၅-၄-၂၀၁၂ ` သတင်းအစရရင် အဆုံးထိ အချိန်မဆိုင်းဘဲ လိုက်ရမယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၅-၄-၂၀၁၂) ၅-၄-၂၀၁၂ ` သတင်းအစရရင် အဆုံးထိ အချိန်မဆိုင်းဘဲ လိုက်ရမယ်´ မနေ့က မမျှော်လင့်ဘဲ သတင်းတွေ ခေါ်ရာနောက်သို့ နေရော ညပါ လိုက်ပြီး ရေးသားခဲ့တယ်။ ည (၁၂း၃၀) ထိ ရောက်သွားခဲ့တယ်။ ဒါပေမယ့် နံနက်စောစော ခါတိုင်းအချိန်မှာဘဲ အိပ်ယာထတယ်။ ဆိုင်ဖွင့်ပါတယ်။ နံနက်စောစော သတင်းသမား စောလှနွယ်လာတယ်။ သူ့ကို သတင်းပေးမယ်ဆိုလို့ ကျွန်တော်ကို စွဲမက်လက်ဖက်ရည်ဆိုင်မှာ ကျွေးမွေး ဧည့်ခံသွားတယ်။ သူယူလာတဲ့ ပျူးခေတ်လက်ကောက်သတင်း နောက်ဆက်တွဲ သတင်းကို ပေးလိုက်ပါတယ်။ ယနေ့ သတင်းကိစ္စ မှာ ကုန်းသာ မီးလင်းသတင်းနဲ့ မကွေးမြို့မှာ လူတိုင်းစိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်အစရထားတာကို သတင်းဆုံးအောင် လိုက်မည်လို့ စိတ်ကူးထားပါတယ်။ နံနက်ပိုင်းနေ့စဉ် နေ့တိုင်း ရေးနေကြ ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အခန်းဆက်ကိုလည်း ကျန်တဲ့ရက်များအတွက် ဖြည့်ရေးရပါတယ်။ နောက် နေ့စဉ်ထွက်တဲ့ ဂျာနယ်တွေကိုလည်း ၀တ်မပျက် ဖတ်ရပါတယ်။ နေ့လည်သတင်းလိုက်မယ်စိတ်ကူးသော်လည်း မလိုက်ဖြစ်ပါ။ ရှိတ်ဂျနယ် ဒီနေ့ရောက်လာတယ်။ ဒီဂျာနယ်ထဲမှာ အောင်ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းမှ ယဉ်ကျေးလိမ္မာသင်တန်းသတင်းကို ကိုမြင့်ဇော်ဦး ကလောင်နာမည် ဦး(မကွေး) ရေးထားတာကို သဘောမကျပါ။ ကိုမြင့်ဇော်ဦး နဲ့ ကိုဇော်မင်းကြည်တို့ စွဲမက်လက်ဖက်ရည်ဆိုင်ကို ရောက်လာပါတယ်။ ဒီကိစ္စကိုပြောပါတယ်။ ကဗျာဆရာတင်လင်းဇော်( အမျိုးသားစာပေဆုရှင်) လို့ ရေးသားရမှာကို ကလေးကဗျာဆရာ ဦးတင်လင်းဇော်( စာပေဆုရှင်) ဆိုပြီး မလျှော်ကန်စွာ ရေးသားဖော်ပြထားပါတယ်။ ကျွန်တော်က ပြောဆိုသော်လည်း သူတို့နှစ်ယောက်က ဦးထည့်လည်း ဘာမှ မဖြစ်ပါဘူးသဘော ပြောနေပါတယ်။ ဒါကြောင့် ကျွန်တော်လည်း စာပေကိစ္စဖြစ်နေတော့ စိတ်မကောင်းစွာနဲ့ပဲ ပြင်းပြင်းထန်ထန်ပြောဆိုမိသွားပါတယ်။ ကိုမြင့်ဇော်ဦးက ကျွန်တော် တိုက်တဲ့ လက်ဖက်ရည်ကိုတောင် မသောက်တော့ပါ။ စိတ်မကောင်းဖြစ်လိုက်ရပါတယ်။ နေ့လည် ကာကူး ခေါ် စောလှနွယ် ရောက်လာပါတယ်။ သူပေးထားတဲ့ ပျူခေတ်က ရွှေလက်ကောက်ကြီး နောက်ဆက်တွဲ သတင်းရတာကို သူ့ကို ပေးလိုက်ပါတယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့် ရောက်လာပါတယ်။ ၂၀၁၁ ခုနှစ်ထုတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဗဟိုလ်က ထုတ်တဲ့ မေတ္တာစမ်းရေ မဂ္ဂဇင်း ထွက်လာပါတယ်။ ကဗျာဆရာ တက္ကသိုလ်ရည်ရွယ် က မိတ္တူဆွဲပေးသွားလို့ သိရပါတယ်။ ဒီနှစ်ထဲမှာ ကဗျာက တက္ကသိုလ်ရည်ရွယ်၊ ကဗျာဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ၊ တို့ရဲ့ ကဗျာနှစ်ပုဒ်ပါတယ်။ ဆောင်းပါးက မောင်နန္န(မြစ်ကြီးနား) နဲ့ ကျွန်တော်ရေးတဲ့ ရသစာတမ်း (အမေအရင်းပါ သားရယ်) တို့ပါလာတာကို သိရပါတယ်။ အဲဒီ ကိစ္စကို ဆရာကြီး မကွေးဝင်းမြင့်ကို ပြောပြပါတယ်။ စကားပြောနေတုန်း လေတွေ မိုးတွေကျလာပါတယ်။ အဲ မိုးက တော်တော်လေး သဲလာပါတယ်။ မိုးများပြီး လေကနည်းသွားတော့ တော်ပါသေးတယ်။ မိုးရွာတော့ ဒီည ထီဆိုင် ဆီဆိုင် နှစ်ဆိုင်လုံးနဲ့ ကောင်းမွန်နားက ဆီဆိုင်ကိုပါ ည (၈)နာရီမှာ ဆိုင်သိမ်းလိုက်ရပါတယ်။ ည(၉)နာရီမှာ စောစောအိပ်လိုက်ရပါတယ်။ ယနေ့ သတင်းလည်း မရေးဖြစ်ပါ။ သတင်းလည်း မလိုက်ဖြစ်ပါ။ အင်တာနက်လည်း မကြည့်ဖြစ်လိုက်ပါ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၅-၄-၂၀၁၂ ` သတင်းအစရရင် အဆုံးထိ အချိန်မဆိုင်းဘဲ လိုက်ရမယ်´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၅-၄-၂၀၁၂ ` သတင်းအစရရင် အဆုံးထိ အချိန်မဆိုင်းဘဲ လိုက်ရမယ်´
 

0 comments: