်စုလိုက်က မလာလို့ ဓာတ်ပုံမရိုက်ဖြစ်ပါ။ ညနေပိုင်း ပုတီးစိတ်တယ်။ သတင်းနားထောင်ပါတယ်။ ညမှာ ကိုနေခြည်လာတယ်။ ကုန်သည်ကြီးများမဏ္ဍုပ် ဓာတ်လိုက်သတင်းနဲ့ ၁၃၇၃ ခု မကွေးသင်္ကြန်ဖွင့်ပွဲ သတင်းများကို ပေးလိုက်ပါတယ်။ ယနေ့ အကြတ်နေ့ ပထမနေ့ မဏ္ဍုပ်တွေကို ရောက်မယ်ဆိုလို့ သတင်းဓာတ်ပုံရိုက်ရန် ကင်မရာပေးလိုက်ပါတယ်။ ညတွင်းချင်း ကင်မရာကို ပြန်လာပေးပါတယ်။ ဓာတ်ပုံတွေက ဖလက်မဖွင့်လို့ မှောင်နေပါတယ်။ ည စောစောအိပ်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၄-၄-၂၀၁၂ `သင်္ကြန်အကြတ်နေ့(ပထမနေ့)´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၄-၄-၂၀၁၂ `သင်္ကြန်အကြတ်နေ့(ပထမနေ့)´
 

0 comments: