၂၈-၃-၂၀၁၂ `အများအတွက် ပရဟိတဒါနများ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၇-၂၀၁၂) ၂၈-၃-၂၀၁၂ `အများအတွက် ပရဟိတဒါနများ´ နံနက်စောစောအိပ်ယာထတယ်။ ဆိုင်ဖွင့်တယ်။ ဆီစဉ်များကို မနေ့ကလိုဘဲ တစ်ယောက်တည်း ဖြစ်အောင်ခင်း တယ်။ ဆိုင်ဖွင့်တာနဲ့ ဈေးဦးပေါက်ရောင်းရတယ်။ စိတ်နေကျ ပုတီစိတ်တယ်။ အာအက်အေ ရေဒီယိုလိုင်းတွေက ပြောင်းထားတော့ တော်တော်ရှာရတယ်။ အသံတွေလည်း တိုးနေတယ်။ လိုင်းမမိသေးလို့ ထင်ပါတယ်။ တော်ကြာ ဂျာနယ်ရောက်လာတော့ ဂျာနယ်ဖတ်ပါတယ်။ အင်း ဘာလိုလိုနဲ့ နံနက်လင်းတာနဲ့ သတင်းငတ်တဲ့ ရောဂါဖြစ်နေပြီ..။ အဲ ယဉ်ကျေးလိမ္မာ သင်တန်းက ဖိတ်ထားတာ ယနေ့ထင်လို့ ကိုနေခြည်အိမ်ကို အိပ်ယာက နိုးပြီးမေးရသေးတယ်။ မနက်ဖြန် မတ်လ(၂၉)ရက် နံနက် ၇း၃၀ နာရီလို့ သိရတယ်။ ကလေးတွေကို ယဉ်ကျေးလိမ္မာပြောရမယ်ဆိုတော့ ပြောစရာလည်း ရှာမထားဘူး။ သူများတွေက လိမ္မာယဉ်ကျေးတရားတွေကိုသာ ဟောနေကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့( ခေတ်နဲ့ အညီ IT နည်းပညာတွေကို တတ်အောင်သင်ပါ) ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်နေ့မိနစ်(၂၀) ကို (၃)ရက်ခွဲပြီးဟောမယ်လို့ စိတ်ကူးထားပါတယ်။ ယနေ့ညနေ မိတ်ဆွေရင်း တစ်ဦးရဲ့သား ဗိုလ်ကြီးတစ်ယောက် စစ်မြေပြင်မှာ ကျဆုံးတဲ့ သတင်းကြားလို့ နာရေး သတင်းသွားမေးပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်တဲ့တိုက်ပွဲဖြစ်ပါတယ်။ ယခုထိ စစ်တပ်နဲ့ ကချင် ငြိမ်းချမ်းရေးက မရသေးပါ။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကို အဓိက လိုအပ်နေကြပါတယ်။ စစ်ပွဲတွေ မငြိမ်းချမ်းသမျှ နှစ်ဘက်လုံးက စစ်သားတွေ၊ မိသားစုဘ၀တွေ ပူလောင်သောကများစွာနဲ့ လူ့အသက်တွေများစွာ စတေးနေကြရပေဦးမည်။ မြန်မာတစ်ပြည်လုံး မိသားစုဘ၀တွေ အမြန်ဆုံးငြိမ်းချမ်းသာယာနိုင်ကြပါစေ..။ သားလေးက အသက်(၂၇)နှစ်၊ ရာထူးက ဗိုလ်ကြီး ဆိုတော့ မိဘတွေ တော်တော်ပူဆွေး သောကဖြစ်နေကြရပါတယ်။ စိတ်မကောင်းလိုက်တာဗျာ..။ စစ်ပွဲတွေ အမြန်ဆုံးရပ် ပေးကြပါတော့။ `မကွေးတိုင်းဒေသကြီး ဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန်GSM ဖုန်း ဆင်းကတ်များ စတင်ရောင်းချ´ ၂၈-၃-၂၀၁၂ နေ့မှစတင်၍ မကွေးတိုင်းဒေသကြီးဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန် GSMဖုန်း ဆင်းကတ်များစတင် ရောင်းချကြောင်း သိရသည်။ ၀ယ်ယူလိုသူများ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ(၁)စောင် နှင့် လိုင်စင်ဓာတ်ပုံ(၁လက်မခွဲX နှစ်လက်မ)ဆိုဒ် ကာလာပုံ(၂) ပုံ ပါသူများကို “One Stop Service” စနစ်ဖြင့် ဆောင်ရွက်ပေးသည်။ ၀ယ်ယူနိုင်သော နေရာများမှာ (က) လက်ထောက်အထွေထွေမန်နေဂျာရုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့။ (ခ) တိုင်းဒေသကြီး ဆက်သွယ်ရေးစခမ်း(စာတိုက်)၊ မြို့မဈေးကြီးအနီး၊ မကွေးမြို့။ (ဂ) ရန်ကင်းစာတိုက်၊ သုခိတာလမ်း၊ မကွေးမြို့။ (ဃ) AIS ကုမ္ပဏီရုံးခွဲ၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်၊ (စန်းရတနာ(၂) တည်းခိုခန်း အနီး)၊မကွေးမြို့။ တို့တွင် ရရှိနိုင်ကြောင်းသိရသည်။ ယင်း GSM ဆင်းကတ်များတွင် AIS ကုမ္ပဏီ အမှတ်တံဆိပ် မပါရှိသည့် ဖုန်းဆင်းကတ်များ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာလျှင် ပြန်လည်လျှောက်ထားနိုင်ခြင်း မပြုပါကြောင်း အထူးသတိပေး ကြေငြာထားကြောင်း မှတ်တမ်း ဓာတ်ပုံရိုက်၍ သတင်းရယူခဲ့သည်။ ``ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေကတော့ (၂)သိန်းလည်း မကိုင်နိုင်သေးပါဘူး၊ ၅၀၀၀ိတန်ဖုန်းကိုသာ မျှော်နေကြတာပါ။ ၅၀၀၀ိ တန်ပေါ်လာရင်တော့ အပြေးသွားပြီး ၀ယ်ကိုင်မယ်ဗျို့´ ဟု ဆက်သွယ်ရေးရုံးရှေ့မှ ဆိုက်ကားဆရာ တစ်ဦးမှ အော်၍ ပြောဆိုနေကြောင်း ကြားသိခဲ့ရပါသည်။ `ရွှေစက်တော်ဘုရားပွဲတော်မှ အမြင်မတော်သော မြင်ကွင်းများ´ မြန်မာပြည်မှာ နှစ်စဉ် လနှင့်ချီ၍ ရက်ရှည်ကျင်းပသော ပွဲတော်များထဲတွင် ရွှေစက်တော်ဘုရားပွဲတော်လည်း ပါဝင်နေပါသည်။ အညာဒေသ၊ အပူပိုင်းတွင် လူမျိုးပေါင်းစုံ လာရောက်၍ ရှစ်ခိုးပူဇော်ကြပြီး မန်းချောင်ရေကို အပန်းဖြေ အနားယူရေချိုးသော တစ်နေရာဖြစ်ပါ၏။ ထို့ကြောင့် မန်းချောင်းရေအား ကျန်းမာရေးနှင့်အညီ သန့်ရှင်းကြည်လင် အေးမြသာယာရေး၊ ဘုရားပွဲတော်ကျင်းပရာ မန်းချောင်းတစ်လျှောက်မှ ငါးလေးများကို ဘေးမဲ့ပေးရေးအတွက် အားလုံးမှာတာဝန်ရှိပါသည်။ ထိုကဲ့သို့ မဖြစ်စေရအောင် အပြုသဘောဖြင့် အမြင်မတော်သော သတင်းဓာတ်ပုံများကို ဖော်ပြလိုက်ရပါသည်။ မှတ်ချက် (မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် လုံးဝ (လုံးဝ)မရည်ရွယ်ပါ။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၈-၃-၂၀၁၂ `အများအတွက် ပရဟိတဒါနများ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၈-၃-၂၀၁၂ `အများအတွက် ပရဟိတဒါနများ´
 

0 comments: