၁၁-၂-၂၀၁၂ `ကျွန်တော်ရဲ့ အခင်မင်ဆုံး မိတ်ဆွေကြီးနဲ့ ခွဲခွာရတဲ့ ဒုက္ခ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၂၈-၂၀၁၂) ၁၁-၂-၂၀၁၂ `ကျွန်တော်ရဲ့ အခင်မင်ဆုံး မိတ်ဆွေကြီးနဲ့ ခွဲခွာရတဲ့ ဒုက္ခ´
မနေ့က ညမှာ ပန်းချီမြင့်ဇော်ဦး( ရှိတ် သတင်းထောက်- ရှိတ်ဂျာနယ် ဖြန့်ချိရေး) လာတယ်။ သူအိမ်မှာ သုံးနေတဲ့ စကိုင်းနက် အင်တာနက် နာရီကတ်ကိစ္စကို မေးပါတယ်။ AMT ကိုအောင်မျိုးထွန်း ထုတ်လွှင့်ပေးနေတဲ့ ဆီကို ခေါ်သွားပါတယ်။ ကျွန်တော့် လက်တောပ်နဲ့ သူ့ ၀ိုင်ဖိုင် အင်တာနက်သုံးကတ် မိနစ်(၃၀) တစ်ရာငါးဆယ်တန်နဲ့ အစမ်းသုံးပြပါတယ်။ စကိုင်းနက်လိုင်းဆိုတော့ ကျွန်တော့်ဘလော့ကိုဖွင့်တာ ဓာတ်ပုံများ ပုံမပေါ်ပါ။ ကော်နရှင် မကောင်းသေးလို့ ကောင်းရင်တော့ ပေါ်ပါမည် ပြောပါတယ်။ သူ့ဆီက တစ်နာရီသုံးရန် ကတ်(၃)ကတ် နဲ့ မိနစ်(၃၀)သုံး (၁)ကတ် ရောင်းလိုက်ပါတယ်။ သူ့လိုင်းကို သုံးရတာ သိပ်တော့ စိတ်တိုင်းမကျပါ။ ဒါနဲ့ ကျွန်တော်နဲ့ကိုမြင့်ဇော်ဦး တို့ စိန်မြင့် အင်တာနက်ဆိုင်ကို ထွက်လာခဲ့ပါတယ်။ စိန်မြင့် အင်တာနက်ဆိုင်က ADSL လိုင်းပါ။ ကျွန်တော့် လက်တော့ပ် ကွန်ပျူတာနဲ့ နက်ဝပ်ကြိုးတပ်ပြီးသုံးပါတယ်။ ဆိုင်ဆိုတော့ အီးမေးလ်ပို့ရင် အချိန်တော်တော်ကြာနေပါတယ်။ ၀က်ဆိုက်တွေကို ၀င်ကြည့်တာကိုသာ မြန်ပါတယ်။ ဂျီတော့ လဲ ရပါတယ်။ ကိုမြင့်ဇော်ဦးကတော့ သူသုံးနေကြ အင်တာနက်ဆိုင် တစ်နာရီ(၅၀၀ိ) ဆိုင်ကသာ မေးလ်ပို့ရတာ မြန်ကြောင်းပြောပါတယ်။ စိန်မြင့် အင်တာနက်ဆိုင်ကတော့ တစ်နာရီ(၃၀၀ိ) ယူပါတယ်။ကျွန်တော်တို့ နှစ်ယောက် တစ်နာရီ သုံးပြီး ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီဆိုင်က ကွန်ပျူတာစက်(၂၀) လောက်ရှိမယ် ထင်ပါတယ်။ ဒါကြောင့် ကွန်နရှင် နှေးနေတယ်ထင်ပါတယ်။
ည(၉)နာရီမှာ AMT အင်တာနက်ကတ်တွေကို သုံးဖို့ ဖွင့်ကြည့်ပါတယ်။ AMT ဖုန်း ၀၉-၇၃၀၀၉၂၁၆ သာ ခဏပေါ်လာပါတယ်။ ကွန်နရှင် လုံးဝ မရပါ။ လိုင်းလည်း လုံးဝ မမိပါ။ ညတွင်းချင်း ကိုအောင်မျိုးထွန်း ဆာဗာကို ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့သာ တွေ့ရပါတယ်။ မနက်ကျမှ လာစမ်းပေးမည် အကြောင်းပြန်ပါတယ်။ အင်း အင်တာနက် အတွက် စိတ်မောပြီး ရင်မောနေရပါတယ်။ ကျွန်တော်တို့နားမှာ ကပ်နေတဲ့ ရွှေဖြိုးအောင် စကိုင်းနက် အင်တာနက်လိုင်း ကို စုံးစမ်းကြည့်မည် စိတ်ကူးပြီး အိပ်၍ပျော်အောင် အိပ်လိုက်ရပါတယ်။ သြော် အင်တာနက်ဆိုတာလည်း ဆေးစွဲနေသလိုပါဘဲလား လို့ စဉ်းစားမိပါတယ်။ ကျွန်တော်အိမ်မှာ ကျွန်တော့်ရဲ့ အချိန်ပြည့်အနားရှိပေးတဲ့ မိတ်ဆွေကြီး ADSL လိုင်းကို အဆင်မပြေလို့ တစ်နေရာသို့ ပြောင်းရွှေပေးလိုက်ရတာကို။ မိတ်ဆွေကြီး ADSL လိုင်း (မြန်နှုန်းမြင့်လိုင်း) ကို ကျွန်တော့်ရယူနိုင်ဖို့ အိမ်နဲ့ ဆက်သွယ်ရေးတိုင်းရုံးသို့ (၃)လကျော်တိတိ ချောင်းပေါက်မတတ်သွားရောက်ခဲ့ရပါတယ်။ လျှောက်လွှာတင်တာ ဟိုထောက်ခံချက်၊ ဒီထောက်ခံချက်၊ ရပ်ကွက်၊ မြို့နယ် ဥက္ကဋ္ဌ တွေရဲ့ ထောက်ခံချက်တွေကို အကြိမ်ကြိမ်တောင်းခံခဲ့ရပါတယ်။ ရဲစခန်းကိုလည်း အလှူငွေ တစ်ထောင်ပေးခဲ့ရပါတယ်။ သူငယ်ချင်း စခန်းမှူးဖြစ်မှ ` ခင်ဗျားကို အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ရာဇ၀တ်မှု ကင်းရှင်းကြောင်းသာ ထောက်ခံပေးနိုင်မယ်။ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုတော့ ကျုပ်လဲ မသိဘူး။ မထောက်ခံနိုင်ဘူး´ လို့ ငြင်းပယ်နေပြန်ပါတယ်။ ဒါနဲ့ ရပ်ကွက်၊ မြို့နယ်ဥက္ကဋ္ဌ တွေဆီက ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ပြန်ထည့်ရေးပြီး မှ လျှောက်လွှာပြန်တင်ရပါတယ်။
အင်တာနက်သုံးစွဲဘူးသူ ကျွန်တော်မှာ ဘိန်းစွဲသူလို တမ်းတမ်းတတနဲ့ အချိန်ကျလာရင် သတင်းဝက်ဆိုက်တွေကို မျက်စေ့ထဲမြင်နေမိပါတယ်။ ဒါနဲ့ ၁၀-၂-၂၀၁၂ နေ့ညနေမှာ X-Network 09-5342093 ကိုသွားပါတယ်။ စကိုင်းနက် အင်တာနက် ၀ိုင်ဖိုင်လိုင်းခွဲပေးတဲ့ စင်တာပါ။ တစ်နာရီ(၃၀၀ိ)ကတ် (၃)ကတ်ဝယ်ပါတယ်။ သူတို့သုံးနေတဲ့ TP-LINK စတစ် ၀ိုင်ဖိုင်ဆွဲအားစက်ဗူးလေးကို ခေတ္တငှါးလာပါတယ်။ ည ပိုင်း အစမ်းသုံးကြည့်ပါတယ်။ လိုင်းဆွဲအား ကောင်းပါတယ်။ ဒါပေမယ့် စကိုင်းနက်လိုင်းက ဘလော့ပို့စ်တွေကို ပိတ်ထားပါတယ်။ ယခင်အစိုးရလက်ထက်မှာ စတင်လုပ်ကိုင်ခွင့်ရတာကို။ ယခု အစိုးရသစ်လက်ထက်မှာ အရာရာကို မြင်သာ ထင်သာအောင် ဖွင့်ပေးပြီး ပြောင်းလဲပေးနေတာပါ။ ဒါကြောင့် မြန်မာပြည် ဆက်သွယ်ရေးပိုင် ADSL လိုင်းတွေကို အားလုံးတံခါးဖွင့်ပေးနေပါပြီ။ စကိုင်းနက် အင်တာနက်လိုင်းကိုလည်း အားလုံးကို ပြန်ဖွင့်ပေးသင့်ပါတယ်။ အင်တာနက်လိုင်း (သတင်းမီဒီယာ)ဆိုတာ အများဘက်ကရပ်ပြီး အများစိတ်ကြိက် လုပ်ပေးရမှာပါ။ စကိုင်းနက် ကုမ္ပဏီ လူကြီးမင်းများ ခေတ်ဟောင်းမှ ဓာတ်ပြားကြီးဖွင့်ပြီး အိပ်ပျော်မနေသင့်တော့ပါဘူးဗျာ..။ အရှေ့အရပ်မှ ဒီမိုကရေစီ ရောင်နီထွက်စပြုနေကြပါပြီ။
ညက သုံးကောင်းကောင်းနဲ့ သုံးလိုက်တာ ည(၁၂း၃၀)နာရီကို ကျော်သွားပါတယ်။ ဘုရားဝတ်ပြုပြီးအိပ်လိုက်ပါတယ်။ အိပ်မက်ထဲမှာကို အင်တာနက်သုံးနေမိပါတယ်။ သြော် အင်တာနက်ရောဂါ။ ကျွန်တော့် ခင်မင်ရတဲ့ မိတ်ဆွေဟောင်းကြီး (ADSL) အင်တာနက်လိုင်းကြီး ခွဲခွာထွက်ပြေးသွားသော်လည်း ယခု မိတ်ဆွေသစ် စကိုင်းနက် အင်တာနက် မိတ်ဆွေတစ်ဦး ရောက်လာပြန်ပါပြီ။ ည ည (၁၂)နာရီအထိ တစ်နေ့ တစ်နာရီ (၃၀၀ိ) ဖိုး အသုံပြုရပေဦးမည်..။
Artikel ၁၁-၂-၂၀၁၂ `ကျွန်တော်ရဲ့ အခင်မင်ဆုံး မိတ်ဆွေကြီးနဲ့ ခွဲခွာရတဲ့ ဒုက္ခ´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၁-၂-၂၀၁၂ `ကျွန်တော်ရဲ့ အခင်မင်ဆုံး မိတ်ဆွေကြီးနဲ့ ခွဲခွာရတဲ့ ဒုက္ခ´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment