`၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဂမ္မီရ ပေါက်မြို့တွင် လူထွက်´
`၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဂမ္မီရ ပေါက်မြို့တွင် လူထွက်´
၂၀၁၂ ခု၊ဧပြီလ(၁၆)ရက်၊ ၁၃၇၃ ခုနှစ် သင်္ကြန်အတက်နေ့ည (၁၉)နာရီအချိန်တွင် အရှင်ဂမ္မီရ သည် မကွေးတိုင်းဒေသကြီး ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ လေသာတောင်ကျောင်းတိုက် မှာ မိမိဆန္ဒဖြင့် သိက္ခာချ၍ လူဝတ်လှဲကြောင်း သတင်းရရှိသည်။ အရှင်ဂမ္မီရ သည်(အသက်၃၃) (ဘ)ဦးမင်းလွင်ဖြစ်၍ ကိုညီညီလွင် နာမည်ဖြင့် လူ့ဘ၀သို့ကူးပြောင်းပြီး ယင်းလူဝတ်လှဲချိန်တွင် သူနှင့်အတူ အမျိုးသမီး တစ်ယောက်ပါလာကြောင်း သိရ၏။ လူဝတ်မလှဲမီ ယင်းနေ့တွင် အရှင်ဂမ္မီရသည် မ…….. (အသက် ၂၃)နှစ် (ဘ) ဦး…… ထံသို့ လက်ထပ်ခွင့်တောင်းကြောင်းသိရ၏။ မိဘများမှ သဘောမတူဟု သိရသည်။ ထို့နောက် မ……..၏ ရည်းစားနှင့်လည်း ရန်ဖြစ်ကြ၍ အရှင်ဂမ္မီရ အား အရိုက်ခံရကြောင်း၊ ၎င်း သင်္ကြန်အတက်နေ့ ည (၇)နာရီ အချိန်တွင် လူဝတ်လှဲ၍ နောက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့) ၁၇-၄-၂၀၁၂ နေ့တွင် ပေါက်မြို့မှ (၁၂၅ ဆိုင်ကယ်အနီရောင်ဖြင့်) မိထ္ထီိလာမြို့ရှိ မိဘများထံသို့ ထွက်ခွာသွားကြောင်း ပေါက်မြို့မှ တာဝန်ရှိသူ မိတ်ဆွေတစ်ဦးထံမှ တယ်လီဖုန်းဖြင့် တိကျခိုင်လုံသော သတင်းရရှိခဲ့ပါသည်။
မှတ်ချက်။ ။ တယ်လီဖုန်းဖြင့် သတင်းရရှိချိန် (ည ၉း၃၀)နာရီ ၂၀၁၂ ခု ဧပြီလ(၁၉)ရက်နေ့။
Artikel `၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဂမ္မီရ ပေါက်မြို့တွင် လူထွက်´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 1, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဂမ္မီရ ပေါက်မြို့တွင် လူထွက်´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment