၁-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲ ကျန်မဲတွေနဲ့ ချန်ခဲ့တယ်

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၁-၂၀၁၂) ၁-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲ ကျန်မဲတွေနဲ့ ချန်ခဲ့တယ် ´ နံနက်အိပ်ယာက စောစောထတယ်။ ယနေ့ အစိုးရသစ်လက်ထက်မှ ကြားဖြတ်ရွေးချယ်ပွဲနေ့ဖြစ်တယ်။ ဒါကြောင့် စောစောစီးစီး မဲရုံသို့ မဲသွားပေးပါတယ်။ ရွာသစ်ရပ်၊ သမာဓိဆီစက် မဲရုံမှာ မဲပေးရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ မိသားစု မဲ မပေးခဲ့ရပါ။ အိမ်ထောင်စုက အပေါ်တိုင် ကားကွင်းဘေး (ရန်ဝေး)ရပ်မှာ နေခဲ့လို့ အဲဒီမှာ မဲစာရင်းကျန်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် ကြားဖြတ်ရွေးချယ်ပွဲကတော့ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီကို အားပေးခဲ့ပါတယ်။ ကိုနေခြည်၊ ကိုမြင့်ဇော်ဦး၊ ကိုဇော်မင်းကြည်တို့နဲ့ မကွေးမြို့ရပ်ကွက်ပေါင်းစုံသို့သွားပြီး သတင်းယူတယ်။ သိင်္ဂါရပ်ကွက် အမက(၃)ကျောင်းထဲမှာဖွင့်ထားတဲ့ မဲရုံကိုရောက်တယ်။ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း အဲဒီမဲရုံမှာ ရောက်နေတယ်။ မဲစာရင်းကိစ္စ ကော်မရှင်အဖွဲ့၊ မဲရုံမှူးနဲ့ ပြောဆိုနေတာကို သတင်းယူခဲ့တယ်။ ညနေ(၃)နာရီအထိ သတင်းလိုက်ခဲ့တယ်။ သတင်းရေးတယ်။ ဂျာနယ်တိုက်တွေကို သတင်းပို့လိုက်ပါတယ်။ မကွေးမြို့နယ်မှ ရေတွက်ပြီး မဲစာရင်းများနှင့် မဲမထည့်ရသူ မိသားစုများ ဧပြီ (၁)ရက်နေ့ ကြားဖြတ်ရွေးချယ်ပွဲတွင် မကွေးမြို့၊ အောင်စေတနာ( ဘီ )ရပ်ကွက် မဲရုံတွင် မဲမထည့်ရသူ အိမ်ထောင်စု များ မြောက်များစွာကျန်ရှိကြောင်းသိရသည်။ NLD ဦးမြင့်သိန်း (လွှတ်တော်ကိုယ်စားလှယ်လောင်း) ၏ အိမ်နှင့်ကပ်လျှက်ရှိသော ပန်းချီဆရာသူရိန်မြိုင်မိသားစု နှင့် ကိုဆန်းတင့်စိုး မိသားစု နှစ်စုကျန်နေ၍ သွားရောက်သတင်းယူ ပါသည်။ ယင်းမှ ၀ိုင်းပွဲစား ဦးချော်တောက်မိသားစု နှင့် အောင်စေတနာ(ဘီ)ရပ်ကွက် ၉ လမ်း၊ ၁၀ လမ်း၊ ၁၁ လမ်း များတွင် မဲမထည့်ရသော မိသားစုများ (၈၀)ကျော်ခန့် ကျန်နေ၍ မကြည်ကြည်မြင့်၊ မရီရီမြင့် တို့ နှစ်ယောက်က စာရင်းများ လိုက်လံကောက်ယူနေကြောင်း ကြားသိရ၏။ ထို ကလေးမလေး နှစ်ယောက်အိမ်သို့ သွားရောက် သတင်းယူပါသည်။ မကြည်ကြည်မြင့်က ဤသို့ ရင်ဖွင့်ပြောဆိုပါ၏။ `ကျမတို့လိုကျန်နေတဲ့ မိသားစုတွေကို စာရင်းကောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ ရင်ထဲမှာရှိတဲ့ဆန္ဒကို အမှန်တကယ် မဲပေးချင်ပါတယ်။ ပေးခွင့်လည်းရှိတယ်။ မှတ်ပုံတင်လည်း ရှိတယ်။ အိမ်ထောင်စုစာရင်းလည်းရှိတယ်။ အသက်လည်းပြည့်တယ်။ ဒီရပ်ကွက်ထဲမှာလည်း အမှန်တကယ်နေတယ်။ အကျင့်စာရိတ္တလည်းကောင်းတယ်။ ပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ ကိုယ်နှစ်သက်တဲ့လူကို ရွေးချယ်ပေးချင်ပါတယ်။ ကျမတို့ဘယ်နိုင်ငံရေးမှလည်း မလုပ်ပါဘူး။ ယခုတော့ ကျမတို့ဆန္ဒပြုလိုသူကို မဲမပေးလိုက်ရလို့ တော်တော်ကို ခံစားနေရပါတယ်´ ဟု မကြည်ကြည်မြင့်မှ ပြောပါသည်။ ရန်ကင်းဈေး မှ သစ်စိမ်း မြေဆီဆိုင် မိသားစုများ နှင့် မဝေ ဆိုသူအမျိုးသမီးတို့ကို သွားရောက်စုံစမ်း သတင်းယူခဲ့ပါသည်။ မဲမထည့်ရသေးသော မိသားစုမှများမှာ မြို့နယ်ကော်မရှင်မှ ပြောထားတဲ့အတိုင်း ရပ်ကွက်မဲရုံများသို့ နိုင်ငံသားကတ်၊ အိမ်ထောင်စုစာရင်းများကို ယူဆောင်သွားသော်လည်း သက်ဆိုင်ရာ မဲရုံများမှ လက်မခံ၍ ပြန်လာခဲ့ရကြောင်း တွေ့ရပြီး သတင်းရယူခဲ့ပါသည်။ ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှ မကွေးမြို့ရပ်ကွက်/ကျေးရွာများမှ စာရင်းရရှိပြီး မဲစာရင်းများမှာ အောက်ပါအတိုင်း သတင်းရရှိပါသည်။ စုစုပေါင်မဲစာရင်းအရ မကွေးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း (NLD)ပါတီမှ ရရှိကြောင်း သိရ၏။ ၂၀၁၂ ခု ဧပြီလ(၂)ရက်နေ့ညတွင် မကွေးမြို့နယ် NLD ရုံး၌ အောင်ပွဲခံမည်ဟု သတင်းရရှိပါသည်။ မကွေးမြို့၌ ရေတွက်ပြီးမဲစာရင်းများကို NLD ရုံးစာရင်းအရ အောက်ပါအတိုင်း သိရသည်။ ကျန်သော စာရင်းများကို ၂-၄-၂၀၁၂ နေ့တွင် ပေးမည်ဟု ဆို၏။ ၁) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၆၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ။ ၂) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၅၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၅ မဲ။ ၃) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၀၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။ ၄) မင်းရွာ(တောင်ရွာ)တွင် NLD ၁၆၂ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ။ ၅) ပုထိုးစမ်းရွာတွင် NLD ၂၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၉ မဲ။ ၆) မြင်သာရပ်ကွက် မဲရုံ ၄ တွင် NLD ၂၃၀ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။ ၇) ရွာသစ်မဲရုံ ၉ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။ ၈) ခိုင်ရွာတွင် NLD ၂၀၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၀ မဲ။ ၉) မယ်လှတောင်ရွာတွင် NLD ၅၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။ ၁၀) မြင်ကင်းရပ်ကွက်တွင် NLD ၇၀၀ မဲ၊ ပြည်ခိုင်ဖြိုး ၆၁ မဲ။ ၁၁) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၄၆၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။ ၁၂) ရှားဇောင်းကန်ရွာတွင် NLD ၆၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃ မဲ။ ၁၃) ကျောက်ကုန်းရွာတွကင် NLD ၅၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။ ၁၄) သိဂါင်္မဲရုံ (၃) တွင် NLD ၆၃၄ မဲ၊ ပြည်ခိုင်ဖြိုး ၂၀ မဲ။ ၁၅) သိင်္ဂါမဲရုံ (၄) တွင် NLD ၄၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၅ မဲ။ ၁၆) သိဂါင်္မဲရုံ (၁) တွင် NLD ၈၆၇ မဲဖြင့် နိုင်။ ၁၇) သိင်္ဂါမဲရုံ (၂) တွင် NLD ၅၉၂ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။ ၁၈) လင့်ငယ်ရွာတွင် NLD ၄၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ။ ၁၉) ကန်သာမဲရုံ (၃) တွင် NLD ၁၄၃၄မဲ၊ ပြည်ခိုင်ဖြိုး ၁၆၅ မဲ။ ၂၀) ကန်သာမဲရုံ (၂) တွင် NLD ၉၁၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၀ မဲ။ ၂၁) ကန်သာမဲရုံ (၁) NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၇၅ မဲ။ ၂၂) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၇၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၃မဲ။ ၂၃) မြို့ဦးရပ်ကွက်တွင် NLD ၄၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ။ ၂၄) မကွေးမြို့ပေါ် စုပေါင်းအိမ်ရာတွင် NLD ၃၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။ ၂၅) မြေနီကုန်းရွာလေးတွင် NLD ၅၃၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။ ၂၆) ဆည်းဆာရပ်ကွက်တွင် NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၀ မဲ။ ၂၇) အောင်ဇေယျာရပ်ကွက်တွင် NLD ၈၄၇ မဲ၊ ပြည်ခိုင်ဖြိုး ၈၁ မဲ။ ၂၈) ရန်ကင်းရပ်ကွက် NLD ၅၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။ ၂၉) ဆည်မြောင်းတွင် NLD ၂၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၈၆ မဲ။ ၃၀) အောင်မေတ္တာမဲရုံ ၄ တွင် NLD ၈၅၃ မဲ၊ ပြည်ခိုင်ဖြိုး ၇၈ မဲ။ ၃၁) ရွာသစ်ပွဲကြို မဲရုံ ၁ တွင် NLD ၆၅၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။ ၃၂) ရွာသစ်ပွဲကြို မဲရုံ ၂ တွင် NLD ၉၈၄မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။ ၃၃) ရွာသစ်ပွဲကြို မဲရုံ ၅ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ။ ၃၄) ရွာသစ်ပွဲကြို မဲရုံ ၄ တွင် NLD ၃၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၃၇၀မဲ။ ၃၅) မကြီးကန်ရွာတွင် NLD ၁၂၃၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၁၇ မဲ။ ၃၆) မြင်သာရပ်ကွက် မဲရုံ ၃ တွင် NLD ၆၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၉ မဲ။ ၃၇) မြင်သာရပ်ကွက် မဲရုံ ၁ တွင် NLD ၆၆၈ မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ။ ၃၈) မြို့မ/အိုးဘိုရပ်ကွက်တွင် NLD ၆၉၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၀ မဲ။ ၃၉) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၁၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၈ မဲ။ ၄၀) ကန်သာမဲရုံ ၁ တွင် NLD ၆၄၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၄မဲ။ ၄၁) ကန်သာ မဲရုံ ၂ တွင် NLD ၈၈၅ မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။ ၄၂) ကန်သာ မဲရုံ ၃ တွင် NLD ၁၄၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၄၆ မဲ။ ၄၃) မြင်သာ မဲရုံ ၄ တွင် NLD ၂၃၀မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။ ၄၄) ဆူးပေါက်စမ်းရွာတွင် NLD ၅၁၇ မဲ၊ ပြည်ခိုင်ဖြိုး ၁၆၀ မဲ။ ၄၅) ဈေးလယ်စိုးရပ်ကွက်တွင် NLD ၇၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၈၈မဲ။ ၄၆) ရွာသစ်ရပ်ကွက်တွင် NLD ၁၇၈ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။ ၄၇) ပြည်တော်သာရပ်ကွက်တွင် NLD ၁၉၂၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၅၂ မဲ။ ၄၈) ရွာသစ်ပွဲကြိုရပ်ကွက် မဲရုံ ၃ တွင် NLD ၁၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂မဲ။ ဆက်လက်ဖော်ပြပါမည်။ `လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း(NLD)ထံမှ မကွေးမြို့နယ်မှာ မဲစာရင်းများ ချန်ထားခဲ့ဟုဆို ´ ဧပြီး(၁)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်တွင် မကွေးမြို့ပေါ်ရှိ သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂) (၃) အမက(၃)မှာ မဲစာရင်းမသမာမှု များကြားသိရ၍ လိုက်လံသတင်းယူပါသည်။ ယင်းမဲရုံတွင် မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမြင့်သိန်း(NLD) နှင့် သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂)(၃) မှ တာဝန်ရှိသူကော်မရှင်များ မဲရုံမှူးများနှင့် မေးမြန်းဆွေးနွေးနေကြောင်း သိရပါ၏။ ယင်းကိစ္စအား NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း အား သတင်းစုံစမ်းမြေးမြန်းခဲ့သည်။ ဤ သို့ ဦးမြင့်သိန်းမှ ပြောဆိုပါသည်။ `ဒီမဲရုံမှာ ကလေးမလေးတစ်ယောက် စန်းစန်းဌေးဆိုသူက မဲလာထည့်တယ်။ မဲစာရင်းထဲမှာပါတယ်။ မဲစာရင်းနံပါတ်(၃၂၀၀) အဖေနာမည် ဦးစံငြိမ်း၊ အမေနာမည် ဒေါ်မြကြည်၊ မှတ်ပုံတင်မပါဘဲ မဲထည့်သွားတယ်လို့သိရတယ်။ နောက်တစ်ယောက်က စန်းစန်းထွေး ဆိုတာလာတယ်။ သူကမဲစာရင်းထဲမှာ မပါဘူး၊ အဖေ အမေနာမည်က အတူတူဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်တော့ မတူဘူး ဖြစ်နေတယ်။ ကော်မရှင်မှာတော့ ရှင်းနေတယ်ပြောပါတယ်။ မဲစာရင်းကျန်တဲ့ကိစ္စပြောရရင် နှစ်ပိုင်းပြောရပါ့မယ်။ မဲစာရင်းက ဖေဖော်ဝါရီ(၂၉)မှာ ကော်မရှင်ကချပေးတယ်။ ဒါပေမယ့် ရပ်ကွက်၊ ကျေးရွားတွေမှာ မတ်လ(၃)(၄)ရက်မှ ကြော်ငြာကပ်တယ်။ တစ်ချို့ကော်မရှင်တွေကတော့ မရိုးဖြောင့်တာလား ဘာလား မသိပါဘူး။ အဲဒါတွေကို ကပ်မထားကြဘူး။ ´ ဟု ဦးမြင့်သိန်းမှ ပြောကြားနေစဉ် မဲမထည့်ရသော စန်းစန်းထွေး ဆိုသူ ကလေးမလေးရောက်လာပါတယ်။ သူကို မှတ်ပုံတင် အိမ်ထောင်စု စာရင်းများတောင်း၍ ဦးမြင့်သိန်းမှ မေးမြန်းကြည့်ရှုပါသည်။ မစန်းစန်းထွေး ဆိုသူ ကလေးမလေးက ဤ သို့ပြောပါ၏။ `သမီးနာမည်က စန်းစန်းထွေးပါ။ ယခု သမီးမဲထည့်ခဲ့ရပါပြီ။ သပြေလမ်းက မဲရုံအမှတ်(၁) သိင်္ဂါ ဒေသန္တရဆေးခန်းထဲမှ မဲရုံမှာ ထည့်ခဲ့ရပါတယ်။ အဲဒီမဲရုံမှာ သမီးနာမည်တော့မပါ ပါဘူး။ အခြား မဲစာရင်းတစ်ခုကို ဖျက်ပြီး အစားထိုးထည့်ခဲ့ရပါတယ်။´ ဟု မစန်းစန်းထွေး ဆိုသူမှ ပြောပါသည်။ သူမက ဆက်၍ ယခု ကျမ အမေ ဒေါ်မြကြည်လဲ မဲစာရင်းထဲမှာ မပါဘူးဖြစ်နေပါတယ်´ ။ဟု ထပ်မံပြောဆိုပြီး မိခင်ဒေါ်မြကြည်ကိုလည်း ခေါ်လာပါသည်။ ဒေါ်မြကြည် နာမည်ဒီမဲရုံမှာ အမည်ကြောင်း။ သူ့ အမေအစား တစ်ဦးက မဲထည့်သွားပြီးကြောင်း မစန်းစန်းထွေးက လာရောက်ပြောဆို နေတာကို ကြားသိခဲ့ရပြန်ပါ၏။ ထိုစဉ် ဦးမြင့်သိန်း အခြားတစ်ဘက်သို့ ဖုန်းဆက်ပြီးပြောဆိုနေပါသည်။ သူ၏ ပြောဆိုကြားချက်များတွင် လည်း မဲစာရင်း မသမာမှုများကို ဤ သို့ ကြားသိခဲ့ရပါသည်။ `ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့ ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ တွေမှာ မချိတ်ထားဘူး။ တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။ အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို တော်တော်များများရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၂၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ကတောင်မကလောက်ပါဘူး။ ဥပမာ စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ် လို့ပြောပါတယ်။ ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊ အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင် ခုနှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။ ကော်မရှင်ကို သွားပြောတော့လည်း သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ် ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲ ကျန်မဲတွေနဲ့ ချန်ခဲ့တယ် ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁-၄-၂၀၁၂ `ကြားဖြတ်ရွေးချယ်ပွဲ ကျန်မဲတွေနဲ့ ချန်ခဲ့တယ်
 

0 comments: