၈-၃-၂၀၁၂ ` ဆင်းရဲခြင်းလွတ်ကင်းအောင် ဒီမိုကရေစီဖြင့် ဖော်ဆောင်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၇-၂၀၁၂) ၈-၃-၂၀၁၂ ` ဆင်းရဲခြင်းလွတ်ကင်းအောင် ဒီမိုကရေစီဖြင့် ဖော်ဆောင်´ ၈-၃-၂၀၁၂ နေ့ နံနက်(၉)နာရီကနေ ညနေ(၄)နာရီအထိ မကွေးမြို့မြို့တော်ခန်းမသို့သွားနေရပါတယ်။ UNDP အဖွဲ့မှ ဆင်းရဲနွမ်းပါးမှုလျှော့ကျရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါတယ်။ သတင်းမီဒီယာ မှ အစိုးရပြန်/ကြားရေးဌာန မြို့နယ်အဖွဲ့က(၂) ဦးရယ်။ စာနယ်ဇင်းသမားဆို ကျွန်တော်တစ်ဦးသာ ပါကြပါတယ်။ သွားတုံးကတော့ စာနယ်ဇင်း အတွင်းရေးမှူး ကိုနေခြည် လဲပါတယ်။ ခန်းမကို ရောက်တော့ ဖိတ်စာနာမည်မှာ ကျွန်တော်တစ်ဦးသာပါ၍ ကိုနေခြည် ပြန်သွားရပါတယ်။ ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေမှာ စိတ်ပါဝင်စားသူများ လာရောက်နားထောင်နိုင်တယ်လို့ သိရသော်လည်း ဒီပွဲကို ဦးဆောင်ကျင်းပ စီစဉ်သူများက မကွေးတိုင်းဒေသကြီး စီမံကိန်းရုံးမှ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ အစိုးရအဖွဲ့မှ အထက်က ပြုပြင်ပြောင်းလဲနေပြီဖြစ်သော်လည်း အောက်ခြေမှ ဌာနများမှာ ကြိုနီစနစ်ကို ဖက်တွယ်ထားနေတာကို တွေ့ရတယ်။ UNDP က ဖိတ်သင့်တဲ့ သူများကို ဖိတ်ခိုင်ထားသော်လည်း သတင်းမီဒီယာအဖွဲ့ကို တစ်ဦးသာဖိတ်ထားတယ် ဆိုတာက လုံးဝ မဖြစ်သင့်ပါဘူး။ မကွေးတိုင်း စီမံကိန်းရုံးက ဖိတ်ကြားစီမံမူမှာ စတုထ္ထမဏ္ဍိုင်ကို ချောင်ထိုးထားတဲ့ သဘောဖြစ်နေတာကို တွေ့မြင်လိုက်ရပါတယ်။ သတင်းမီဒီယာသမားဆိုတာ စားချင် သောက်ချင်လို့ လက်ဆောင်လို့ချင်လို့ ပြောနေတာမဟုတ်ပါ။ ဒီလိုပွဲမျိုးမှာ သတင်းသမား များများလာမယ်။ သတင်းစာ ဂျာနယ်အမျိုးမျိုးတွေမှာ များများထည့်ရေးမှ အများးပြည်သူတွေသိပြီး နိုင်ငံတော်သမ္မတကြီးလမ်းညွှန်ထားတဲ့ မြန်မာပြည်တွင်း ဆင်းရဲနွမ်းပါးသူများ လျော့ကျရေး စီမံချက် အောင်မြင်မယ် မဟုတ်ပါ့လားခင်ဗျာ..။ ယခုတော့ လှူတဲ့သူက အများအတွက် ကြည်ကြည်ဖြူဖြူလှူနေတာကို ကြားထဲမှ ပိတ်တကာလုပ်ပြီး အာဏာရှင်လက်ကျန် ကြိုနီစနစ်ကြီးနဲ့ တားထားကြတာ လုံးဝ မဖြစ်သင့်ပါ..။ အလုပ်ရုံးဆွေးနွေးပွဲမှာ UNDP အဖွဲ့မှ တာဝန်ရှိသူများက တစ်ယောက်ပြီး တစ်ယောက် ဆင်းရဲမွဲတေမှုလျှော့ကျရေး အတွက် သူတို့စစ်တမ်းကော်ယူထားတဲ့ စာရင်း ဇယားများကို ဖတ်ကြားပြနေပါတယ်။ သိလိုတာများကို တက်ရောက်သူများ မှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရှင်းလင်းကြတာပါ။ စာရင်း ဇယား ကိန်းဂဏန်းများကိုသာ ထပ်တစ်လဲလဲ ပြောနေကြတော့ စိတ်ဝင်စားသူ နည်းတယ်လို မြင်မိပါတယ်။ တစ်ချိုးဆိုရင် အိပ်ငိုက်နေတာတောင် မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း အိပ်ငိုက်မနေမိအောင် မှတ်တမ်းဓာတ်ပုံများကို ထထပြီး ရိုက်နေရပါတယ်။ ဆိုလိုချင်တာက ကိန်းဂဏန်းကို အခြေပြုပြီး ဆင်းရဲနွမ်းပါးမှုအတွက် အထောက်အကူပြုစေမယ့် အကြောင်းတရားတွေကိုထင်သာ မြင်သာတဲ့ ဥပမာ ဥပမေယများကိုပြပြီး ပြည်သူတွေ အသိ အမြင်များလာအောင် လိုက်နာနိုင်အောင် လူထုနဲ့ထိတွေ့ဆွဲဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ စာရေးဆရာများ အနုပညာရှင်များ နဲ့ အောက်ခြေ ကျေးရွာ ရပ်ကွက်တွေ အထိ ဟောပြောပွဲတွေ တွေ့ဆုံပွဲတွေ လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒီလိုအသိတရားတွေ မရှိကြလို့ UNDP က ၀န်ထမ်းများ တစ်အိမ်တက်ဆင်း သွားရောက်တဲ့အခါမှာ စီးပွားရေး လူမှုရေးကိစ္စများကို မေးမြန်းရာ များသောအားဖြင့် မဖြေကြားလိုသူတွေက များနေကြောင်း ကြားသိရပါတယ်။ ယနေ့ကျင်းပတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ကျရေး အလုပ်ရုံးဆွေးနွေးပွဲဟာ အလုပ်ရုံးဆွေးနွေးပွဲနဲ့ မတူဘဲ သင်တန်းတစ်ခုမှာ ပို့ချနေတာမျိုး၊ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု ပြုလုပ်နေတာမျိုးနဲ့ တူနေပါတယ်။ ဒါကြောင့် တစ်နေသာ အချိန်ကုန်သွားတယ် ကျွန်တော်စာမရေးဖြစ်ခဲ့ပါ။ ညနေ(၄)နာရီ ပွဲပြီးလို့ အစည်းအဝေး( အဲ အလုပ်ရုံဆွေးနွေးပွဲ) က ပေးတဲ့ သားရေအိပ်ကိုလွယ်ပြီး ခြေလျှင်ပြန်လာခဲ့ပါတယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့် နဲ့ ခေတ္တရာမန်း သန်းမြင့် တို့ရောက်လာကြပါတယ်။ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ မြန်မာတစ်ပြည်လုံး လှည့်ပြီး ဝေငှနေတဲ့ ငါးမင်းဆွေ လက်ကမ်းစာစောင်များ ကိစ္စကို ပြောဖြစ်ကြပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: