`မကွေးမြို့မှာ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအတွက် အခမ်းအနားကျင်းပ´
`မကွေးမြို့မှာ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအတွက် အခမ်းအနားကျင်းပ´
၂၀၁၂ ခု၊ ဧပြီလ(၂၉)ရက်နံနက်(၉)နာရီတွင် မကွေးမြို့၊ ရွာသစ်/ပွဲကြိုရပ်ကွက်၊ ၁၅လမ်း၊ အမှတ်(၁၄၈) ရှိ ၈၈မျိုးဆက် ကိုမောင်မောင်စိုး အိမ်မှာ ကျင်းပကြောင်း သတင်းရရှိပါသည်။ ၈၈ မျိုးဆက်၏ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအတွက် အခမ်းအနားကို မကွေးမြို့၊ မင်းဘူးမြို့၊စကုမြို့၊ ကျောင်းတော်ရာမြို့ တို့မှ စိတ်ပါဝင်စားသူများ (၁၅)ဦးခန့်တက်ရောက်ကြောင်းသိရ၏။ ယင်းပွဲတွင် ၈၈ မျိုးဆက်မှ ပေးပို့သော သ၀ဏ်လွှာကို ၈၈ မျိုးဆက်အဖွဲ့ ဦးမောင်မောင်စိုး မှ ဖတ်ကြားသည်။ ထို့နောက် ကဗျာဆရာများသမဂ္ဂ မှ ပေးပို့သော သ၀ဏ်လွှာအား သတင်းထောက် မကွေးလှမြင့် က ဖတ်ကြားကြောင်းသိရသည်။ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး အတွက် တက်ရောက်လာသူများမှ အပြန် အလှန်ဆွေးနွေး တိုင်ပင်ကြကြောင်းသိရ၏။ အဖွဲ့ဖွဲ့စည်းခြင်းတွင် (၁၀)ဦးပါ ကော်မတီဝင်များကို (၃)လလျှင် တစ်ကြိမ် ပြန်လည်ရွေးချယ်ဖွဲ့စည်းသွားပြီး အဖွဲ့ဝင် မန်ဘာများမှာ တစ်လ(၁၀၀၀ိ)၊ (၂၀၀၀ိ)၊မှ အများဆုံး(၃၀၀၀ိ) တို့ဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သလို ထည့်ဝင်နိုင်ကြောင်း၊ အပတ်စဉ် `တနင်္ဂနွေနေ့တိုင်း´ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ ၁၅ လမ်းမှ ဦးမောင်မောင်စိုးအိမ်တွင် (တနင်္ဂနွေစကားဝိုင်း) ကို မပျက်မကွက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုစကားဝိုင်းသို့ စိတ်ဝင်စားသူတိုင်း မည်သူမဆို၊ မည်သည့်ပါတီအဖွဲ့အစည်းမှ မဆို၊ လူမျိုးဘာသာ မခွဲခြားဘဲ တက်ရောက် ဆွေးနွေးနိုင်ကြကြောင်း ဦးမောင်မောင်စိုးမှ ပြောကြားပါသည်။
၎င်း အခမ်းအနားကျင်းပပြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင်ရောက်ရှိနေသော ရှားပင်လှကျေးရွာမှ ကလေးမီးဖွားသူ မသီတာ ထံသို့သွားရောက် ကူညီကြသည်။ ယင်း မသီတာမှာ ကလေးမီးဖွားပြီး အချင်းကျန်နေ၍ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တက်ရောက်ကူသခံရသူဖြစ်ပြီး ဆေးကုသနိုင်ရန်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေသူဖြစ်ကြောင်း တယ်လီဖုန်းသတင်းဖြင့် ပါရမီရှင်သွေးလှူအဖွဲ့မှ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအဖွဲ့ထံသို့ အကူအညီတောင်းခံဆက်သွယ်ခဲ့သည်။ ထို့ကြောင့် ယနေ့ စတင်ဖွဲ့စည်းသော မကွေးမြို့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့မှ စုပေါင်းငွေကောက်ခံ၍ ငွေကျပ်(၅၀၀၀၀ိ) ငါးသောင်းကျပ်ဖြင့် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက်လှူဒါန်းကူညီပေးအပ်နိုင်ကြောင်း သတင်းရရှိခဲ့ပါသည်။
Artikel `မကွေးမြို့မှာ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအတွက် အခမ်းအနားကျင်းပ´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 1, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့မှာ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအတွက် အခမ်းအနားကျင်းပ´
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment