၆-၃-၂၀၁၂ `၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၅-၂၀၁၂) ၆-၃-၂၀၁၂ `၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်´ မကွေးတိုင်းဒေသကြီးသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင် နှင့်အတူ ကိုဂျင်မီ၊ ကိုအံ့ကျော်ဖွယ်၊ကိုမျိုးအောင်နိုင်၊ ကိုဥာဏ်လင်း၊ ကိုကိုလှိုင်၊ ကိုချစ်ကိုလင်း စုစုပေါင်း(၇)ယောက် လိုက်ပါကြပါသည်။ ``မနေ့က (၅-၃-၂၀၁၂)နေ့မှာ ချောက် မြို့NLD ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကို အဓိကထားပြီး ကျွန်တော်တို့တက်ရောက် အားပေးခဲ့ပါတယ်။ ချောက်က သိပ်မစည်ကားဘူးဗျ။ ချောက်ကနေ အပြန်မှာ ရေနံချောင်းကဖိတ်ကြားလို့ ရေနံချောင်းကို ၀င်ရောက်ခဲ့ပါတယ်။ ညနေ ဒီ မကွေးကိုရောက်လာခဲ့ပါ တယ်။ မကွေးမြို့မှာ ကျောင်းသားလူငယ်တွေက တော်တော်လေးလှိုက်လှိုက်လှဲလှဲ အင်အားများစွာနဲ့ ကြိုဆိုကြတာကိုတွေ့ရပါတယ်၊ အားရ၀မ်းသာ ဖြစ်ရပါတယ်ဗျာ´´။ လို့ ကိုအံ့ဖွယ်ကျော်မှ ပြောဆိုပါသည်။ မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅)လမ်း၊ ရွှေမြန်မာ စတိုးဆိုင်ပိုင်ရှင် ကိုစိုး၏ တိုက်မှာ ညအိပ်တည်းခိုကြကြောင်း သိရပါသည်။ ၆-၃-၂၀၁၂ နေ့ နံနက်(၇) နာရီတွင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သည် မကွေးမြသလွန်စေတီ တော်သို့ ဘုရားဖူးသွားကြသည်။ ဘုရားဖူးအပြန်မှာ မကွေးမြို့ရှိ ပါရမီရှင်(ပရဟိတ လူမှုကူညီရေး)အဖွဲ့၊ မဟာသွေး သွေးလှူရှင်အသင်း သို့ ၀င်ရောက် အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ ဂရုဏာရှင်များ နာရေးအသင်း သို့ ၀င်ရောက်ကြည့်ရှု အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်းမှ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အား သွားရောက် အလေးပြုကြပါသည်။ ယင်းဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတွင် လေးဘက်လေးတန်ရှိ တံခါးမကြီးများအား ပိတ်ထားကြောင်း မြင်တွေ့ရပြီး စည်ပင်သာယာမှ ၀န်ထမ်းများ သန့်ရှင်းရေးလုပ်ကိုင်ရန် ရောက်ရှိနေကြ ၏။ ယင်း စည်ပင်သာယာဝန်ထမ်းများ ၀င်ရောက်ရန်ဖွင့်လှစ်ထားသော တံခါးပေါက်ကလေး တစ်ပေါက်မှ ၈၈ မျိုးဆက်ကျောင်းသားများ ၀င်ရောက်ခဲ့ကြရ ပါသည်။ (ယင်းကိစ္စအား ကိုမင်းကိုနိုင် မှ နှတ်ဆက်စကားပြောကြားရာတွင် ထည့်၍ ပြောကြား၏။) `ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်းခေါင်းဆောင်ကြီးများအား အလေးပြု´ ဟု ကျောင်းသားတစ်ဦးမှ အမိန့်ပေး၍ အလေးပြုကြ၏။ ထို့နောက် `၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှ အသက်ပေးလှူသွားကြသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူနှင့် ပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့် တစ်မီနစ်ငြိမ်´ ဟု အဆိုပါကျောင်းသားတစ်ဦးမှ ထပ်မံအမိန့်တိုင်ပြီး တစ်မီနစ် ဂါရ၀ပြုကြပါသည်။ ထို့နောက် ၆-၃-၂၀၁၂၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့မှလာရောက်အားပေးတွေ့ဆုံကြသော ပရိသပ်ကြီးအား မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅) လမ်းရှိ ရွှေမြန်မာစတိုးဆိုင်ပိုင်ရှင် ကိုစိုးတိုက်ပေါ်၊ ၀ရံတာမှထွက်၍ ကိုမင်းကိုနိုင် နှစ်အတူလိုက်ပါလာကြသော ၈၈ မျိုးဆက်ကျောင်းသား (၇)ဦးမှ ထွက်၍ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ကိုအံ့ဖွယ်ကျော်၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့ သုံးဦး မှ အကျယ်တစ်ဝင့် မိတ်ဆက်ပြောကြားပြီး နံနက်(၁၁း၃၀) နာရီမှာ တွေ့ဆုံပွဲပြီးဆုံးသွား ပါသည်။ (ဤ မိတ်ဆက်ပွဲအတွင်း ကြားဖြတ် အထူးသတင်းကြေငြာပါသည်။ ၁၃-၃-၂၀၁၂ နေ့တွင် မကွေးမြို့သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာပါမည်။)ဟု အသံချဲ့စက်ဖြင့် လူထုအား အသိပေးသွားပါသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီစဉ်မှာ ၆-၃-၂၀၁၂ နေ့ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် မင်းဘူးမြို့သို့ သွားရောက်၍ ရွှေစက်တော်ဘုရားသို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာမည်။ ရွှေစက်တော်မှ ဘုရားဖူးအပြန်တွင် မြိုသစ်မြို့သို့ ယနေ့ည ၆-၃-၂၀၁၂)နေ့ ညအိပ်ရန် ဆက်လက်ထွက်ခွာသွားကြမည်။ မြို့သစ်မြို့မှ တဆင့် နေပြည်တော်သို့ ဆက်၍ သွားကြပါမည်ဟု ၈၈ မျိုးဆက်ကျောင်း သား အဖွဲ့ခေါင်ဆောင် ကိုမင်းကိုနိုင် မှ ပြောကြား၍ သတင်းရယူခဲ့ ပါသည်။ `မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၈၃)တွင် မကွေးတိုင်းဒေသကြီး မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့် တိုက်(၄) နှစ်ပြည့် စာပေဟောပြောပွဲအား ဒေါက်တာထွန်းလွင်(မိုလေ၀သ/ဇလဗေဒ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) နှင့် အခြားစာရေးဆရာ၊ ဆရာမ(၄)ဦး တို့ ဟောပြောပွဲရန်စီစဉ်ထားကြသည်။ ဟောပြောပွဲကျင်းပမည့်နေ့ည မိနစ်ပိုင်းအလိုမှာ ` သက်ဆိုင်ရာမှ စာပေဟောပြော ခွင့် ပွဲမိန့် မရ၍ ´ဟု တားမြစ်ခံခဲ့ရ ပါသည်။ ဟောပြောကြမည့် စာရေးဆရာ၊ဆရာမများနှင့် ကြွရောက်နားထောင်ရန် လာရောက်ခဲ့ကြသော စာပေဟောပြောပွဲ ပရိတ်သတ်ကြီးတို့မှာ `ဟာ.ခနဲ.ဟင်..ခနဲ´ ဆိုပြီး ၀မ်းနည်း ပူဆွေ ငိုကြွေး သောကများကြရပုံ ဆောင်းပါးအား ဖတ်လိုက်ရပါ၏။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စာပေဟောပြောပွဲ အတွက် ဟောပြောခွင့်ပြုမိန့်များအား သက်ဆိုင်ရာမှ အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း ရေဒီယိုများ၊ ဂျာနယ်များတွင် ဖတ်ကြားသိရှိခဲ့ရပါသည်။ သက်ဆိုင်ရာမှ ၂၀၁၂ ခု၊ ဧပြီလ(၁)ရက် နေ့ ကြားဖြတ်ရွေးချယ်တင်မြောက်ပွဲ နှင့် (၁၀) တန်းစာမေးပွဲ မပြီးမချင်း မည်သည့် စာပေဟောပြောပွဲကိုမျှ ဟောပြောခွင့်ပြုမိန့် ပေးမည်မဟုတ်ပါကြောင်း ကိုလည်း ကြားသိထားခဲ့ပါသည်။ သို့သော်လည်း ၂၀၁၂ ခု၊ မတ်လ(၃)ရက်နေ့ ညတွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ်၊ နတ်စဉ်ကန်ကျေးရွာမှာ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲအား ထူးခြားစွာဖြင့် ခွင့်ပြုပေးခဲ့ကြောင်း မကွေးခရိုင်ပြန်/ဆက် ဦးစီးမှူးထံ မှ ကြားသိရပါ၏။ ဟောပြောကြသော စာရေးဆရာများမှာ ဆရာချစ်နိုင်(စိတ်ပညာ) ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်( အငြိမ်းစား)၊ ဆရာ ရေနံ့သာဝင်းမောင်၊ ဆရာသူရဇော် တို့ စာရေးဆရာ သုံးဦး ဟောပြောကြကြောင်း သတင်းရရှိပါသည်။ `စာနယ်ဇင်းသမားဖြစ်လို့ မကွေးမြို့ရပ်ကွက်ကော်မရှင်အဖွဲ့ မှ နှုတ်ပယ်လိုက်သတဲ့´ ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ရာ ကော်မရှင်ဆိုင်ရာလုပ်ငန်းညှိနိုင်း ဆွေးနွေးပွဲများကို တစ်ပြည်လုံးအနှံ့ တိုင်းဒေသကြီး/ မြို့နယ်/ရပ်ကွက်/ကျေးရွာ ကော်မရှင်အသီးသီးမှ ပြုလုပ်လျှက်ရှိပြီး မဲစာရင်းများပြုစု၍ သက်ဆိုင်ရာ မဲရုံများတွင် ချိတ်ဆွဲ ပြသထားကြပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီး မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွင် ကော်မရှင်အဖွဲ့ဝင် (၁၀) ဦးအား ရပ်ကွက်အတွင်း အများကြည်ညိုလေးစားခံရသူ၊ ရပ်မိ ရပ်ဖများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ကြောင်းသိရှိရသည်။ ၂၀၁၂ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထအကြိမ် ရွာသစ်/ပွဲကြိုရပ်ကွက် ကော်မရှင်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့စဉ်က ၂၀၁၀ ခုနှစ်က တာဝန်ပေးအပ်ခဲ့ သော ကော်မရှင်အဖွဲ့ဝင်(၁၀)ဦးကို ဖိတ်ကြား၍ ပြုလုပ်ခဲ့သော်လည်း (၆-၃-၂၀၁၂) နေ့တွင် ပြုလုပ်သော ကော်မရှင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်မူ မူလရပ်ကျေးကော်မရှင်အဖွဲ့ဝင်တစ်ဦးအား ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။ ဖိတ်ကြားခြင်းမပြုသည့် အကြောင်းရင်းအား ထိုနေ့က ပြုလုပ်သည့် အစည်းအဝေး၌ သွားရောက်မေးမြန်းသည့်အခါ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့တွင် အီးစီ (အတွင်းရေးမှူး) ဖြစ်နေသည့်အတွက် မူလကော်မရှင်အဖွဲ့ စာရင်းမှ နှုတ်ပယ်ခြင်းဖြစ်သည်ဟု ရွာသစ်/ပွဲကြိုရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မှ ပြောကြားကြောင်းသိရှိရသည်။ မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ အီးစီ ဖြစ်နေသည့်အတွက် ကော်မရှင်အဖွဲ့စာရင်းမှ နှုတ်ပယ်သည်ဆိုခြင်း၊ ထိုသို့ နှုတ်ပယ်ကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းမရှိဘဲ ကော်မရှင်အစည်းအဝေးပြုလုပ်ရာတွင် ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိဟု ခံစားရကြောင်း ယင်းစာနယ်ဇင်းသမားက ပြောကြား ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: