၁၂-၄-၂၀၁၂ `သင်္ကြန်အကြိုနေ့´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၂-၄-၂၀၁၂) ၁၂-၄-၂၀၁၂ `သင်္ကြန်အကြိုနေ့´ အခါကြီးရက်ကြီးနေ့များအစပါ။ သင်္ကြန်အကြိုနေ့ နံနက်စောစော အာရုံဆွမ်းကို ကျွန်တော့်သားကြီး မောင်ထွန်းဝင်းကျော်က မြသလွန်စေတီတော်ဘုရားသို့ သွားရောက် ကပ်လှူပူဇော်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ် သင်္ကြန်မှာ အချိန်ကိုက်ခါတော်မှီ ပိတောက်ပန်းတွေပွင့်နေတာကိုမြင်ရပါတယ်။ သတင်းသမားပီပီ ဆိုင်ရှေ့မှာ ပိတောက်ပင် ကြီးကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ဆိုင်ကယ်ပေါ်မှာ ပိတောက်ပန်းတွေနဲ့ သွားလားနေပုံကိုလည်း ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ညနေ သင်္ကြန်မဏ္ဍုပ်များ ဖွင့်ပွဲ ကိုလည်း သွားရပါမည်။ နံနက်ပိုင်း ကိုနေခြည် လာတယ်။ တိုင်းပြန်/ဆက်ဦးစီးမှူးဦးဝင်းခင် လည်းလာတယ်။ မြန်မာပို့စ် သတင်းဂျာနယ်လက်ဆောင်ပေး လိုက်တယ်။ သူပေးတဲ့ သတင်းနှစ်ပုဒ်ပါတယ်။ ညနေ သင်္ကြန်မဏ္ဍုပ်ဖွင့်ပွဲ သတင်းယူရန်မှာသွားတယ်။ ရန်ကုန်မြို့က သတင်းစာဆရာဦးရဲနိုင်မိုး ရောက်နေကြောင်း ၊ ဆရာဦးရဲနိုင်မိုးနဲ့ ကျွန်တော်တို့အဖွဲ့ ပန်ချီမြင့်ဇော်ဦးအိမ်မှာ တစ်ရက်တွင် တွေ့ဆုံကြဖို့ ဖိတ်မည် ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။ ဆရာဦးဝင်းခင်လည်း နေ့လည်ဆိုရင် သူပါတက်မည်ပြောခဲ့ပါတယ်။ မကွေးစက်မှုတိုင်း(၃)မှ မီးသတ်စွမ်းရည်ပြပွဲသတင်း မပါသေးကြောင်း ဆရာဦးဝင်းခင်မှ ပြောပါတယ်။ သတင်းပါလာရင် သတင်းစာ တစ်ဆောင်လက်ဆောင်ပေးရန် မှာထားရပါတယ်။ မြန်မာ့အလင်း၊ ကြေးမုံသတင်စာ နှစ်စောင်လုံးကို ပို့ပေးထားကြောင်း ပြောပါတယ်။ ` လျှပ်စစ်မီးလိုင်း ကိုယ်ထူကိုယ်ထဖြင့် (၇)လအချိန်ကာလအတွင်း ကုန်းသာကျေးရွာမှာ မီးလင်းပြီ´ ၂၀၁၁ ခုနှစ်၊ သြဂုဏ်လ(၂၈)ရက်နေ့ မှ စတင်ဆောင်ရွက်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တရုပ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းအနီးမှ ကုန်းသာကျေးရွာမှာ (၇)လအချိန်တိုကာလ အတွင်း လျှပ်စစ်မီးလင်းကြောင်း သတင်းရရှိပါသည်။ ၃၀-၃-၂၀၁၂ နေ့တွင် ကုန်သာရွာသို့ရောက်ခဲ့သည်။ ဤရွာမှာ လျှပ်စစ်မီးကို ၂၀၁၂ ခု၊ မတ်လ(၂၈)ရက်မှ စတင်မီးလင်းခဲ့ကြောင်းသိရသည်။ ကုန်းသာရွာဦးကျောင်း ဆရာတော် ဦးအာစရ ဆရာတော်အား နာယက အမှုထား၍ ကော်မတီ(၃၅)ယောက်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရ၏။ ငွေကို စတင်သည့်ကာလမှ အရစ်ကျစနစ်ဖြင့် စုဆောင်းခဲ့ကြပါသည်။ ထည့်ဝင်ရမည့်ငွေပြည့်သော အိမ်များကိုသာ လျှပ်စစ်မီတာ ချိတ်ပေးထားကြောင်းသိရသည်။ မီတာတစ်လုံးကို ငွေကျပ်(၈၁၅၀၀)မင်းဘူး(စကု)မြို့နယ်လျှပ်စစ်ရုံးသို့ ပေးသွင်းရပါသည်။ တိုင်မှ ကြိုးနှင့် ၀ါယာရိန်းတတ်ဆင်ခ ၁၁၅၀၀၀ိ/(တစ်သိန်းတစ်သောင်းတစ်ထောင်ငါးရာ)ကျော်ထပ်မံကုန်ကျကြောင်း သိရသည်။ မီးလိုင်းအတွက် ကျေးရွာမီးလင်းရေးကော်မတီသို့ တစ်အိမ်လျှင် (၂)သိန်း(၆)သောင်း ထည့်ဝင်ကြရပါသည်။ တစ်အိမ်မှာ မီးလင်းပြီးငွေ( ၄၅၃၀၀၀ ) လေးသိန်းငါသောင်းသုံးထောင်ကျပ် စုစုပေါင်းကုန်ကျပါသည်။ `ကျွန်တော်တို့ရွာက ယခုလို(၇ )လအတွင်း မီးလင်းအောင် ဘယ်နိုင်ငံရေးပါတီ၊ ဘယ်လူကြီးမျက်နှာ၊ ဘယ်သူ့အထောက်အပံ့နဲ့မှ မီးလင်းတာ မဟုတ်ပါဘူးခင်ဗျာ..။ ရွာဦးကျောင်းဆရာတော် ဦးအာစရ (နာယက)နဲ့ ကော်မတီက ဦးဆောင်ကြပြီး မရှိ့မယ့် ရှိမဲ့ ကိုယ်ထူ ကိုယ်ထ ချေးငှါးဆောင်ရွက်ခဲ့ကြရတာပါခင်ဗျာ..´။ ဟု ကော်မတီအဖွဲ့ဝင် ဆရာဦးထွန်းနွယ်မှ အသေးစိတ်ရှင်းလင်း ပြောဆိုပါသည်။ ကုန်သာရွာထဲမှ ဆင်းရဲသော လက်လုပ်လက်စား မိသားစုများမှာ လျှပ်စစ်မီးမထွန်းနိုင်ကြောင်းကိုလည်း ကုန်စုံဈေးဆိုင်ပိုင်ရှင် ဦးသန်းညွှန့်မှ ပြောကြား၍သိခဲ့ရပါ၏။ ယင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၅၀၀)ခန့်ရှိပြီး ယခုလောလောဆယ် (၂၅၀)အိမ်အတွက် မင်းဘူး(စကု) မြို့နယ်လျှပ်စစ်ဌာနမှ ချထားပေးပြီးသိရပါသည်။ မီတာစောင့်ထိမ်းခမှာ တစ်ထောင်ကျပ်၊ တစ်ယူနစ်လျှင်(၃၅)ကျပ်နှုန်းဖြင့် မြို့ပေါ်ဈေးအတိုင်း ကောက်ခံပါကြောင်း`ဒီလို(၇)လနဲ့ ဖြစ်အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျေးရွာကလည်း အင်တိုက်အားတိုက် ကြိုးစားကြတော့ ကျွန်တော်တို့ကလည်း စေတနာထားပြီး အမြန်ဆောင်ရွက်ပေးရပါတယ်..။´ဟု မင်းဘူး(စကု) မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်မောင်ဌေး မှပြောကြားပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၂-၄-၂၀၁၂ `သင်္ကြန်အကြိုနေ့´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၂-၄-၂၀၁၂ `သင်္ကြန်အကြိုနေ့´
 

0 comments: